Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကမ္ဘာ့ဖလားသမိုင်းတ​လျှောက် ဂိုးသွင်းဘုရင်သစ်မက်ဆီဖြစ်လာ

အာဂျင်တီးနား နဲ့ သြစတြီးယားတို့ယှဥ်ပြိုင်တဲ့ ကမ္ဘာ့ဖလား ပွဲစဥ်မှာမက်ဆီက အနိုင်ဂိုး ၂ ဂိုး စလုံးကိုသွင်းယူလိုက်တာ​ကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲ သက်တမ်းတ​လျှောက်သွင်းဂိုးစုစု​ပေါင်း ၁၈ ဂိုးနဲ့ ဂိုးသွင်းအများဆုံး စံချိန်ရှင်ဖြစ်လာပါတယ်။

ဇွန်-၂၃၊၂၀၂၆။People’s Spring

အာဂျင်တီးနား နဲ့ သြစတြီးယားတို့ယှဥ်ပြိုင်တဲ့ ကမ္ဘာ့ဖလား ပွဲစဥ်မှာမက်ဆီက အနိုင်ဂိုး ၂ ဂိုး စလုံးကိုသွင်းယူလိုက်တာ​ကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲ သက်တမ်းတ​လျှောက်သွင်းဂိုးစုစု​ပေါင်း ၁၈ ဂိုးနဲ့ ဂိုးသွင်းအများဆုံး စံချိန်ရှင်ဖြစ်လာပါတယ်။

၂၀၂၆ ကမ္ဘာ့ဖလား အုပ်စု J ရဲ့ ဒုတိယအ​ကျော့ပွဲစဥ်အဖြစ် ၂၀၂၂ ကမ္ဘာ့ဖလားချန်ပီယံ နဲ့ သြစတြီးယားတို့ ယှဥ်ပြိုင်ခဲ့တာဖြစ်ပြီး ပွဲအစ ၉ မိနစ်မှာအာဂျင်တီးနားကပင်နယ်တီ​ရပေမယ့် မက်ဆီကလွဲ​ချော်ခဲ့ပါတယ်။

ဒါ​ပေမယ့် ၃၈ မိနစ်မှာ အာဂျင်တီးနားဘယ်အစွန် ​နောက်ခံလူ မီဒီနာဖြတ်တင်​ပေးတဲ့​ဘောလုံးကို မက်ဆီကသူပုံစံအတိုင်း ဂိုးသမားညာဘက်​ထောင့်ကျဥ်းထဲ ကန်သွင်းပြီးဦး​ဆောင်ဂိုးသွင်းယူခဲ့ပါတယ် ။ဒီသွင်းဂိုး​ကြောင့် မကြာခင်ရက်ပိုင်းကမှ ၃၉ နှစ်ပြည့်ထားတဲ့ မက်ဆီဟာကမ္ဘာ့ဖလားဂိုးသွင်းစံချိန်ရှင် ဂျာမနီတိုက်စစ်မှူးကြီး ကလို​ဆေးရဲ့ ၁၆ ဂိုး စံချိန်ကို ၁ ဂိုးအသာနဲ့စတင်​ကျော်ဖြတ်ပြီး ဂိုးသွင်းဘုရင်သစ်ဖြစ်လာပါတယ် ။

Public Service Announcement

Public Service Announcement

ဒါအပြင် အချိန်ပို ၅ မိနစ် မှာ တန်ပြန်တိုက်စစ်ကတဆင့်မက်ဆီကဆွဲ​ပြေးပြီးအဲဗာရက်စ်ကိုခင်း​ပေးလိုက်​ပေမယ့် အဲဗာရက်စ်ကန်ချက်ပြိုင်ဘက်​ဂိုးသမားနဲ့ထိပြီး ပြန်ထွက်လာတဲ့​ဘောလုံးကို ပါရီဒက်စ်က မက်ဆီကိုခင်း​ပေးပါတယ်။ မက်ဆီ ပထမအကြိမ်ကန်သွင်းတာမှာသြစတြီယား​​​နောက်ခံလူ​တွေထိပြီးပြန်ထွက်လာတဲ့​ဘောလုံးကို ​နောက်တစ်ကြိမ်ဖြတ်ကန်ရင် ဒုတိယ​မြောက်အနိုင်ဂိုးကိုသွင်းယူသွားတာပါ။

ဒီသွင်းဂိုး ၂ ဂိုး​ကြောင့် ကမ္ဘာ့ဖလား ပြိုင်ပွဲသက်တမ်းတ​လျှာက် သွင်းဂိုးစုစု​ပေါင်း ၁၈ ဂိုးနဲ့ ဂိုးသွင်းဘုရင်သစ်ဖြစ်လာပါတယ်။ သူ့ရဲ့​နောက်မှာ​တော့ ၁၆ ဂိုး နဲ့ ကလို​ဆေးကဒုတိယ ၊ ၁၅ ဂိုးနဲ့ ဘရာဇီးဂန္တဝင်တိုက်စစ်မှူးကြီး ​ရော်နယ်ဒိုလ်ကတတိယဖြစ်ပါတယ် ။ဒါ့အပြင် မက်ဆီဟာ ၂၀၂၆ ကမ္ဘာ့ဖလားမှာလည်း၂ ပွဲကစားအပြီးမှာ သွင်းဂိုး ၅ နဲ့ ဂိုးသွင်းအများဆုံးအဖြစ်ရပ်တည်​နေပါတယ် ။

လက်ရှိချန်ပီယံတို့က နှစ်ဂိုးပြတ်အနိုင်ရခဲ့​ပေမယ့် သြစတြီးယားရဲ့ ဖိအား​ပေးကစားတာ ၊အမြင့်​ဘောကစားတာ​တွေ​ကြောင့် ပွဲကအကြိတ်အနယ်ရှိခဲ့ပါတယ် ။​

“အမှန်အတိုင်းပြောရရင် ဒီနိုင်ပွဲအတွက် ကျွန်တော် အရမ်းပျော်ပါတယ်။ အထူးသဖြင့် ဒါဟာ အလွန်အရေးကြီးတဲ့ နိုင်ပွဲဖြစ်ပါတယ်။ အလွန်ခက်ခက်ခဲခဲကြိုးစားခဲ့ရတဲ့ပွဲဖြစ်ပြီးထိုက်တန်တဲ့ နိုင်ပွဲလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ဒီနိုင်ပွဲက ရှေ့ဆက်ရမယ့် ခရီးအတွက် ကျွန်တော်တို့ကို စိတ်အေးချမ်းမှုတစ်ခု ပေးနိုင်ခဲ့ပါတယ်။ဒါက ကမ္ဘာ့ဖလားပြိုင်ပွဲပါ။ ပွဲက အင်အားချင်း အလွန်နီးစပ်ပြီး ပြင်းထန်မှုလည်း မြင့်မားခဲ့ပါတယ်။ ကျွန်တော်တို့ ၆ မှတ်ပြည့် ရထားပြီး နောက်တစ်ဆင့်တက်ဖို့အာမခံနိုင်ခဲ့တဲ့အတွက်အရမ်းဝမ်းသာပါတယ်။” လို့ ပွဲစဥ်အလိုက်အ​ကောင်းဆုံးကစားသမားဆုရခဲ့တဲ့ မက်ဆီက​ပြောပါတယ်။သူက ၂ ပွဲကစားပြီးချိန်မှာ ၂ ပွဲလုံးအ​ကောင်းဆုံးကစားသမားဆုရထားတာပါ။

၂ပွဲကစား၂ ပွဲနိုင်တာ​ကြောင့်လက်ရှိချန်ပီယံဟာ ၃၂ သင်းရှုံးထွက်အဆင့်တက်​ရောက်သွားပြီဖြစ်ပါတယ်။ သြစတြီးယားက​တော့ ၁ ပွဲ နိုင် ၁ ပွဲရှုံးထားတာ​ကြောင့်အုပ်စုနောက်ဆုံးပွဲမှာအယ်လ်ဂျီးရီးယားနဲ့ ပွဲစဥ်ဟာ အဆုံးအဖြတ်ဖြစ်လာပြီး အနိမ့်ဆုံး သ​ရေကန်မှ ရှုံးထွက်အဆင့်တက်ဖို့ ​မျှော်လင့်နိုင်မှာပါ ။

ကမ္ဘာ့ဖလား ပြိုင်ပွဲ ၁၂ ရက်ရှိလာချိန်မှာ ၂ ပွဲကစားပြီး ၂ ပွဲနိုင် ၆ မှတ်နဲ့ ရှုံးထွက် ၃၂ သင်းအဆင့်ကို အိမ်ရှင်အ​မေရီကန် နဲ့ မက္ကဆီကို၊ဂျာမနီ ၊အာဂျင်တီးနား တို့ ၄ သင်းတက်​ရောက်သွားပြီဖြစ်ပါတယ် ။ အုပ်စု ၁၂ စုရှိတာမှာ တတိယအ​ကောင်းဆုံး ၈ သင်းလည်းရှုံးထွက်အဆင့်တက်မှာမို့ ၄ မှတ်ရထားတဲ့အသင်း​တွေဟာ အနိမ့်ဆုံး တတိယအ​ကောင်းဆုံး အ​နေနဲ့​နောက်တစ်ဆင့်တက်ဖို့အ​ခြေအ​နေ​ကောင်း​နေပြီဖြစ်ပါတယ်။

(ဓါတ်ပုံ-FIFA ၊ESPN၊AP၊ AFP၊ Getty)

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မက်ဆီ ၅ ဂိုး ၊မက်ဘီ ၄ ဂိုး၊ဟာလန် ၄ ဂိုးစီနဲ့ ​ရွှေဖိနပ်ဆုအတွက်အပြိုင်ဖြစ်​​နေ

နိုင်ငံတကာ

စုစုပေါင်း ၉၂ နှစ်လောက် စောင့်ဆိုင်းပြီးချိန်မှာတော့ အီဂျစ် လက်ရွေးစင် ဘောလုံးအသင်းဟာ ပထမဆုံး ကမ္ဘာ့ဖလား နိုင်ပွဲတစ်ပွဲကို ပိုင်ဆိုင်ခဲ့ဖူးပြီ ဖြစ်ပါတယ်။

အတွေးအမြင်

ဘောလုံးလောက၏ အကြီးမားဆုံးပွဲတော်ကြီးတခုကို ကမ္ဘာက အာရုံစိုက်ကြည့်ရှုနေချိန်တွင် တောက်ပသော ကွင်းကြီးများ၊ ကြယ်ပွင့်ကစားသမားများ၏ အရိပ်အောက်တွင် မေ့လျော့ကျန်ရစ်နေသည့် နောက်ထပ်ကမ္ဘာတခုရှိနေသည်။

နိုင်ငံတကာ

ပါးစပ်ကို လက်နဲ့ကွယ်ပြီး စကားပြောဆိုမိလို့ အနီကတ်ပြ ထုတ်ပယ်ခံရတဲ့ ပထမဆုံး ဘောလုံးသမားအဖြစ် ပါရာဂွေး အသင်းရဲ့ မီဂွယ် အယ်လ်မီရွန်က မှတ်တမ်းဝင်သွားခဲ့ပါတယ်။