Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူကရိန်း လက်ချက်ကြောင့် ပြည်တွင်း လောင်စာ ပြတ်လပ်မှုတွေ ကြုံနေကြောင်း ပူတင် ဝန်ခံ

ယူကရိန်းရဲ့ တိုက်ခိုက်မှုတွေကြောင့် လောင်စာဆီ ပြတ်လပ်မှုတွေ ကြုံတွေ့နေကြောင်း ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ဝန်ခံခဲ့ပါတယ်။

ဓာတ်ပုံ - EPA

ယူကရိန်းရဲ့ တိုက်ခိုက်မှုတွေကြောင့် လောင်စာဆီ ပြတ်လပ်မှုတွေ ကြုံတွေ့နေကြောင်း ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ဝန်ခံခဲ့ပါတယ်။

ဇွန်လ ၂၈ ရက်နေ့မှာ ရုရှား အစိုးရ ရုံးစိုက်ရာ ကရင်မလင် နန်းတော်က ထုတ်ပြန်တဲ့ အင်တာဗျူး တစ်ခုမှာတော့ ပူတင်က ပြည်တွင်းမှာ အတိုင်းအတာ တစ်ခုထိ လောင်စာဆီ အကျပ်အတည်း ကြုံနေရကြောင်း ထည့်သွင်း ပြောဆိုထားပါတယ်။

ယူကရိန်းဟာ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း ရုရှားရဲ့ ရေနံနဲ့ စွမ်းအင်ဆိုင်ရာ အခြေခံ အဆောက်အအုံတွေကို ပိုပြီး ပစ်မှတ်ထား တိုက်ခိုက်လာပါတယ်။ ဒါဟာ ၂၀၂၂ နှစ်ဆန်းပိုင်းမှာ ကျူးကျော်စစ် စခဲ့တဲ့နောက်ပိုင်း ယူကရိန်းရဲ့ အရပ်ဖက် ဧရိယာတွေ၊ အခြေခံ အဆောက်အအုံတွေကို နေ့စဉ်လိုလို ပစ်ခတ် ဖျက်ဆီးနေတဲ့ ရုရှားရဲ့ လုပ်ရပ်တွေအတွက် မျှတတဲ့ တုံ့ပြန်မှု ဖြစ်တယ်လို့ ယူကရိန်း အစိုးရက ကြေညာထားပါတယ်။

နိုင်ငံရဲ့ အခြေခံ အဆောက်အအုံတွေ၊ ပြီးတော့ စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက် ခံရတဲ့အခါ ပြဿနာတွေ ကြုံလာရတာ အမှန်ပဲဖြစ်ကြောင်း၊ အခုဆိုရင် ရုရှားမှာ လောင်စာပြတ်လပ်မှု အတိုင်းအတာတစ်ခု ဖြစ်ပေါ်နေကြောင်း၊ သေရေးရှင်ရေး အဆင့်တော့ မဟုတ်ကြောင်း ပူတင်က ပြောကြားသွားပါတယ်။

Public Service Announcement

Public Service Announcement

အခုလောလောဆယ် ရုရှားလုပ်ဖို့လိုတာက လေကြောင်းကာကွယ်ရေး စွမ်းရည်ကို မြှင့်တင်ဖို့နဲ့ ပြည်တွင်းမှာ လောင်စာ ထုတ်လုပ်နိုင်စွမ်း ချဲ့ထွင်ဖို့ဖြစ်ကြောင်း ပူတင်က ဆိုပါတယ်။ အထူးသဖြင့် ခရိုင်းမီးယားမှာ လောင်စာဆီ ဖူလုံရေး အားထည့် လုပ်ဆောင်ဖို့လိုကြောင်း ပူတင်က မှတ်ချက်ပေးခဲ့ပါတယ်။

လက်ရှိ ယူကရိန်းစစ်ပွဲ မတိုင်ခင် ၂၀၁၄ ခုနှစ် ကတည်းက ရုရှားတပ်တွေ ကျူးကျော် သိမ်းယူထားတဲ့ ယူကရိန်းပိုင် ခရိုင်းမီးယား ကျွန်းဆွယ်ဟာ ယူကရိန်း ဒရုန်းတိုက်ခိုက်မှုတွေကြောင့် လောင်စာဆီ ပြတ်လပ်မှုတွေကို ဆိုးဆိုးရွားရွား ကြုံတွေ့နေရပါတယ်။

ပူတင်က ရုရှား-ယူကရိန်း စစ်ပွဲ ရပ်ဆိုင်းရေး ကြားဝင် ဆွေးနွေးပေးနေတဲ့ အမေရိကန် အစိုးရရဲ့ အရာရှိတွေဟာ အဲဒီကိစ္စအတွက် မော်စကိုမြို့တော်ဆီ လာရောက်ကြဖို့ မျှော်လင့်ကြောင်းလည်း ပြောပါတယ်။ အမေရိကန် အနေနဲ့ အီရန်စစ်ပွဲ ကိစ္စမှာ အရမ်းအာရုံစိုက်နေစရာ မလိုတော့တာကြောင့် ယူကရိန်း ကိစ္စကို ပိုပြီး အားထည့်လာနိုင်မယ်လို့ သူယူဆကြောင်း ပူတင်က ဆိုပါတယ်။

ယူကရိန်းဟာ မော်စကို အပါအဝင် ရုရှားပိုင်နက် အတွင်းပိုင်း ဒေသတွေထိ လက်တုံ့ပြန် တိုက်ခိုက်မှုတွေကို အရှိန်မြှင့်လာနေပြီး အဲဒီ အခြေအနေအတွက် လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုတွေကို ဖြေရှင်းဖို့ လိုလာကြောင်းလည်း ပူတင်က ဝန်ခံခဲ့ပါတယ်။

ပြဿနာတွေကို ရုရှားအစိုးရ အနေနဲ့ ကောင်းကောင်း နားလည် သဘောပေါက်ထားကြောင်း၊ နိုင်ငံနဲ့ ပြည်သူတွေရဲ့ လုံခြုံရေး အတွက်ရော၊ ရုရှားရဲ့ အချုပ်အခြာ အာဏာအတွက်ပါ လိုအပ်သလို တုံ့ပြန်မှာဖြစ်ကြောင်း ပူတင်က ပြောကြားသွားပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ရုရှားတောင်ပိုင်းမှာရှိတဲ့ ခရက်စ်နိုဒါ ဒေသမှာ ယူကရိန်းရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် ရေနံချက် စက်ရုံတစ်ခု မီးလောင်ပြီး လူတစ်ဦး သေဆုံးခဲ့ပါတယ်။

အဲဒီလို တိုက်ခိုက်မှုတွေဟာ ရုရှားအနေနဲ့ စစ်ပွဲကို ဆင်နွှဲနိုင်စွမ်း လျော့နည်းသွားအောင် ရည်ရွယ်ထားတဲ့ စစ်ဆင်ရေးတွေ ဖြစ်တယ်လို့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက မှတ်ချက်ပေးထားပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းကလည်း မော်စကို အရှေ့တောင်ပိုင်းက အကြီးစား ရေနံချက်စက်ရုံတစ်ခု ယူကရိန်းရဲ့ ဒရုန်းတွေဒဏ်ကြောင့် အကြီးအကျယ် မီးလောင်ခဲ့ပါသေးတယ်။

မကြာသေးခင်က ပြင်သစ်မှာ ကျင်းပခဲ့တဲ့ G7 ညီလာခံမှာတော့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပူတင်အနေနဲ့ ယူကရိန်းနဲ့ သဘောတူညီမှု တစ်ခုခု ရယူဖို့ အားစိုက်သင့်ပြီလို့ မှတ်ချက်ပေးခဲ့ပါသေးတယ်။ ဒါ့အပြင် ဇီလန်စကီးဟာ ရုရှားနဲ့ စစ်ပွဲကို အခြေအနေ ကောင်းကောင်းနဲ့ စီမံကိုင်တွယ်နေနိုင်တယ်လို့လည်း ထရမ့်က ပြောပါတယ်။ အရင်တုန်းကတော့ ထရမ့်က ယူကရိန်းဟာ စစ်ပွဲမှာ အသာစီးရဖို့ ဘယ်လို နိုင်ဖဲမှ ကိုင်မထားနိုင်ဘူးလို့ လူသိရှင်ကြား ဝေဖန်ခဲ့ဖူးပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ယူကရိန်းနိုင်ငံ အရှေ့ပိုင်းက မဟာဗျူဟာအရ အထူးအရေးကြီးတဲ့ မြို့တစ်မြို့နားမှာ ရုရှားတပ်တွေ စုဝေးနေတဲ့နောက် ယူကရိန်းရဲ့ ဒေသတွင်း ထိန်းချုပ်နယ်မြေတွေ လုံခြုံရေးအတွက် စိုးရိမ်စရာ ဖြစ်လာပါတယ်။

သတင်း

စစ်ပွဲကာလတလျှောက် ယူကရိန်းရဲ့ အကြီးမားဆုံး လေကြောင်း စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာရှိတဲ့ ရေနံချက် စက်ရုံကြီးတစ်ခု ထိမှန်ခဲ့သလို မြို့ထဲမှာ ရေနံစိမ်းတွေ မိုးရွာသလို ကျဆင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။