Connect with us

Hi, what are you looking for?

သတင်း

ညောင်လေးပင်ခရိုင်တွင် စစ်ကောင်စီတပ် တိုက်ခိုက်၍ အမျိုးသမီးတစ်ဦး သေဆုံး၊ ကလေးငယ် အပါအဝင်ပြည်သူ လေးဦး ဒဏ်ရာရ

မုန်းမြို့နယ်တွင်မူ စစ်ကောင်စီ၏ ဒရုန်းဖြင့်တိုက်ခိုက်မှုကြောင့် အသက် ၂၀နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦးသေဆုံးခဲ့သည်ဟု KNUက ထုတ်ပြန်သည်။

(ညောင်လေးပင်ခရိုင်တွင် စစ်ကောင်စီ၏ပစ်ခတ်မှုကြောင့် နေအိမ်တစ်လုံးပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - KNU)
(ညောင်လေးပင်ခရိုင်တွင် စစ်ကောင်စီ၏ပစ်ခတ်မှုကြောင့် နေအိမ်တစ်လုံးပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - KNU)

ဟန်နွေ/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင်(ခလယ်လွီထူခရိုင်)အတွင်း စစ်ကောင်စီကဒရုန်း၊လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့၍ အရပ်သား သေဆုံးထိခိုက်မှုများ ထပ်မံ ဖြစ်ခဲ့ကြောင်း KNU ဗဟိုက ယနေ့(နိုဝင်ဘာ ၁၄ရက်)သတင်းထုတ်ပြန်သည်။

ညောင်လေးပင်ခရိုင်အတွင်းရှိ ကျောက်ကြီး(လယ်ဒို) မြို့နယ်နှင့် မုန်း(မူး)မြို့နယ်များအတွင်းစစ်ကောင်စီတပ်မှ ပြည်သူလူထုများအား ပစ်မှတ်ထားပြီး ရည်ရွယ်ချက်ရှိရှိ ဒရုန်းဖြင့်ဗုံးကြဲခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း တို့ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ကျောက်ကြီးမြို့နယ်တွင် နိုဝင်ဘာ ၁၃ရက်နံနက်က ပိန်းဇလုပ်အခြေစိုက်ခလရ-၂၆၄ တပ်ရင်းမှ ကျောက်ကုန်း ကျေးရွာအတွင်း ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်တစ်လုံးထိမှန်ကာ (၆)လနှင့် (၈)နှစ်အရွယ်ကလေးငယ် နှစ်ဦး ဒဏ်ရာရခဲ့သည်ဟု KNUက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

နိုဝင်ဘာ၁၂ရက် ညကလည်း ခလရ-၂၆၄ တပ်ရင်းမှ ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဝမ်းချဲကျေးရွာ၊ မက်စလီကုန်း ကျေးရွာ နှင့်ကျောင်းကုန်း ကျေးရွာများသို့ ကျရောက်ပေါက်ကွဲခဲ့သည့်အပြင် ကညှင်ကြိုး ကျေးရွာ ချိန်းကြောင်း တံတားတွင် ကျရောက်ပေါက်ကွဲခဲ့သည်ဟု အသိပေးထားသည်။

မုန်းမြို့နယ်တွင်မူ စစ်ကောင်စီ၏ ဒရုန်းဖြင့်တိုက်ခိုက်မှုကြောင့် အသက် ၂၀နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦးသေဆုံးခဲ့သည်ဟု KNUက ထုတ်ပြန်သည်။

နိုဝင်ဘာ ၁၂ရက်တွင် ခမရ-၄၃၉ တပ်ရင်းမှ မျက်နီကွင်းကျေးရွာတွင်းသို့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသမီးတစ်ဦးသေဆုံးပြီး သက်ကြီးအမျိုးသမီး တစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

နိုဝင်ဘာ ၁၁ရက်ကလည်း စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကြောင့် မုန်းမြို့နယ် ထွနီကုန်းကျေးရွာမှ အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဖော်ပြသည်။

ညောင်လေးပင်ခရိုင်တွင် စစ်ကောင်စီတပ်က လက်နက်ကြီး၊ လေကြောင်း၊ ဒရုန်းများအသုံးပြုပြီး ပြည်သူနေထိုင်ရာနေရာများအား ပစ်မှတ်ထား တိုက်ခိုက်၍ အရပ်သားသေဆုံးထိခိုက်မှုများ မကြာခဏ ဖြစ်ပွားလျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook