Connect with us

Hi, what are you looking for?

ဗီဒီယို

မြန်မာ-တရုတ်နယ်စပ်တွင် မြန်မာဘက်တိုးကာ​သော သံဆူးကြိုးများကို ​ဒေသခံပြည်သူများဖယ်ရှား

မြန်မာနှင့်တရုတ် ယခင်ကနှစ်နိုင်ငံသဘောတူညီချက်ဖြင့် အခိုင်အမာခတ်ထားသည့် ခြံစည်းရိုး ၏အပြင်ဘက် မြန်မာဘက်ခြမ်းတွင် နောက်ထပ် ခြံစည်းရိုးခတ်ရန် တရုတ်က ကြိုးပမ်းလာခြင်းဖြစ်သည်။

မူဆယ်မြိုနယ် ပန်ခမ်းကျေးရွာတွင် မြန်မာ-တရုတ်နယ်စပ် မူလခြံစည်းရိုးထက် မြန်မာပိုင်နက်သို့ တိုး၍ ကာရံထားသည့် သံဆူးကြိုးများကိုမြန်မာနိုင်ငံမှ​​​ဒေသခံပြည်သူများက ဖယ်ရှားလိုက်သည်။
တရုတ်အရာရှိများက ပန်ခမ်းကျေးရွာဘက်ခြမ်းသို့ သံဆူးကြိုးများ အလိပ်လိုက်လာရောက်ကာယံထား၍ ဒေသခံများက ယနေ့(အောက်တိုဘာ ၂၆) တွင် ဖယ်ရှားလိုက်ခြင်းဖြစ်သည်။

“ပွဲလန့်တုန်းဖျာခင်းကြတယ်ပေါ့။ ရိုးရိုးခင်းပါ ကိုသုံးလေးရုတ်ရယ် (တရုတ်မကတော့ဘူး)။မုဆိုးမ အမေနဲ့နေတုန်းကမှလူမစော်ကားရဲဘူး။ ခုတော့ အပြင်လူမပြောနဲ့ ပထွေးဘယ်အချိန်ထယုတ်မာမလဲ ဆိုတဲ့ရန်ကပိုဆိုးနေတယ်”ဟု တရုတ်က ခြံစည်းရိုး တိုးကာ၍ ဒေါသဖြစ်နေသည့် ဒေသခံတစ်ဦးက လူမှုကွန်ရက်တွင် ရေးသားထားသည်။

မြန်မာနှင့်တရုတ် ယခင်ကနှစ်နိုင်ငံသဘောတူညီချက်ဖြင့် အခိုင်အမာခတ်ထားသည့် ခြံစည်းရိုး ၏အပြင်ဘက် မြန်မာဘက်ခြမ်းတွင် နောက်ထပ် ခြံစည်းရိုးခတ်ရန် တရုတ်က ကြိုးပမ်းလာခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်ကောင်စီက နိုင်ငံတော်အာဏာကိုသိမ်းယူပြီးနောက်တရုတ်သည် မူဆယ်အပြင် လွယ်ဂျယ်၊ ချင်းရွှေဟော်နှင့်လောက်ကိုင်မြို့တို့မှ မြန်မာနှင့် နယ်စပ်နေရာအချို့၌ ယခုကဲ့ သို့ ခြံစည်းရိုးတိုးကာရန် ပိုမိုလုပ်ဆောင်နေသည်ဟု ဒေသခံများကပြောသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကတ်ထုတ်​ပေးတဲ့ ထိုင်းအရာရှိအချို့ပါဖမ်းဆီးခံရ

သတင်း

ထိုင်း-မြန်မာ နယ်စပ် အခြေစိုက်အွန်လိုင်ငွေလိမ်လုပ်ငန်း ကျားဖြန့်ဂိုဏ်းတွေဟာ မြန်မာပိုင်နက် အတွင်းပိုင်းကို စတင် ရွှေ့ပြောင်းနေပြီလို့ ထိုင်းစစ်တပ်က ပြောပါတယ်။

သတင်း

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ လိုင်စင်မဲ့ ဖွင့်လှစ်ထားတဲ့ အရက်ဆိုင် တစ်ခုကို စီးနင်းရှာဖွေခဲ့ပြီး ဆယ်ကျော်သက် လူငယ်တစ်ဦး အပါအဝင် မြန်မာ ၁၁ ဦးကို ဖမ်းမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ကြေညာပါတယ်။

ရသစာတမ်းငယ်

ကျုပ်နာမည် အုတ်ခုံ။ အပြည့်အစုံလား။ လမ်းဘေးအုတ်ခုံတဲ့။ ဂုဏ်တင်ပြီးခေါ်ရင်တော့ လမ်းဘေးထိုင်ခုံပေါ့ဗျာ။ ကျုပ် ဒီရောက်နေတာလား ဆယ်နှစ်လောက်ပေါ့။ ဒီလောက်ပဲရှိပါသေးတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်က ဒီနားမှာ မြောင်းတွေဖေါ်မှ ကျုပ်ရောက်