Connect with us

Hi, what are you looking for?

သတင်း

ပြည်သူများလေကြောင်းတိုက်ခိုက်မှုကြောင့် အလိုရှိစာရင်းပါဝင်သော လေတပ်ဗိုလ်ကြီး ကြည်ဖေလင်းအား PLA ပစ်ခတ်ရှင်းလင်း

တောင်သာမြို့နယ်က ဓာတ်ငွေ့ပိုက်လိုင်းစက်ရုံအနီး စစ်ကောင်စီတပ်​၏ လုံခြုံရေးကင်းဘူခန်းရှိပြီး အဲဒီကင်းစခန်း၌ တာဝန်ကျနေသည့်လေတပ်ဗိုလ်ကြီးနှင့် ဒုအရာခံဗိုလ်တို့ ဖြစ်သည်။

(လေတပ်ဗိုလ်ကြီး ကြည်ဖေလင်းထံမှ သိမ်းရသော လက်နက်လဲယမ်းများ ။ ဓာတ်ပုံ - PLA)
(လေတပ်ဗိုလ်ကြီး ကြည်ဖေလင်းထံမှ သိမ်းရသော လက်နက်လဲယမ်းများ ။ ဓာတ်ပုံ - PLA)

ဒီးဒီ၊မေ/People’s Spring

ပြည်သူများအား လေကြောင်းမှဗုံးကြဲတိုက်ခိုက်နေ၍ အလိုရှိစာရင်းတွင်ပါဝင်သော စစ်ကောင်စီလေတပ်မှ ဗိုလ်ကြီး ကြည်ဖေလင်းအား မန္တလေးတိုင်း၊ တောင်သာမြို့နယ်တွင် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLAက အသိပေးထုတ်ပြန်သည်။

တောင်သာမြို့နယ် အေးရွာတွင် လက်ဖက်ရည်ထိုင်သောက်နေသည့် လေတပ်မှ ဗိုလ်ကြီး ကြည်ဖေလင်းနှင့် ၎င်း၏ တပည့်ဖြစ်သူ တို့အား ဒီဇင်ဘာ ၂၉ရက် နံနက် ၇နာရီကျော်တွင် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA၏ အမှတ် ၈၁၅ တပ်ဖွဲ့ (အနောက်မြောက်စစ်ဒေသ)က ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဟု အသိပေးထားသည်။

တောင်သာမြို့နယ်က ဓာတ်ငွေ့ပိုက်လိုင်းစက်ရုံအနီး စစ်ကောင်စီတပ်​၏ လုံခြုံရေးကင်းဘူခန်းရှိပြီး အဲဒီကင်းစခန်း၌ တာဝန်ကျနေသည့်လေတပ်ဗိုလ်ကြီးနှင့် ဒုအရာခံဗိုလ်တို့ ဖြစ်သည်။

Public Service Announcement

Public Service Announcement

” လေတပ်ကဗိုလ်ကြီးပါ။ အနောက်မြောက်စစ်ဒေသအဖွဲ့က ရှင်းလင်းခဲ့တာပါ”ဟု ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

လေတပ်ဗိုလ်ကြီး ကိုင်ဆောင်သည့် MA5 MK1 သေနတ်အား သိမ်းဆည်းရရှိခဲ့ကြောင်းလည်း အသိပေးထားသည်။

ပြည်သူလူထုအား လေကြောင်းမှ ဗုံးကြဲသတ်ဖြတ်နေရာတွင် အဓိက ထိန်းကြောင်းကွပ်ကဲနေသည့် စစ်ကောင်စီလက်အောက်ခံ လေတပ်အရာရှိများ၏ နေရပ်လိပ်စာများနှင့် အလိုရှိစာရင်းအား Operation Spitfireက ထုတ်ပြန်ထားရာ အခုအသတ်ခံရသည့် ဗိုလ်ကြီး ကြည်ဖေလင်းပါဝင်သည်။

ထိုစာရင်းတွင် လေတပ်ကို အဓိက ကွပ်ကဲ့နေသည့် ဗိုလ်ချုပ်အဆင့်မှစ၍ ဗိုလ်ကြီးအဆင့် အထိ ပါဝင်သည်။

၎င်းတို့သည် စစ်ရာဇဝတ်မူကျူးလွန်သူများဖြစ်ပြီး ၎င်းတို့၏ မိသားစုနှင့် ဆွေမျိုးများစာရင်းပါ ရရှိထားသောကြောင့် ပြည်သူဘက်မျက်နှာမူရန်လည်း Operation Spitfire က တိုက်တွန်းထားသည်။

စစ်​ကောင်စီတပ်က​ မြေပြင်တိုက်ပွဲများတွင်အထိနာပါက တိုက်​လေယာဥ်များ၊ရဟတ်ယာဥ်များဖြင့် ပြည်သူများကိုပါမ​ရှောင် ဗုံးကြဲခြင်း၊ပစ်ခတ်တိုက်ခိုက်ခြင်းများကို နိုင်ငံတစ်ဝန်းပြုလုပ်​နေသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းမိုးမိတ်မြို့အနီးမှာ ဒီနေ့ တိုက်ပွဲဆက်ဖြစ်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲပြီး လက်နက်ကြီးတွေ ပစ်ခတ်နေပါတယ်။

Facebook