Connect with us

Hi, what are you looking for?

သတင်း

စဉ့်ကူးမြို့နယ် လေကြောင်းတိုက်ခိုက်ခံရမှု အမျိုးသားတစ်ဦး သေဆုံး၊ သုံးဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်က‌ ကျေးရွာတွေကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာမို့ ထုံးကြီး ကျေးရွာက အမျိုးသားတစ်ဦး သေဆုံးပြီး သုံးဦးထိခိုက်ဒဏ်ရာတွေရခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင်ပကဖသတင်းတာဝန်ခံက ပြောပါတယ်။

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူလူထုနေအိမ်များ မီးလောင်ပျက်စီးမှုနဲ့ ဒဏ်ရာရ ပြည်သူတစ်ဦးကို တွေ့ရစဥ်။ ဓာတ်ပုံ - CJ

မေ ၅၊ ၂၀၂၅။ People’s Spring

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်က‌ ကျေးရွာတွေကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာမို့ ထုံးကြီး ကျေးရွာက အမျိုးသားတစ်ဦး သေဆုံးပြီး သုံးဦးထိခိုက်ဒဏ်ရာတွေရခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင်ပကဖသတင်းတာဝန်ခံက ပြောပါတယ်။

မေလ ၃ရက် ည ၈နာရီဝန်းကျင်မှာ လက်ပန်လှကျေးရွာအတွင်းက ပြည်စိုးအောင်ရပ်ကွက်ကို တစ်ကြိမ်၊ ငြိမ်းချမ်းအောင် ရပ်ကွက်ကို နှစ်ကြိမ်နဲ့ လက်ပန်လှတံတားအနီးကို တစ်ကြိမ် စုစု‌ပေါင်း လေကြောင်းတိုက်ခိုက်မှု လေးကြိမ်ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

လက်ပန်လှကျေးရွာလေကြောင်းတိုက်ခံရမှုမှာ အမျိုးသမီးတစ်ဦးထိခိုက်ဒဏ်ရာရခဲ့ပြီး နေအိမ် လေးလုံးထိခိုက်ပျက်စီးခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင်ပကဖသတင်းတာဝန်ခံက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီနောက် ည ၁၂နာရီဝန်းကျင်မှာ ထုံးကြီးကျေးရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အသက်၃၀ အရွယ်အမျိုးသားတစ်ဦး သေဆုံးပြီး နောက်ထပ် အမျိုးသား သုံးဦးထိခိုက်ဒဏ်ရာတွေရခဲ့တာလို့ သိရပါတယ်။ ဒါ့အပြင် နေအိမ် ၅လုံးလည်း မီးလောင်ပျက်စီးခဲ့ပါတယ်။

“ဖိုက်တာနဲ့လာကြဲတာ။ လက်ပန်လှကိုတော့ တစ်ခါချတစ်လုံးချတယ်။ ထုံးကြီးကို ဗုံးသီး နှစ်လုံးတပြိုင်ထဲချသွားတယ်။ ဘာတိုက်ပွဲမှမရှိပါဘူး”လို့ ပြင်ဦးလွင်ခရိုင်ပကဖ သတင်းတာဝန်ခံက ပြောပါတယ်။

မေလ ၃ရက် ညနေပိုင်းကပဲ မတ္တရာမြို့နယ်အနောက်ခြမ်းက ရွာတန်းကျေးရွာကို စစ်တပ်က ဒီနေ့ လေကြောင်းတိုက်ခိုက်ခဲ့တာမို့ လူငယ်အမျိုးသမီးတစ်ဦး သေဆုံးပြီး အရပ်သားပြည်သူ လေးဦးထိခိုက်ဒဏ်ရာရခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ညောင်ပင်ကြီးတောရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကိုယ်ဝန်သည်မိခင်အပါအဝင် အမျိုးသမီး ၃ဦး သေဆုံးကာ ဒဏ်ရာရသူ အများအပြားရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF) ဇိုဖေ ဌာနချုပ်ကို စစ်တပ်က လေယာဉ်နဲ့ အပြင်းအထန် ဗုံးကြဲခဲ့သလို တိုက်ခိုက်မှုမျိုး အာဏာသိမ်းစစ်တပ်က ထပ်မံ လုပ်ဆောင်လာနိုင်တာကို တွက်ဆထားပြီးဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် အရှေ့မြောက်ခြမ်းကို စစ်တပ်က လေယာဉ် ၇စီးနဲ့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ရဲဘော် ၁ ဦး ကျဆုံးကာ အမျိုးသမီး ရဲဘော်တွေအပါအဝင် ၅ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၁ဦးသေဆုံးကာ ၇ ဦး ဒဏ်ရာရခဲ့ပါတယ်။