Connect with us

Hi, what are you looking for?

သတင်း

စဉ့်ကူးမြို့နယ် လေကြောင်းတိုက်ခိုက်ခံရမှု အမျိုးသားတစ်ဦး သေဆုံး၊ သုံးဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်က‌ ကျေးရွာတွေကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာမို့ ထုံးကြီး ကျေးရွာက အမျိုးသားတစ်ဦး သေဆုံးပြီး သုံးဦးထိခိုက်ဒဏ်ရာတွေရခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင်ပကဖသတင်းတာဝန်ခံက ပြောပါတယ်။

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူလူထုနေအိမ်များ မီးလောင်ပျက်စီးမှုနဲ့ ဒဏ်ရာရ ပြည်သူတစ်ဦးကို တွေ့ရစဥ်။ ဓာတ်ပုံ - CJ

မေ ၅၊ ၂၀၂၅။ People’s Spring

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်က‌ ကျေးရွာတွေကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာမို့ ထုံးကြီး ကျေးရွာက အမျိုးသားတစ်ဦး သေဆုံးပြီး သုံးဦးထိခိုက်ဒဏ်ရာတွေရခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင်ပကဖသတင်းတာဝန်ခံက ပြောပါတယ်။

မေလ ၃ရက် ည ၈နာရီဝန်းကျင်မှာ လက်ပန်လှကျေးရွာအတွင်းက ပြည်စိုးအောင်ရပ်ကွက်ကို တစ်ကြိမ်၊ ငြိမ်းချမ်းအောင် ရပ်ကွက်ကို နှစ်ကြိမ်နဲ့ လက်ပန်လှတံတားအနီးကို တစ်ကြိမ် စုစု‌ပေါင်း လေကြောင်းတိုက်ခိုက်မှု လေးကြိမ်ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

လက်ပန်လှကျေးရွာလေကြောင်းတိုက်ခံရမှုမှာ အမျိုးသမီးတစ်ဦးထိခိုက်ဒဏ်ရာရခဲ့ပြီး နေအိမ် လေးလုံးထိခိုက်ပျက်စီးခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင်ပကဖသတင်းတာဝန်ခံက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီနောက် ည ၁၂နာရီဝန်းကျင်မှာ ထုံးကြီးကျေးရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အသက်၃၀ အရွယ်အမျိုးသားတစ်ဦး သေဆုံးပြီး နောက်ထပ် အမျိုးသား သုံးဦးထိခိုက်ဒဏ်ရာတွေရခဲ့တာလို့ သိရပါတယ်။ ဒါ့အပြင် နေအိမ် ၅လုံးလည်း မီးလောင်ပျက်စီးခဲ့ပါတယ်။

“ဖိုက်တာနဲ့လာကြဲတာ။ လက်ပန်လှကိုတော့ တစ်ခါချတစ်လုံးချတယ်။ ထုံးကြီးကို ဗုံးသီး နှစ်လုံးတပြိုင်ထဲချသွားတယ်။ ဘာတိုက်ပွဲမှမရှိပါဘူး”လို့ ပြင်ဦးလွင်ခရိုင်ပကဖ သတင်းတာဝန်ခံက ပြောပါတယ်။

မေလ ၃ရက် ညနေပိုင်းကပဲ မတ္တရာမြို့နယ်အနောက်ခြမ်းက ရွာတန်းကျေးရွာကို စစ်တပ်က ဒီနေ့ လေကြောင်းတိုက်ခိုက်ခဲ့တာမို့ လူငယ်အမျိုးသမီးတစ်ဦး သေဆုံးပြီး အရပ်သားပြည်သူ လေးဦးထိခိုက်ဒဏ်ရာရခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ရှိ စစ်ရှောင် စခန်းတစ်ခုကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူနှစ်ဦးသေဆုံးကာ ကလေးငယ်များအပါအဝင် ၉ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြင်ဦးလွင်ခရိုင် ပြည်သူကာကွယ်ရေးအဖွဲ့(ပကဖ)က သတင်းထုတ်ပြန်သည်။

သတင်း

(စစ်တပ်၏ အ​မြောက်တပ် တပ်ဖွဲ့ဝင်အချို့/ပုံအ​ဟောင်းဖြစ်ပါသည်။ ဓါတ်ပုံ-မြဝတီ)

သတင်း

ငလျင်ဒဏ်သင့်ပြည်သူများအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများထိရောက်စွာပေးနိုင်ရန် အပစ်ရပ်ထားသည်ကို စစ်ကောင်စီက အခွင့်ကောင်းယူပြီး အပြစ်မဲ့ပြည်သူများအား လေကြောင်းမှဗုံးကြဲတိုက်ခိုက်နေရာ ရခိုင်ပြည်နယ်တွင် နှစ်ရက်အတွင်း ပြည်သူ ၁၄ဦးသေဆုံးပြီး ၂၃ဦးဒဏ်ရာရခဲ့ကြောင်း အာရက္ခတပ်တော်(AA)က ယနေ့(မေလ ၁၄ရက်) ညပိုင်းတွင် သတင်းထုတ်ပြန်သည်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ညောင်လေးပင်ခရိုင်၊ မုန်း(မူး)မြို့နယ်တွင် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်၍ သက်ကြီးရွယ်အို နှစ်ဦး သေဆုံးခဲ့ရကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။