Connect with us

Hi, what are you looking for?

သတင်း

သပိတ်ကျင်းမြို့နယ်မှာတိုက်ပွဲ​တွေပြင်းထန်​နေ

သပိတ်ကျင်းမြို့ အဝင် ဆိုင်းဘုတ်ကို​တွေ့ရစဥ်။ ဓါတ်ပုံ-CJ

ဩဂုတ်၃၀၊၂၀၂၅။မေ/People’s Spring

မန္တလေးတိုင်း၊သပိတ်ကျင်းမြို့နယ်မှာတိုက်ပွဲတွေ ဆက်လက်ပြင်းထန် နေလို့ တော်လှန်ရေးတပ်ဖွဲ့ဝင် တချို့က​ပြောတယ်။

သပိတ်ကျင်းမြို့ကိုစစ်တပ်ကပြန်လည်ထိန်းချုပ်နိုင်ပြီးတဲ့ နောက် တော်လှန်ရေးတပ်တွေကလည်းပြန် ထိုးစစ်နေတာဖြစ်ပါတယ် ။ ၇မိုင်၊၄မိုင်၊တပ်မတော်တန်းမြင့်လေ့ကျင့်ရေးတပ်(တကက-၁၃) ၊တွင်းငယ်စတဲ့နေရာ တွေမှာ တိုက်ပွဲ တွေ ဆက်တိုက်ဖြစ် နေတာလို့သိရပါတယ်။

“နေ့တိုင်းတိုက်ပွဲဖြစ်တယ်ဗျ။စကစက မြို့ကိုပြန်ရပြီး ကတည်းက ဘန်ကာတွေအခိုင်အမာ ဆောက်ထားတယ်။မြို့ကိုသိမ်းတုန်းကထက်တောင် ပိုခက်သွားတယ်”လို့ တော်လှန်‌ေရးတပ်ဖွဲ့ဝင်တဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်ဘက်က ရဟတ်ယာဉ် နဲ့ ထောက်ပို့လုပ်နေပြီး စစ်ကူအင်အားအများအပြားပို့ထားတယ်လို့လည်းသိရပါတယ်။တော်လှန်ရေးတပ်တွေဘက်ကလည်း ​ဒေသကို ပြန်လည်သိမ်းပိုက်ထိန်းချုပ်ဖို့ကြိုးစား နေပြီး ဆက်တိုက် တိုက်ပွဲဖော်တာ တွေလုပ် နေတယ်လို့ သိရပါတယ်။

သပိတ်ကျင်းမြို့ကို ၂၀၂၄ခုနှစ်၊ဩဂုတ်လ၂၅ ရက်နေ့က တော်လှန်ရေးတပ်တွေ သိမ်းယူနိုင်ခဲ့ပြီး တနှစ်နီးပါးအကြာဇူလိုင်လ၂၂ ရက် နေ့ မှာ ပြန်လည်လက်လွှတ်ခဲ့ရတာပါ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ထီးချိုင့်- အင်းတော်လမ်းပိုင်းကို စစ်တပ်ထိုးစစ်ဆင်နေပြီး ထီးချိုင့်မြို့တွင်းကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)ကနေ ကား ၁၁စီးနဲ့ အင်အားတွေပို့ထားတယ်လို့ တော်လှန်ရေးသတင်းအရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်တွေက စစ်တပ်ရဲ့ စခန်းငယ်တခုကို AAထပ်မံသိမ်းပိုက်

သတင်း

ပွင့်လင်းကာလဖြစ်တဲ့ မိုးအကုန်ဆောင်းအစမှာ ရက္ခိုင်ကို ဦးတည်တဲ့စစ်တပ်ထိုးစစ်ဟာ လက်ရှိထက် ပိုများတဲ့ အင်အားတွေနဲ့ ထိုးစစ်ကြီးတပြိုင်တည်း ပြုလုပ်လာနိုင်လို့တိုက်ပွဲတွေ ပြင်းထန်လာနိုင်ကြောင်း အာရက္ခတပ်တော်(AA) ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က ပြောကြားပါတယ်။

သတင်း

မန္တလေးတိုင်း၊သပိတ်ကျင်းမြို့နယ်၊တွင်းငယ်ရွာမှာ စစ်တပ်ကစစ်မှုထမ်းသင်တန်းကျောင်း ဖွင့်ဖို့ပြင်ဆင်နေပြီး လူငယ် တွေကို ပေါ်တာဆွဲဖမ်းဆီးမှုတွေပိုလုပ်နေတယ်လို့ ဒေသခံနဲ့စစ်ရေးသတင်းအရင်းမြစ်တချို့ကပြောပါတယ်။

Facebook