Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဖိလစ်ပိုင် မြောက်ပိုင်းကို စူပါတိုင်ဖွန်း ရာဂါဆာ ဦးတည်နေ၊ အခုနှစ်မှာ အားအပြင်းဆုံး မုန်တိုင်းဖြစ်လာ

စူပါ တိုင်ဖွန်းမုန်တိုင်းကြီး ချဉ်းကပ်လာမှုကြောင့် ဖိလစ်ပိုင်မှာ လူပေါင်း သောင်းဂဏန်းလောက် အရေးပေါ် ကြိုတင် ပြောင်းရွှေ့ထားရကြောင်း သိရပါတယ်။

ဓာတ်ပုံ - Getty Images

စူပါ တိုင်ဖွန်းမုန်တိုင်းကြီး ချဉ်းကပ်လာမှုကြောင့် ဖိလစ်ပိုင်မှာ လူပေါင်း သောင်းဂဏန်းလောက် အရေးပေါ် ကြိုတင် ပြောင်းရွှေ့ထားရကြောင်း သိရပါတယ်။

ရာဂါဆာ မုန်တိုင်းရဲ့ လေတိုက်နှုန်းဟာ တစ်နာရီကို ၂၆၇ ကီလိုမီတာ လောက်ထိ အားကောင်းနေပြီး စူပါတိုင်ဖွန်း အဆင့်မျိုးအထိ ရောက်ရှိနေတယ်လို့ ဆိုပါတယ်။ အာဏာပိုင်တွေက မုန်တိုင်းဖြတ်သန်း ဝင်ရောက်မယ့် လမ်းကြောင်းတလျှောက်မှာ ကြီးမားတဲ့ ထိခိုက်ပျက်စီးမှုတွေ ကြုံတွေ့နိုင်ခြေ ရှိနေတယ်လို့ သတိပေးထားပါတယ်။

ရာဂါဆာဟာ အခုနှစ်ထဲမှာ တိုင်းတာရရှိဖူးသမျှ အားအကောင်းဆုံး မုန်တိုင်းလည်း ဖြစ်လာခဲ့ပါတယ်။ အဲဒီ မုန်တိုင်းဟာ ဖိလစ်ပိုင် မြောက်ပိုင်းက လူနေသိပ်သည်းမှု ကျဲပါးတဲ့ ကျွန်းစုတွေကို စက်တင်ဘာ ၂၂ ရက်နေ့မှာ ဖြတ်သန်းပြီး တရုတ်နိုင်ငံ တောင်ပိုင်းဖက်ကို ဆက်လက် ရွေ့လျားလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။

ရာဂါဆာ လူ့အသက်အိုးအိမ်တွေကို အမှန်တကယ် ခြိမ်းခြောက်နိုင်တဲ့ မုန်တိုင်းမျိုးလို့ မိုးလေဝသ ပညာရှင်တွေက သတိပေးထားပြီး ကမ်းရိုးတန်းတွေမှာ ၁၀ ပေလောက်မြင့်တဲ့ မုန်တိုင်းဒီလှိုင်းတွေ ရိုက်ခတ်နိုင်တယ်လို့ ပြောပါတယ်။ ဖိလစ်ပိုင်ရဲ့ ပင်မ နယ်မြေတွေကို တိုက်ရိုက် မဖြတ်သန်းတဲ့တိုင် ရာဂါဆာရဲ့ ပြင်းအားနဲ့ သက်ရောက်မှုကို နိုင်ငံအဝန်း ထိခိုက်ခံစားရဖွယ် ရှိနေပါတယ်။

Public Service Announcement

Public Service Announcement

မြို့တော် မနီလာ အပါအဝင် နိုင်ငံရဲ့ အစိတ်အပိုင်း အများစုမှာ ကျောင်းတွေ၊ အစိုးရရုံးတွေကို စက်တင်ဘာ ၂၂ ရက်နေ့အတွက် ပိတ်ထားပြီး ဘက်တာနက်စ်နဲ့ ဘာဘူယန် ကျွန်းတွေမှာတော့ ဒေသခံ ၂၀၀၀၀ လောက်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးထားပါတယ်။ အဲဒီ ကျွန်းတွေဟာ မုန်တိုင်း ဖြတ်သန်းမယ်လို့ ခန့်မှန်းထားရဲ့ လမ်းကြောင်းပေါ်မှာ ရှိနေကြတာပါ။

အဲဒီကျွန်းတွေနဲ့ မိုင်ပေါင်း ၄၆၀ လောက် အကွာမှာရှိတဲ့ ထိုင်ဝမ်မှာလည်း ဟွာလီယန်မြို့က လူပေါင်း ၃၀၀ လောက်ကို ဘေးလွတ်ရာဆီ ရွှေ့ပြောင်းပေးထားရပါတယ်။ ဟောင်ကောင်မှာတော့ နိုင်ငံတကာ လေဆိပ်ကို ၃၆ နာရီကြာ ပိတ်ထားမယ်လို့ ကြေညာခဲ့ပါတယ်။

စူပါတိုင်ဖွန်း ဆိုတာဟာ Category 5အဆင့် ဟာရီကိန်း မုန်တိုင်းကြီးနဲ့ ပြင်းအားတူညီပါတယ်။ လောလောဆယ်မှာတော့ ဖိလစ်ပိုင်ရော၊ တရုတ်မှာပါ မုန်တိုင်းကြောင့် မိုးသည်းသည်းထန်ထန် ရွာသွန်းပြီး ရေကြီးမှု၊ မြေပြိုမှု အန္တရာယ် သတိပေးချက်တွေကို ထုတ်ပြန်ထားပါတယ်။ တရုတ်ရဲ့ ဂွမ်ဒုံးပြည်နယ်ထဲမှာတော့ စက်တင်ဘာ ၂၃ ရက် မနက်ပိုင်းထိ လေပြင်းတိုက်ခတ်မှု၊ မိုးသည်းသည်းထန်ထန် ရွာသွန်းမှုတွေ ကြုံရနိုင်ကြောင်း မိုးလေဝသ ဌာနက ခန့်မှန်း သတိပေးထားပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တောင်တရုတ် ပင်လယ်ထဲက ပိုင်နက် အငြင်းပွားရာ ရေပြင်မှာ ဖိလစ်ပိုင်ရဲ့ ဌာနဆိုင်ရာ ရေယာဉ်ကို တရုတ် ကမ်းခြေစောင့်တပ် ရေယာဉ် က ဝင်တိုက်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းက စာသင်ကျောင်း တစ်ခုမှာ ပစ်ခတ်မှု ဖြစ်ပွားပြီး လူ ၂ ဦးထက်မနည်း သေဆုံးသွားကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဖိလစ်ပိုင်မှာ အကျဉ်းချ ခံနေရတဲ့ လူသတ်သမား၊ မူးယစ်ရာဇာ တစ်ဦးဟာ ဒရုန်းမှာ တွဲလောင်းခိုစီးပြီး ထောင်ဖောက် ထွက်ပြေးဖို့ ကြံစည်ထားပေမယ့် အစမ်းလေ့ကျင့်မှု ဗီဒီယို ပေါက်ကြားသွားလို့ အစီအစဉ် ပျက်ပြယ်သွားခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဖိလစ်ပိုင် နိုင်ငံမှာ အပြင်းအထန် မီးလောင်ခဲ့တဲ့ ကူးတို့ရေယာဉ်ပေါ်ကို နာရီပေါင်း ၄၀ လောက် ကြာပြီးမှသာ ကယ်ဆယ်ရေး အဖွဲ့တွေ တက်ရောက်နိုင်ခဲ့ပါတယ်။

Facebook