Connect with us

Hi, what are you looking for?

ဗီဒီယို

​ကျေးလက်​နေပြည်သူ​တွေ မလုံခြုံမှုပိုခံစားလာရ

ဒီကနေ့ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာနဲ့ပတ်သက်ပြီး KHRG အဖွဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်တဲ့ စောလင်းထက်ကို ဆက်သွယ်မေးမြန်းထားပါတယ်။

စစ်တပ်ရဲ့ရက်စက်ကြမ်းကြုတ်မှုများနဲ့ ပြည်သူတွေရဲ့ ခုခံတွန်းလှန်မှု ခေါင်းစဉ်နဲ့ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က အစီရင်ခံစာတစ်စောင်ကို ဒီကနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

ဒီအစီရင်ခံစာမှာ စစ်ကောင်စီက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ထိုးစစ်ဆင်ရာမှာ အရပ်သားတွေကိုပါ အဓိကပစ်မှတ်တစ်ခုအဖြစ် တိုက်ခိုက်လာတဲ့အတွက် ကျေးလက်ဒေသရှိ တိုင်းရင်းသားဒေသခံတွေအတွက် မလုံခြုံမှုတွေ ပိုမိုခံစားလာခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ ရက်စက်တဲ့အကြမ်းဖက်မှုတွေ ပိုမိုပြင်းထန်လာတာကြောင့် မြန်မာပြည်အရှေ့တောင်ပိုင်းမှာ စစ်ဘေးရှောင်တွေ ပိုမိုများပြားလာခဲ့ပြီး စစ်အာဏာသိမ်းပြီးကတည်းကနေ ဇွန်လ ၂၃ ရက်နေ့အထိ ကရင်ပြည်နယ်မှာရှိတဲ့ ဒေသခံပြည်သူ ၅၀၀၀၀ အပါအဝင် မြန်မာပြည်အရှေ့တောင်ပိုင်းမှာ ဒေသခံ ၁၇၇၀၀၀ နီးပါး နေရပ်စွန့်ခွာ ထွက်ပြေးနေခဲ့ကြရပါတယ်။

ဒီကနေ့ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာနဲ့ပတ်သက်ပြီး KHRG အဖွဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်တဲ့ စောလင်းထက်ကို ဆက်သွယ်မေးမြန်းထားပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကုလသမဂ္ဂဟာ သမိုင်းတလျှောက် မြန်မာပြည်သူများအတွက် ထိရောက်သောအရေးယူဆောင် ရွက်မှုများ လုပ်ဆောင်ရန် ပျက်ကွက်ခဲ့ကြောင်း ကရင်လူ့အခွင့်အရးအဖွဲ့(KHRG)ရဲ့ အစီရင်ခံစာမှာဖော်ပြထားပြီး ဒါကို ပြုပြင်တည့်မတ်ရေးအတွက် အရပ်ဘက်လူမှု အဖွဲ့အစည်းများ၊ မြန်မာပြည်သူလူထုတစ်ရပ်လုံးနဲ့ ပိုမိုနက်ရှိုင်းပြီး တန်းတူညီမျှသော ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ရာဇဝတ်မှု ကျူးလွန်ခြင်းတွေကြောင့် ကရင်ပြည်နယ်အတွင်း အစုလိုက်၊အပြုံလိုက် နေရပ်စွန့်ခွာရတာ ပိုများလာကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က ထုတ်ပြန်ပါတယ်။

သတင်း

အရှေ့တောင်ပိုင်းဒေသတွေမှာ ကရင်ပြည်နယ် ၊ကယားပြည်နယ်၊မွန်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်းအရှေ့ခြမ်း၊ ရှမ်းပြည်နယ်အရှေ့ပိုင်း တို့ပါဝင်ကြပါတယ်။

သတင်း

ဒူးသထူခရိုင် တပ်မဟာ(၁)၊ ခလယ်လွီထူခရိုင် တပ်မဟာ(၃)နှင့် မူတြော်ခရိုင် တပ်မဟာ(၅)တွင် ဖေဖေါ်ဝါရီလနှင့် မတ်လအတွင်း အရပ်သားပြည်သူ (၅)ဦး ထက်မနည်း သေဆုံးခဲ့ပြီး (၁၁)ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကရင်လူ့အခွင့်အရေးအဖွဲ့ ပြောခွင့်ရသူ စောနန္ဒဆူးက ဆိုသည်။