Connect with us

Hi, what are you looking for?

LuduNwayOo

ဗီဒီယို

​ကျေးလက်​နေပြည်သူ​တွေ မလုံခြုံမှုပိုခံစားလာရ

ဒီကနေ့ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာနဲ့ပတ်သက်ပြီး KHRG အဖွဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်တဲ့ စောလင်းထက်ကို ဆက်သွယ်မေးမြန်းထားပါတယ်။

စစ်တပ်ရဲ့ရက်စက်ကြမ်းကြုတ်မှုများနဲ့ ပြည်သူတွေရဲ့ ခုခံတွန်းလှန်မှု ခေါင်းစဉ်နဲ့ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က အစီရင်ခံစာတစ်စောင်ကို ဒီကနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

ဒီအစီရင်ခံစာမှာ စစ်ကောင်စီက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ထိုးစစ်ဆင်ရာမှာ အရပ်သားတွေကိုပါ အဓိကပစ်မှတ်တစ်ခုအဖြစ် တိုက်ခိုက်လာတဲ့အတွက် ကျေးလက်ဒေသရှိ တိုင်းရင်းသားဒေသခံတွေအတွက် မလုံခြုံမှုတွေ ပိုမိုခံစားလာခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ ရက်စက်တဲ့အကြမ်းဖက်မှုတွေ ပိုမိုပြင်းထန်လာတာကြောင့် မြန်မာပြည်အရှေ့တောင်ပိုင်းမှာ စစ်ဘေးရှောင်တွေ ပိုမိုများပြားလာခဲ့ပြီး စစ်အာဏာသိမ်းပြီးကတည်းကနေ ဇွန်လ ၂၃ ရက်နေ့အထိ ကရင်ပြည်နယ်မှာရှိတဲ့ ဒေသခံပြည်သူ ၅၀၀၀၀ အပါအဝင် မြန်မာပြည်အရှေ့တောင်ပိုင်းမှာ ဒေသခံ ၁၇၇၀၀၀ နီးပါး နေရပ်စွန့်ခွာ ထွက်ပြေးနေခဲ့ကြရပါတယ်။

ဒီကနေ့ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာနဲ့ပတ်သက်ပြီး KHRG အဖွဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်တဲ့ စောလင်းထက်ကို ဆက်သွယ်မေးမြန်းထားပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

အရှေ့တောင်ပိုင်းဒေသတွေမှာ ကရင်ပြည်နယ် ၊ကယားပြည်နယ်၊မွန်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်းအရှေ့ခြမ်း၊ ရှမ်းပြည်နယ်အရှေ့ပိုင်း တို့ပါဝင်ကြပါတယ်။

သတင်း

ဒူးသထူခရိုင် တပ်မဟာ(၁)၊ ခလယ်လွီထူခရိုင် တပ်မဟာ(၃)နှင့် မူတြော်ခရိုင် တပ်မဟာ(၅)တွင် ဖေဖေါ်ဝါရီလနှင့် မတ်လအတွင်း အရပ်သားပြည်သူ (၅)ဦး ထက်မနည်း သေဆုံးခဲ့ပြီး (၁၁)ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကရင်လူ့အခွင့်အရေးအဖွဲ့ ပြောခွင့်ရသူ စောနန္ဒဆူးက ဆိုသည်။

သတင်း

စစ်ကောင်စီဟာ ဆေးဝါးပစ္စည်းတွေ သယ်ယူပို့ဆောင်တာကို ပြင်းထန်စွာကန့်သတ်ထားပြီး စစ်ဘက်ဆိုင်ရာစစ်ဆေးရေးဂိတ်တွေကိုလည်း တိုးမြှင့်ချထားခဲ့တဲ့အပြင် ဒေသခံရွာသားတွေသယ်ဆောင်လာတဲ့ ဆေးဝါးပစ္စည်းတွေကိုလည်း စစ်ကောင်စီက သိမ်းယူတာတွေရှိလို့ ရွာသားတွေက လျှို့ဝှက်စွာ သယ်ယူပို့ဆောင်ကြရတယ်လို့ သိရပါတယ်။

News

စစ်ဘေးရှောင်တွေထံကို အကူအညီပေးရာမှာ လိုအပ်ချက်တွေရှိနေပြီး လူတိုင်းထံကို အကူအညီမရောက်နိုင်သေးဘူးလို့လည်း KHRG က ပြောပြပါတယ်။