Connect with us

Hi, what are you looking for?

News

ပြည်သူ့ကာကွယ်​ရေးတပ်ကအ​နေအထိုင်ဆင်ချင်ရန်သတိ့​ပေး​ထားသောထီးချိုင့်တရားသူကြီးကို စစ်​ကောင်စီ ကျောက်မဲပို့

ဒေါ်မို့မို့အေး၏ မူလနေရာတွင်ထီးချိုင့်မြို့ တွဲဖက်မြို့နယ်တရားသူကြီးကို တာဝန်ပေးလိုက်သည်ဟုလည်းစစ်ကိုင်းတိုင်းတရားရေးအသိုင်းအဝိုင်းမှသိ့ရသည်။

People's Spring
People's Spring

အနေအထိုင်ဆင်ခြင်ရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကသတိပေးထားသည့် ထီးချိုင့်မြို့နယ် တရားသူကြီးဒေါ်မို့မို့အေးကို ကျောက်မဲမြို့သို့ အာဏာသိမ်းစစ်ကောင်စီက ရွှေ့ပြောင်းလိုက်သည်။

ထီးချိုင့်မြို့နယ် မြို့နယ်တရားသူကြီး ဒေါ်မို့မို့အေးကို ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့ တွဲဖက် မြို့နယ်တရားသူကြီးအဖြစ် စစ်ကောင်စီက ယခုရက်ပိုင်း ရွှေ့ပြောင်းမိန့်ထုတ်ပြန်သည်ဟု တရားရေးအသိုင်းအဝိုင်းက People’s Spring သို့ပြောသည်။

ဒေါ်မို့မို့အေး၏ မူလနေရာတွင်ထီးချိုင့်မြို့ တွဲဖက်မြို့နယ်တရားသူကြီးကို တာဝန်ပေးလိုက်သည်ဟုလည်းစစ်ကိုင်းတိုင်းတရားရေးအသိုင်းအဝိုင်းမှသိ့ရသည်။

ဒေါ်မို့မို့အေးသည် အမှုများကို လာဘ်ငွေများယူ၍ အမိန့်ချခြင်း ၊မတရားသဖြင့် ဖမ်းဆီးခံရသူများကို အမိန့်ချခြင်း၊အမှုသည်များကို ခြိမ်းခြောက် အကြပ်ကိုင်ငွေညှစ်ခြင်း ၊စစ်ကောင်စီ တရားရေးထောက်တိုင်အဖြစ် ယခုထိ တာဝန်ထမ်းဆောင်နေသည်ကို သိရှိထားသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက မကြာသေးမီက ထုတ်ပြန်ခဲ့သည်။ ထို့အပြင် ဒေါ်မို့မို့အေးအနေဖြင့် အကြမ်းဖက်စစ်ကောင်စီ၏ တရားရေးထောက်တိုင်အဖြစ် ဆက်လက်တာဝန်ထမ်းဆောင်နေပါက ပုန်းနေသည့် နေရာအထိ လိုက်ခံ အပြစ်ပေးမည်ဟု Tigyaing Revolution -TRက ဒီဇင်ဘာ ၃ ရက်တွင် သတိပေးခဲ့သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီ သတင်းပေးနှင့် ဒေါက်တိုင်များကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သတိ့​ပေးကတည်းကဒေါ်မို့မို့အေးသည် ထီးချိုင့်မြို့၌ မနေဘဲ စစ်ကိုင်းတိုင်း တရားရေးဌာန ဝန်ထမ်းအိမ်ယာတွင် တိမ်းရှောင်နေခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။