Connect with us

Hi, what are you looking for?

သတင်း

သင်္ကြန်နောက်ဆုံးနေ့မှာ စစ်တပ်က ပေါက်မြို့နယ် လေကြောင်းတိုက်ခိုက်၊ ပြည်သူ၂ဦး သေဆုံးပြီး ၅ဦးဒဏ်ရာရ

သင်္ကြန်ပွဲတော်နောက်ဆုံးနေ့ အတက်နေ့မှာ စစ်တပ်က မကွေးတိုင်း၊ပေါက်မြို့နယ်က ဝန်လဲ (အောက်စု)ကျေးရွာကို စစ်တပ်ကလေကြောင်းတိုက်ခိုက်ရာ ပြည်သူနှစ်ဦး သေဆုံးပြီး ၅ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

(လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့သည့်နေအိမ်များအား တွေ့ရစဥ် ဓါတ်ပုံ-ပေါက် လူသားစာနာဌာန)

ဧပြီ-၁၆၊၂၀၂၆၊ဟာနာဆန်၊ရှိန်း/ People’s Spring

သင်္ကြန်ပွဲတော်နောက်ဆုံးနေ့ အတက်နေ့မှာ စစ်တပ်က မကွေးတိုင်း၊ပေါက်မြို့နယ်က ဝန်လဲ (အောက်စု)ကျေးရွာကို စစ်တပ်ကလေကြောင်းတိုက်ခိုက်ရာ ပြည်သူနှစ်ဦး သေဆုံးပြီး ၅ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကနေ့ ဧပြီ ၁၆ ရက် နေ့လယ် ၂ နာရီခွဲခန့်က ပေါက်မြို့နယ်၊ ဝန်လဲရွာကို မိတ္ထီလာ ရှမ်းတဲလေတပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံးဖြင့် ရွာလယ်တည့်တည့် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာပါ။

အဆိုပါလေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၂ ဦး နေရာတင် သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ ၅ ဦးအနက် ၂ ဦးစိုးရိမ်ရကြောင်း ပေါက်မြို့နယ် လူသားစာနာဌာနက အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

ထိခိုက်သေဆုံးသူတွေထဲမှာ အမျိုးသမီးတွေပါ ပါဝင်နေကြောင်း ပေါက်မြို့နယ် လူသားစာနာဌာနရဲ့ ဓာတ်ပုံမှတ်တမ်းတွေအရ သိရပါတယ်။

“နေအိမ်အတွင်းမှာ ရှိနေတဲ့ ​ပြည်သူနှစ်ဦးသေဆုံးပြီး ခြောက်ဦးထိခိုက်ဒါဏ်ရာ များရရှိတယ်လို့သိရပါတယ် ။လူနေအိမ်ခြောက် လုံး ပျက်စီးတယ်လို့လည်း သိရပါတယ်။”လို့ အညာမြေအရပ်အဖွဲ့အစည်း-မြိုင်က တာဝန်ရှိသူက ပြောပါတယ်။

အဆိုပါကျေးရွာဟာ အိမ်ခြေ ၅၀ ခန့်သာရှိပြီး သင်္ကြန်ရက် ရေကစား ပျော်ပါး ကခုန်နေခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်သွားတာဖြစ်ကြောင်း ပေါက်မြို့နယ် လူသားစာနာဌာနက ထပ်မံအသိပေးပါတယ်။

သင်္ကြန်တွင်းမှာ စစ်ကောင်စီဟာ ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီးတွေမှာ သင်္ကြန်ပွဲကို စည်ကားအောင်ပြုလုပ်နေပေမဲ့ တော်လှန်ဒေသအသီးသီးက ကျေးရွာတွေမှာတော့ လေကြောင်းတိုက်ခိုက်မှုတွေ၊ စစ်ကြောင်းထိုးမီးရှို့တာတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီမြို့နယ် လမိုင်းကော့ကျေးရွာကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ အသက် ၆၀ အရွယ်အမျိုးသမီး ၁ဦးသေဆုံးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ရသေ့တောင် မြို့နယ်အစပ်က နံ့သာကျွန်းအနီးမှာ ငါးဖမ်းနေတဲ့ငါးဖမ်းသမားတွေကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့လိုက်လံပစ်ခတ်တာကြောင့် ရသေ့တောင်မှာ စစ်ရှောင်နေသူ ငါးဖမ်းသမား ၁ဦး သေဆုံးပြီး ၂ဦး ဒဏ်ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ချောက်မြို့နယ်ထဲမှာစစ်ကြောင်းထိုးနေတဲ့အာဏာသိမ်းစစ်တပ်ကနရွဲတောရွာကိုမီးရှို့ဖျက်ဆီးလိုက်တာကြောင့် ရွာလုံးကျွတ်နီးပါးအပျက်အဆီးတွေများနိုင်သလို ရွာခံတွေလည်း ထွက်ပြေးနေရတယ်လို့ ဒေသခံအချို့ ဆီကသိရပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ စစ်တပ်ရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် ခြောက်လသားအရွယ် ကလေးငယ်အပါအ၀င် အရပ်သား ၅ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်‌တချို့က ပြောပါတယ်။