Connect with us

Hi, what are you looking for?

News

က​လေးမြို့တွင် မိသားစုဝင်လေးဦးသတ်ပြီး ​ရွှေ​ငွေများ လုယက်သူများမှာ စစ်​ကောင်စီတပ်ဟု က​​လေး PDF ထုတ်ပြန်

အဆိုပါအကြမ်းဖက်လုပ်ရပ်မှာ က​လေး PDF နှင့်လုံးဝသက်ဆိုင်ခြင်း မရှိ​ကြောင်းလည်း​ဖော်ပြထားပြီး အချက် ၃ ချက်ပါ​သော ထုတ်ပြန်ချက်အပြည့်အစုံမှာ​အောက်ပါအတိုင်းဖြစ်သည်။

က​လေးမြို့တွင် ဇွန် ၁၉ ရက်ညက ဦးဝင်း​ဇော်ဦး၏ ​အိမ်ကို ဝင်​ရောက်စီးနင်း၍ မိသားစုဝင်​လေးဦးကိုပစ်သတ်ပြီး ​ရွှေ ၊​ငွေများ ယူ​ဆောင်သွားခြင်းမှာ မျက်မြင်သက်​သေများ၏ ​ပြောကြားချက်အရ အာဏာသိမ်းစစ်​ကောင်စီတပ်ဖွဲ့ဝင်များ ဖြစ်​ကာ အဆိုပါအကြမ်းဖက်လုပ်ရပ်ကို စစ်​ကောင်စီကတာဝန်ခံရမည်ဖြစ်ကြောင်း
People’s Defence Force (Kalay)က ဇွန် ၂၀ တွင်ထုတ်ပြန်သည်။

အဆိုပါအကြမ်းဖက်လုပ်ရပ်မှာ က​လေး PDF နှင့်လုံးဝသက်ဆိုင်ခြင်း မရှိ​ကြောင်းလည်း​ဖော်ပြထားပြီး အချက် ၃ ချက်ပါ​သော ထုတ်ပြန်ချက်အပြည့်အစုံမှာ​အောက်ပါအတိုင်းဖြစ်သည်။

၁။ ယမန်နေ့ ဇွန်လ ၁၉ ရက်ညပိုင်းတွင် ကလေးမြို့ ညောင်ပင်သာရပ်ကွက် အင်းယားကုန်းဘက်မှ ဦးဝင်းဇော်ဦး ၏ နေအိမ်သို့ ဝင်ရောက်စီးနင်းပြီး မိသားစုဝင် ၄ ဦး ကိုပစ်သတ်ကာ ရွှေ၊ ငွေ နှင့် ပစ္စည်းများ ယူဆောင်သွားခဲ့သည့် အကြမ်းဖက်လုပ်ရပ်သည် မိမိတို့ People’s Defence Force (Kalay) နှင့်သက်ဆိုင်ခြင်း လုံးဝမရှိကြောင်း အတိအလင်း ထုတ်ပြန်ကြေညာလိုက်သည်။

၂။ အဆိုပါရပ်ကွက်အတွင်းနေထိုင်သူ မျက်မြင်သက်သေအများအပြား၏ ပြောဆိုချက်အရ ဦးဝင်းဇော်ဦး၏ နေအိမ်သို့ ည ၈: ၃၀ ဝန်းကျင်အချိန်ခန့်တွင် အကြမ်းဖက်စစ်ကောင်စီအဖွဲ့ဝင်များမှ ဝင်ရောက်စီးနင်းခဲ့ခြင်းသာဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် ဤအကြမ်းဖက်လုပ်ရပ်အတွက် စစ်ကောင်စီအနေဖြင့် တာဝန်ယူရမည်ဖြစ်သည်။

Public Service Announcement

Public Service Announcement

၃။ People’s Defence Force (Kalay) သည် ပြည်သူ့ကာကွယ်ရေးတပ်မတော် (People’s Defence Force) မှ သတ်မှတ်ပြဌာန်းထားသည့် ကာကွယ်ရေးဆိုင်ရာ အခြေခံမူများအတိုင်း တိကျစွာလိုက်နာ၍ ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်‌လိုက်သည်။

ဆက်စပ်သတင်းများ

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။

သတင်း

ဗိုလ်မှူးအဆင့်အပါအဝင်၉ဦးသေဆုံး ၊လက်နက်မျိုးစုံ ၆ လက်နဲ့ခဲယမ်း​တွေရ၊​ဟောင်ဝစ်ဇာကိုမသယ်နိုင်လို့ဖျက်ဆီးခဲ့