Connect with us

Hi, what are you looking for?

LuduNwayOo

News

က​လေးမြို့တွင် မိသားစုဝင်လေးဦးသတ်ပြီး ​ရွှေ​ငွေများ လုယက်သူများမှာ စစ်​ကောင်စီတပ်ဟု က​​လေး PDF ထုတ်ပြန်

အဆိုပါအကြမ်းဖက်လုပ်ရပ်မှာ က​လေး PDF နှင့်လုံးဝသက်ဆိုင်ခြင်း မရှိ​ကြောင်းလည်း​ဖော်ပြထားပြီး အချက် ၃ ချက်ပါ​သော ထုတ်ပြန်ချက်အပြည့်အစုံမှာ​အောက်ပါအတိုင်းဖြစ်သည်။

က​လေးမြို့တွင် ဇွန် ၁၉ ရက်ညက ဦးဝင်း​ဇော်ဦး၏ ​အိမ်ကို ဝင်​ရောက်စီးနင်း၍ မိသားစုဝင်​လေးဦးကိုပစ်သတ်ပြီး ​ရွှေ ၊​ငွေများ ယူ​ဆောင်သွားခြင်းမှာ မျက်မြင်သက်​သေများ၏ ​ပြောကြားချက်အရ အာဏာသိမ်းစစ်​ကောင်စီတပ်ဖွဲ့ဝင်များ ဖြစ်​ကာ အဆိုပါအကြမ်းဖက်လုပ်ရပ်ကို စစ်​ကောင်စီကတာဝန်ခံရမည်ဖြစ်ကြောင်း
People’s Defence Force (Kalay)က ဇွန် ၂၀ တွင်ထုတ်ပြန်သည်။

အဆိုပါအကြမ်းဖက်လုပ်ရပ်မှာ က​လေး PDF နှင့်လုံးဝသက်ဆိုင်ခြင်း မရှိ​ကြောင်းလည်း​ဖော်ပြထားပြီး အချက် ၃ ချက်ပါ​သော ထုတ်ပြန်ချက်အပြည့်အစုံမှာ​အောက်ပါအတိုင်းဖြစ်သည်။

၁။ ယမန်နေ့ ဇွန်လ ၁၉ ရက်ညပိုင်းတွင် ကလေးမြို့ ညောင်ပင်သာရပ်ကွက် အင်းယားကုန်းဘက်မှ ဦးဝင်းဇော်ဦး ၏ နေအိမ်သို့ ဝင်ရောက်စီးနင်းပြီး မိသားစုဝင် ၄ ဦး ကိုပစ်သတ်ကာ ရွှေ၊ ငွေ နှင့် ပစ္စည်းများ ယူဆောင်သွားခဲ့သည့် အကြမ်းဖက်လုပ်ရပ်သည် မိမိတို့ People’s Defence Force (Kalay) နှင့်သက်ဆိုင်ခြင်း လုံးဝမရှိကြောင်း အတိအလင်း ထုတ်ပြန်ကြေညာလိုက်သည်။

၂။ အဆိုပါရပ်ကွက်အတွင်းနေထိုင်သူ မျက်မြင်သက်သေအများအပြား၏ ပြောဆိုချက်အရ ဦးဝင်းဇော်ဦး၏ နေအိမ်သို့ ည ၈: ၃၀ ဝန်းကျင်အချိန်ခန့်တွင် အကြမ်းဖက်စစ်ကောင်စီအဖွဲ့ဝင်များမှ ဝင်ရောက်စီးနင်းခဲ့ခြင်းသာဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် ဤအကြမ်းဖက်လုပ်ရပ်အတွက် စစ်ကောင်စီအနေဖြင့် တာဝန်ယူရမည်ဖြစ်သည်။

Public Service Announcement

Public Service Announcement

၃။ People’s Defence Force (Kalay) သည် ပြည်သူ့ကာကွယ်ရေးတပ်မတော် (People’s Defence Force) မှ သတ်မှတ်ပြဌာန်းထားသည့် ကာကွယ်ရေးဆိုင်ရာ အခြေခံမူများအတိုင်း တိကျစွာလိုက်နာ၍ ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်‌လိုက်သည်။

ဆက်စပ်သတင်းများ

သတင်း

တိုက်ခိုက်ခံရပြီးနောက် လျှော်ဖြူကျေးရွာသို့ ရွာကြီးရွာမှ စစ်ကောင်စီတပ်သားများ လာရောက်အင်အားဖြည့်ထားကြောင်း ဒေသခံများက ပြောသည်။

သတင်း

သရက်ကုန်းတိုက်ပွဲအတွင်း လက်နက်ငယ် (၄၀)ကျော် ၊ ၆၀မမ (၂)လတ် ၊ Drone Jammar (၁)ခု ၊ ခဲယမ်းအမြောက်အများအပါအဝင် ရန်သူ့အလောင်း ၂၁လောင်းသိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်သည်။

သတင်း

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား သုံးဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကာ ၎င်းတို့ထံမှ ၆၀ မမ အဝေးပစ်ပို့ယမ်း (၅)ထုပ်ရရှိခဲ့ကြောင်း MBT တပ်ဖွဲ့က အသိပေးသည်။

သတင်း

"ပြည်သူတွေ စိတ်မပူပါနဲ့။ ကျွန်တော်တို့ အဲဒီစစ်ကြောင်း မြဝတီကိုမရောက်နိုင်အောင် တားဆီးပါမယ်"ဟု ကျားဖြူစစ်ကြောင်းမှ ဒုစစ်ကြောင်းမှူး ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။