Connect with us

Hi, what are you looking for?

သတင်း

ပခုက္ကူမှာ မြစ်ရေတိုက်စားလို့ ကျေးရွာ ၂ရွာ အရေးပေါ်ရွှေ့ပြောင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ ဧရာဝတီမြစ်ရေတိုက်စားလို့ သိမ်ကုန်းနဲ့ မရိုးကုန်း ကျေးရွာ အရေးပေါ်ရွှေ့ပြောင်းနေရကြောင်း ဒေသခံတွေက ပြောပါတယ်။

(သိမ်ကုန်းနဲ့ မရိုးကုန်းရွာမှာ ဧရာဝတီမြစ်ကမ်းပါးပြိုကျနေစဥ် ဓါတ်ပုံံ-Screen Grab)

ဇွန် ၂၈၊ ၂၀၂၆။ ဇေအောင်/People’s Spring

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ ဧရာဝတီမြစ်ရေတိုက်စားလို့ သိမ်ကုန်းနဲ့ မရိုးကုန်း ကျေးရွာ အရေးပေါ်ရွှေ့ပြောင်းနေရကြောင်း ဒေသခံတွေက ပြောပါတယ်။

ပခုက္ကူမြို့နယ်က ဧရာဝတီမြစ်ဘေးမှာ တည်ထားတဲ့ သိမ်ကုန်းရွာနဲ့ မရိုးကုန်းရွာဟာ နှစ်စဥ် ကမ်းပါးပြိုကျမှုဒဏ်ကြောင့် နေအိမ်တွေ၊ စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းနဲ့စေတီတွေ၊ လယ်မြေတွေ ဆုံးရှုံးခဲ့ရပါတယ်။ ယခု ဇွန်လထဲမှာ ဧရာဝတီမြစ်ရေတက်လာချိန် ကမ်းပါးပြိုကျမှုတွေ ထပ်မံ ဖြစ်ပွားလာတာကြောင့် အဆိုပါကျေးရွာက အိမ်ခြေရာချီရှိတဲ့အနက် ၃ ပုံ ၂ ပုံ ရွှေ့ပြောင်းထားရကြောင်း ဒေသခံတွေက ပြောပါတယ်။

“ဖျက်ထားတဲ့အိမ်တွေကလည်း ပုံထားရတုန်း။ ရွှေ့တော့ရွှေ့နေပါပြီ။ သုံးပုံနှစ်ပုံလောက်တော့ ရွှေ့ပြီးကုန်ပြီ။ လက်ရှိ ရွာမှာတော့ သုံးပုံတစ်ပုံလောက်တော့ ကျန်ပါသေးတယ်။ ကျန်တဲ့အိမ်လေးတွေကလည်း ရေဝိုင်းလာပြီ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အိမ်ဖျက် အပြောင်းအရွှေ့ကို ရွာသူရွာသားတွေစုပေါင်းလုပ်နေပေမဲ့ ကမ်းပါးပြိုကျမှုတွေ ဆက်တိုက်ဖြစ်နေတာကြောင့် အခက်အခဲရှိနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် ကမ်းပါးပြိုကျတဲ့နေရာနဲ့ဝေးတဲ့နေရာမှာ ရွာအသစ်တည်ဖို့ကိုလည်း ကြိုးစားနေကြပြီး သောက်သုံးရေကအစ လိုအပ်မှုတွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိ ပခုက္ကူမြို့နယ်မှာ တိုက်ပွဲတွေလည်း ဖြစ်ပွားနေတာကြောင့် လမ်းပန်းဆက်သွယ်ရေးတွေ ခက်ခဲနေပြီး အိမ်သုံးကုန်မာပစ္စည်းတွေကအစ ဝယ်ယူရခက်ခဲနေကြောင်း ဒေသခံတွေက ပြောပါတယ်။

မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းက မြစ်​ဘေးနေကျေးရွာတွေဟာ နှစ်စဥ် ရေ​ကြီးကာလမှာ မြစ်ကမ်းပါးပြိုကျမှုဒဏ် ရင်ဆိုင်နေရပြီး လုပ်စားမြေတွေ၊ နေအိမ်နေရာတွေ ဆုံဲဲးရှုံးနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

ပခုက္ကူမြို့အခြေစိုက် တပ်မ(၁၀၁)က စစ်ကြောင်းတွေ မြိုင်မြို့နယ်က တွင်းမပြည်သူ့စစ်ကျေးရွာကို ဦးတည်လာနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အမှတ်(၂၅၂)ခြေလျင်တပ်ရင်း ခလရ-၂၅၂ရဲ့ ပေါ်တာဆွဲခံရတဲ့ စစ်မှုထမ်းတပ်သားသစ် တစ်ဦး ပခုက္ကူအခြေစိုက် COBRA ONE Pakokku တပ်ဖွဲ့ထံ အလင်းဝင်လာခဲ့ပါတယ်။