Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်မြို့ငလျင်နဲ့ နိုးထရပြန်၊ပင်လယ်ဝ အင်အားအနည်းငယ်ရှိငလျင်လှုပ်

ပင်လယ်ဝအနီးကို ဗဟိုပြုတဲ့ ရစ်ခ်တာစကေး ၃ဒဿမ၅အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ငလျင်ကြောင့် ရန်ကုန်မြို့မှာငလျင်လှုပ်တာသိသိသာသာခံစားခဲ့ရပါတယ်။

ဇူလိုင်-၄၊၂၀၂၆။စိုင်းနောင်/People’s Spring

ပင်လယ်ဝအနီးကို ဗဟိုပြုတဲ့ ရစ်ခ်တာစကေး ၃ဒဿမ၅အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ငလျင်ကြောင့် ရန်ကုန်မြို့မှာငလျင်လှုပ်တာသိသိသာသာခံစားခဲ့ရပါတယ်။

ဇူလိုင်လ ၄ရက် မနက် ၆နာရီ ၅၁မိနစ်ခန့်မှာ ငလျင်လှုပ်တာပါ။ ကမ်းရိုးတန်းအနီးကို ဗဟိုပြုပြီး မြေအနက် ၁၀ ကီလိုမီတာမှာ လှုပ်သွားတာလို့ ငလျင်သတင်းတွေ ထုတ်ပြန်ပေးနေတဲ့ ထိုင်းမိုးဇလဌာန(TMD)က ဖော်ပြထားပါတယ်။

အမေရိကန်ဘူမိလေ့လာရေး အသင်း(USGS )နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊လူမှုရေးရာ၊ အလုပ်သမားနဲ့လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)ကတော့ မနက် ၇နာရီ၃၀မိနစ်အထိ သတင်းမထုတ်ပြန်သေးပါဘူး။

Public Service Announcement

Public Service Announcement

ဒီငလျင်ကြောင့် စမ်းချောင်း၊ကမာရွတ်၊ လှိုင်၊ မရမ်းကုန်း၊ ဗဟန်း၊ တာမွေမြို့အပါအဝင် ရန်ကုန်မြို့မှာ သိသာတဲ့ ငလျင်ခံစားလိုက်ရပါတယ်။

“မရမ်းကုန်းမှာ တော်တော်ကြမ်းတာ။အိမ်ထဲကနေ ပြေးထွက်ရတယ်။ အထပ်မြင့်ကလူတွေပါ ပြေးရတာ”လို့ မြို့ခံတစ်ဦးကပြောပါတယ်။

“ကိတ်ဗာဒီ ဂိုးပြန်သွင်းပြီးချိန်လောက်မှာလှုပ်တာ။လှုပ်ချိန်တော့ နည်းနည်းကြာသလိုပဲ”လို့ လှိုင်မြို့နယ်မှာ နေသူတစ်ဦးက ပြောပါတယ်။ဒီနေ့ မနက်ပိုင်းမှာ ကမ္ဘာ့ဖလား ရှုံးထွက်ပွဲစဉ်အဖြစ် အာဂျင်တီးနားနဲ့ ကိတ်ဗာဒီအသင်း အကြိတ်အနယ်ကန်နေချိန် ရန်ကုန်မှာငလျင်လှုပ်တာပါ။

ရန်ကုန်မြို့ကိုသက်ရောက်စေခဲ့တဲ့ငလျင်တွေ ပြီးခဲ့တဲ့မေလနဲ့ ဇွန်လအတွင်း မကြာခဏလှုပ်ရှားခဲ့လို့ မြို့ခံတွေအကြား စိုးရိမ်မှုတွေရှိနေပါတယ်။ ဒါ့အပြင် ငလျင်အဖြစ်သတင်းမထုတ်တဲ့ မြေကျွံမှုအချို့ကြောင့်လည်း စိုးရိမ်နေကြပါတယ်။

ရန်ကုန်မြို့ဟာဒေးဒရဲ ပြတ်ရွှေ့ကြောင့်ငလျင်လှုပ်ရှားနိုင်သလို ရန်ကုန်မြစ်ဝအနီးရှိ ပြတ်ရွေ့တွေနဲ့ ထိုးစိုက်ဇုန်ကြောင့်လည်း ငလျင်လှုပ်နိုင်တယ်လို့ပညာရှင်တွေက သတိပေးထားပါတယ်။ပဲခူးမြို့အနီးကစစ်ကိုင်းပြတ်ရွေ့ရဲ့တောင်ဘက်စွန်းပိုင်းလှုပ်ရှားပါကလည်း ရန်ကုန်မြို့မှာ ငလျင် လှုပ်စေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

FMIက Yoma Strategic နဲ့အတူ စီမံကိန်းကို အဆင့်လိုက်ပြန်စမယ်ဟုဆို

သတင်း

ရန်ကုန်မြို့မှာ ပြီးခဲ့တဲ့ တစ်ပတ်အတွင်း မတရားပေါ်တာဆွဲဖမ်းဆီးခံရတဲ့ လူငယ် ၃၀ကျော်ရှိတယ်လို့ ရန်ကုန်မြေပြင်သတင်းတွေကို ဖော်ပြပေးနေတဲ့ Rangoon Scout Network-RSN က ထုတ်ပြန်ပါတယ်။

ဆောင်းပါး

"ဈေးရောင်းရတာထက် ကျားမြီးသာပြေးဆွဲချင်တယ်"လှ်ိုင်မြို့နယ်မှာ လမ်းဘေးဈေးရောင်းနေတဲ့ အမျိုးသမီးတစ်ဦးက သူမခံစားချက်ကိုပြောပါတယ်။လမ်းဘေးဈေးရောင်းသူတွေ ဈေးခင်းပြီးချိန်မှ အပြာဝတ်​တွေလာပြီဆိုရင်ပြန်သိမ်းရတာအကြိမ်ကြိမ်။

သတင်း

ဒေါ်လာတစ်သန်း၀န်းကျင်တန်တဲ့ အခန်းတွေ အပါအ၀င် ရန်ကုန်မြို့က ကွန်ဒိုတွေမှာ ကြိုပွိုင့် ၀ယ်ယူထားသူတွေ အခန်းရဖို့ မရေမရာဖြစ်နေပြီးတာဝန်ယူ၊တာဝန်ခံကာဖြေရှင်းပေမယ့် သူမရှိဖြစ်နေတယ်လို့ နစ်နာသူတွေက လူထုနွေဦးကို ပြောပါတယ်။

Facebook