Connect with us

Hi, what are you looking for?

ဗီဒီယို

ညောင်ပင်လေးစျေးက လူငယ်များရဲ့ပျောက်ကြားသပိတ်

ရန်ကုန်မြို့တွင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုများကို အကြမ်းဖက်နှိမ်နင်းမှုများ ရှိနေသော်လည်း လူငယ်များက နေ့စဉ်ရက်ဆက် ပုံစံမျိုးစုံဖြင့် ဆန္ဒပြမှုများ ပြုလုပ်လျက်ရှိသည်။

ရန်ကုန်မြို့ လမ်းမတော်မြို့နယ်ရှိ ညောင်ပင်လေးစျေးအနီးတွင် ယနေ့ (ဇွန်လ ၁၉ ရက်) မနက်ပိုင်းက လူငယ်များစုပေါင်း၍ စစ်အာဏာရှင် ဖြုတ်ချရေးအဖြစ် ပျောက်ကြားသပိတ်ချီတက် ဆန္ဒပြကြခဲ့သည်။

သပိတ်တွင် စမ်းချောင်း၊ မင်္ဂလာတောင်ညွန့်၊ ကြည့်မြင်တိုင် စသည့် မြို့နယ်အသီးသီးမှ လူငယ်များနှင့် ပြည်သူများ ၁၀၀ခန့် ပူးပေါင်းပါဝင်ခဲ့သည်။

လူငယ်များသည် ဖမ်းဆီးခံခေါင်းဆောင်များ လွှတ်ပေးရေးနှင့် ဒီမ်ိုကရေစီ ရရှိစေရေး ကြွေးကြော်၍ ညောင်ပင်လေးစျေးအနီး လမ်းမတော်လမ်းမအတိုင်း ဆန္ဒပြခဲ့ကြသည်။

မြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်ကောင်စီက မတရားသဖြင့် အာဏာသိမ်းပိုက်ထားသည်မှာ ယနေ့ ၁၄၂ ရက် ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။

Public Service Announcement

Public Service Announcement

ရန်ကုန်မြို့တွင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုများကို အကြမ်းဖက်နှိမ်နင်းမှုများ ရှိနေသော်လည်း လူငယ်များက နေ့စဉ်ရက်ဆက် ပုံစံမျိုးစုံဖြင့် ဆန္ဒပြမှုများ ပြုလုပ်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊စမ်းချောင်းမြို့နယ်က Bar4U ဆိုင်မီးလောင်ခဲ့ပြီး အမျိုးသား ၂ ဦး​သေဆုံးတယ်လို့ သွားရောက်ကူညီတဲ့ လူမှုကူညီရေးအဖွဲ့ဝင်​တွေကပြောပါတယ်။

သတင်း

ရန်ကုန်မြို့မှာ ဇန်နဝါရီအတွင်း စစ်ကောင်စီက အကြောင်းအမျိုးမျိုးပြပြီး မတရားဖမ်းဆီးခံရသူ ၇၈ဦးရှိတယ်လို့ Rangoon Scout Network (RSN)က ဖော်ပြထားပါတယ်။

သတင်း

ရန်ကုန်မြို့၊ သာကေတမြို့နယ်မှာရှိတဲ့ တိုင်းရင်းသားကျေးရွာမှာပြုလုပ်တဲ့ ကရင်နှစ်သစ်ကူးတော်လာရောက်တဲ့သူများပြားတာကြောင့် ကလေးငယ်တွေ ပျောက်ဆုံးမှုဖြစ်ပွားခဲ့တယ်လို့ ပွဲတော်ကျင်းပရေးကော်မတီထံက သိရပါတယ်။

သတင်း

ရန်ကုန်မြို့၊စမ်းချောင်းမြို့နယ်မှာ အမျိုးသားတစ်ဦး ၆ လွှာတိုက်ခန်းကနေ ဘေးနားက ဘုရားကျောင်းပေါ်ကို ပြုတ်ကျခဲ့တာကြောင့် ကူညီကယ်ဆယ်‌‌ပေးခဲ့ရတယ်လို့ အနာဂတ်အလင်းတန်း ပရဟိတအသင်းက အသိပေးထားပါတယ်။

Facebook