Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မူးယစ်မှောင်ခိုတွေလို့ စွပ်စွဲပြီး ရေယာဉ်တွေကို အမေရိကန် တိုက်ခိုက်မှုက လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု မြောက်နိုင်တယ်လို့ဆို

မူးယစ်မှောင်ခိုသမားတွေ အသုံးပြုနေတာလို့ စွပ်စွဲပြီး ရေယာဉ်တွေကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့ အမေရိကန်ရဲ့ လုပ်ရပ်ဟာ နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်ပြီး လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု မြောက်နိုင်ခြေရှိကြောင်း ကုလသမဂ္ဂ (UN) အစီရင်ခံစာ တစ်စောင်က သုံးသပ်ထားခဲ့ပါတယ်။

ဓာတ်ပုံ - US Central Command

မူးယစ်မှောင်ခိုသမားတွေ အသုံးပြုနေတာလို့ စွပ်စွဲပြီး ရေယာဉ်တွေကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့ အမေရိကန်ရဲ့ လုပ်ရပ်ဟာ နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်ပြီး လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု မြောက်နိုင်ခြေရှိကြောင်း ကုလသမဂ္ဂ (UN) အစီရင်ခံစာ တစ်စောင်က သုံးသပ်ထားခဲ့ပါတယ်။

မနှစ်က စက်တင်ဘာလကစပြီး အမေရိကန်ဟာ နိုင်ငံရေပိုင်နက်ထဲမှာ အကျုံးမဝင်တဲ့ ကာရေဘီယန် ပင်လယ်နဲ့ ပစိဖိတ် သမုဒ္ဒရာ ရေပြင်တွေမှာ တိုက်ခိုက်မှု ၆၈ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ပြီး အကျိုးဆက်အဖြစ် လူပေါင်း ၂၂၀ ကျော် သေဆုံးခဲ့ကြောင်း UNရဲ့ လူ့အခွင့်အရေးနဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေး အထူးကိုယ်စားလှယ် ဘန်ဆောလ်က ဆိုပါတယ်။

ဆောလ်က အမေရိကန် ပစ်မှတ်ထားခဲ့တဲ့ ရေယာဉ်တွေပေါ်မှာ အကြမ်းဖက် အဖွဲ့ဝင်တွေအဖြစ် သတ်မှတ်ခံထားရသူတွေ အမှန်တကယ် စီးနင်းလိုက်ပါလာတယ် ဆိုရင်တောင် အမေရိကန် တပ်တွေကို စတင် မတိုက်ခိုက်ခဲ့ကြောင်း ပြောပါတယ်။ ဒါကြောင့် အမေရိကန်ဟာ နိုင်ငံတကာ ဥပဒေတွေမှာ ဖော်ပြထားသလို ကိုယ့်ကိုယ်ကိုယ် ခုခံပိုင်ခွင့်ဆိုတဲ့ သတ်မှတ်ချက်ကို အကြောင်းပြချက် ပေးလို့မရကြောင်း ဩစတြေးလျ ဥပဒေ ပညာရှင် တစ်ဦးဖြစ်သူ ဆောလ်က UNဆီ တင်ပြတဲ့ သူ့ရဲ့ အစီရင်ခံစာထဲမှာ ရေးသားထားပါတယ်။

ကာရေဘီယန်မှာ ရေယာဉ်တစ်စီးကို အမေရိကန်က တိုက်ခိုက်လို့ လူ ၄ ဦး သေဆုံးခဲ့တဲ့ ဖြစ်ရပ်အပြီး ၂ ရက်အကြာ စက်တင်ဘာ ၂၁ ရက်နေ့မှာ အခုအစီရင်ခံစာ ထွက်ပေါ်လာတာပါ။ အမေရိကန် စစ်တပ်ကတော့ အဲဒီလှေကို မူးယစ်ဆေးဝါး မှောင်ခိုဂိုဏ်းတွေက အသုံးပြုနေတယ်လို့ ထောက်လှမ်းရေး အတည်ပြုချက်တွေ ရရှိခဲ့ကြောင်း ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမဲ့ UNရဲ့ လူ့အခွင့်အရေး ကောင်စီဆီ စက်တင်ဘာ ၂၁ ရက်နေ့က အစီရင်ခံ တင်ပြချိန်မှာတော့ ဆောလ်က အဲဒီလို တိုက်ခိုက်မှုမျိုးဟာ ဥပဒေပြင်ပကနေ လူ့အသက်တွေကို ဆက်တိုက် စီရင်ဆုံးဖြတ်ရာ ရောက်နေကြောင်း၊ ပြီးတော့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပိုင်ခွင့် သတ်မှတ်ချက်ထက် ဘောင်ကျော်နေသလို နိုင်ငံတကာ လူသားချင်း စာနာမှုဆိုင်ရာ ဥပဒေတွေ၊ နိုင်ငံတကာ ရေကြောင်း ဥပဒေတွေ၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ဥပဒေတွေ၊ အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေတွေက ခွင့်ပြုပေးထားတဲ့ လုပ်ပိုင်ခွင့်တွေနဲ့ ကိုက်ညီတယ်လို့ သက်သေမပြနိုင်ကြောင်း ရေးသားထားပါတယ်။

ဒါကြောင့်လည်း လူ ၂၂၃ ဦးကို သေဆုံးစေခဲ့တဲ့ တိုက်ခိုက်မှု ၆၈ ခုဟာ အပြည်ပြည်ဆိုင်ရာ ကျင့်ထုံးဥပဒေတွေ အရဆိုရင် လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုမြောက်တဲ့ လူသတ်မှုတွေအဖြစ် ယူဆနိုင်ကြောင်း ဆောလ်က ကောက်ချက်ချပြခဲ့ပါတယ်။

အိမ်ဖြူတော်နဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ အခုအစီရင်ခံစာနဲ့ ပတ်သက်ပြီး တုံ့ပြန်မှု တစ်ခုခု မရှိသေးပါဘူး။

အမေရိကန် ကာကွယ်ရေး ဝန်ကြီး ပိထ်ဟက်ဂ်ဆက်သ်ကတော့ အမေရိကန်ရဲ့ စစ်ဆင်ရေးတွေဟာ အမေရိကန်နိုင်ငံ တည်ရှိရာ ကမ္ဘာခြမ်းမှာ မူးယစ်ဆေးဝါး အကြမ်းဖက်ဂိုဏ်းတွေကို ဖယ်ရှားဖို့၊ လူသတ် မူးယစ်ဆေးတွေရဲ့ အန္တရာယ်ကနေ အမေရိကန်ကို ဘေးကင်းစေဖို့ ရည်ရွယ်ထားတာဖြစ်ကြောင်း ပြောဆိုဖူးပါတယ်။

အမေရိကန်ဟာ ပင်လယ်ပြင်မှာ မူးယစ်ဆေးဝါး မှောင်ခိုလှေတွေကို တိုက်ခိုက် နှစ်မြှုပ်ခဲ့ကြောင်း အကြိမ်ကြိမ် ပြောခဲ့ပေမယ့် အဲဒီလှေတွေမှာ ပါလာသူတွေက မူးယစ်ဆေးဝါးမှောင်ခို အကြမ်းဖက် အဖွဲ့ဝင်တွေ ဆိုတာကို ခိုင်မာတဲ့ အထောက်အထားတွေတော့ ပြသမထားခဲ့ပါဘူး။

အဲဒီလို တိုက်ခိုက်မှုတွေကို အပြင်းအထန် ကန့်ကွက်ခဲ့သူ ဗင်နီဇွဲလား သမ္မတ နစ်ကိုလက်စ် မာဒူရိုဟာ အခုနှစ်ဆန်းပိုင်းတုန်းက မူးယစ်ဆေးဝါး မှောင်ခိုမှု စွပ်စွဲချက်နဲ့ အမေရိကန် အထူးတပ်ဖွဲ့ဝင်တွေက ကရာကက်စ် မြို့တော်ထိ ဝင်ရောက် ဖမ်းဆီးခြင်းကို ခံခဲ့ရပါတယ်။

အမေရိကန်ရဲ့ စစ်ဆင်ရေးတွေကို နောက်ထပ် အတိအလင်း ဝေဖန်ခဲ့သူ တစ်ဦးဖြစ်တဲ့ ကိုလံဘီယ သမ္မတ ဂူစတာဗို ပက်ထရိုကတော့ ရွေးကောက်ပွဲမှာ အရေးနိမ့်လို့ ပြီးခဲ့တဲ့လမှာ ရာထူးကနေ ဆင်းပေးခဲ့ရပြီး ထရမ့်ရဲ့ မဟာမိတ် တစ်ဦးက သမ္မတသစ် ဖြစ်လာခဲ့ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်ဟာ ဂရင်းလန်ကျွန်းမှာ နောက်ထပ် စစ်စခန်းနှစ်ခု ထပ်မံဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

နိုင်ငံတကာ

နှစ်ပေါင်း ၇၀ လောက် အသုံးပြုခဲ့ပြီးဖြစ်တဲ့ B-52 Stratofortress ဗုံးကြဲလေယာဉ်ကြီးတွေကို အနည်းဆုံး ၂၀၅၀ ပြည့်လွန် နှစ်တွေထိ ဆက်လက် သုံးစွဲနေနိုင်မယ့် မွမ်းမံ အဆင့်မြှင့်တင်ရေး အစီအမံကို အမေရိကန် လေတပ်က စတင် အကောင်အထည် ဖော်နေပါတယ်။

နိုင်ငံတကာ

အိမ်ဖြူတော်နားမှာ ဆောက်လုပ်မယ့် အောင်ပွဲ အထိမ်းအမှတ် မုခ်ဦးကြီးဟာ စစ်အခြေစိုက် စခန်းတစ်ခု အဖြစ်ပါ အသုံးချနိုင်ဖို့ ရည်ရွယ်ပြီး မူလစီမံကိန်းကို နှစ်ဆချဲ့ထွင်လာနိုင်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ကို တရုတ်သမ္မတ ရှီကျင့်ဖျင် လာရောက်လည်ပတ်တဲ့အခါ လေဆိပ်ထိ ဆင်းကြိုဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က စီစဉ်နေကြောင်း သိရပါတယ်။

Facebook