Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အီသီယိုးပီးယားအစိုးရကိုစုစည်းတော်လှန်ဖို့လက်နက်ကိုင်၇ ဖွဲ့မဟာမိတ်ဖွဲ့

အီသီယိုးပီးယားရဲ့ ကွဲပြားတဲ့ ဒေသတွေမှာ အခြေစိုက် လှုပ်ရှားနေတဲ့ အစိုးရ ဆန့်ကျင်ရေး လက်နက်ကိုင်အင်အားစု ၇ ခုဟာ မဟာမိတ်အဖြစ် ပေါင်းစည်းကြောင်း ကြေညာလိုက်ပါတယ်။

ဓာတ်ပုံ - AP

စက်တင်ဘာ – ၂၂ ၊၂၀၂၆

အီသီယိုးပီးယားရဲ့ ကွဲပြားတဲ့ ဒေသတွေမှာ အခြေစိုက် လှုပ်ရှားနေတဲ့ အစိုးရ ဆန့်ကျင်ရေး လက်နက်ကိုင်အင်အားစု ၇ ခုဟာ မဟာမိတ်အဖြစ် ပေါင်းစည်းကြောင်း ကြေညာလိုက်ပါတယ်။

စက်တင်ဘာ ၂၁ ရက်နေ့မှာ အဲဒီအဖွဲ့တွေ ပေါင်းစည်းပြီး မြို့တော် အက်ဒစ် အဘာဘာမှာ အခြေစိုက်တဲ့ အစိုးရကို တိုက်ခိုက်မယ့်အကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ မဟာမိတ် အဖွဲ့သစ်မှာတော့ ပြည်တွင်းက အင်အားကြီး လက်နက်ကိုင် အစိုးရ ဆန့်ကျင်ရေး အင်အားစုတွေဖြစ်တဲ့ အိုရိုမို လွတ်မြောက်ရေးတပ် (OLA)၊ တိုက်ဂရေး ပြည်သူ့ လွတ်မြောက်ရေး တပ်ဦး (TPLF)၊ အမ်ဟာရာ အခြေစိုက် ဖာနို ပြည်သူ့စစ်အဖွဲ့တွေအပြင် ပိုပြီးသေးငယ်တဲ့ လက်နက်ကိုင် အဖွဲ့ ၄ ခု ပါဝင်လာပါတယ်။

အဖွဲ့ ၇ ခုရဲ့ ပူးတွဲ ထုတ်ပြန်ချက်မှာတော့ ဝန်ကြီးချုပ် အဘီအာမက် ဦးဆောင်နေတဲ့ အီသီယိုးပီးယား အစိုးရဟာ စစ်ပွဲ၊ လူမျိုးသုဉ်း သတ်ဖြတ်မှု၊ အစုလိုက် အပြုံလိုက် ဖျက်ဆီးမှု၊ ဆင်းရဲမွဲတေမှုတွေရဲ့ အဓိကလက်သည်လို့ စွပ်စွဲထားပါတယ်။ အာမက်ရဲ့ ဦးဆောင်မှုအောက်မှာ အီသီယိုးပီးဟာဟာ ပြိုကွဲပျက်စီးသွားမယ့် အန္တရာယ်မျိုးနဲ့ ကြုံနေရပြီလို့ အဲဒီအဖွဲ့တွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ ဘီလင်း ဆေမောင်းကတော့ အခုမှ မဟာမိတ်အဖြစ် တရားဝင် ကြေညာပေမယ့် အဲဒီအဖွဲ့အကြား ပူးပေါင်းဆောင်ရွက်မှုတွေ ရှိနေခဲ့တာ ကာလအတိုင်းအတာ တစ်ခုထိ ကြာမြင့်ခဲ့ပြီးပြီလို့ မှတ်ချက်ပေးခဲ့ပါတယ်။

အီသီယိုးပီးဟာ နိုင်ငံရဲ့ လူဦးရေ အထူထပ်ဆုံး ပြည်နယ်နှစ်ခုဖြစ်တဲ့ အိုရိုမီယာနဲ့ အမ်ဟာရာတို့မှာ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း လက်နက်ကိုင် စစ်ရေး ပဋိပက္ခတွေနဲ့ ကြုံတွေ့နေပါတယ်။ ဒါ့အပြင် ၂ နှစ်ကြာ ပြည်တွင်းစစ် ဖြစ်ခဲ့ဖူးပြီး လူပေါင်း သိန်းနဲ့ချီ သေဆုံး၊ သန်းနဲ့ချီ စစ်ရှောင်ခဲ့ရဖူးတဲ့ ၂ နှစ်ကြာ ပြည်တွင်းစစ် ဖြစ်ပွားခဲ့ဖူးရာ မြောက်ပိုင်း တိုက်ဂရေး ဒေသမှာလည်း တကျော့ပြန် စစ်ရေးတင်းမာမှုတွေ မြင့်တက်လာနေပါတယ်။

တိုက်ဂရေးက ပြည်တွင်းစစ်ဟာ ၂၀၂၂ မှာ အာဖရိက သမဂ္ဂရဲ့ ကြားဝင် စေ့စပ်ပေးမှုကြောင့် အဆုံးသတ်သွားခဲ့ပေမယ့် နောက်တစ်ကြိမ် အကြီးအကျယ် စစ်ပြန်ဖြစ်လာမှာကို ဒေသခံတွေက စိုးရိမ်နေဆဲပါ။

ဆိုမာလီယာမှာ စုစုပေါင်း ပြည်နယ် ၁၂ ခု ရှိတဲ့အနက် ၆ ခုမှာ အခြေစိုက်တဲ့ လက်နက်ကိုင်တပ်ဖွဲ့ ၇ ခုက အစိုးရ ဆန့်ကျင်ရေး မဟာမိတ်တွေ အနေနဲ့ ပူးပေါင်းလိုက်ကြတာ ဖြစ်ပါတယ်။ ဆိုမာလီယာမှာတော့ ပြည်နယ်တွေဟာ တိုင်းရင်းသား မျိုးနွယ်စုအလိုက် အဓိက အခြေချ နေထိုင်ကြမှုအပေါ် အခြေခံပြီး ပိုင်းခြားထားတာ ဖြစ်ပါတယ်။

အခု မဟာမိတ် အင်အားစု အသစ်မှာ ပါဝင်လာတဲ့ အဖွဲ့တချို့ဟာ အရင်က အချင်းချင်းလည်း တိုက်ခိုက်ခဲ့ကြဖူးပါတယ်။ ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ ဘုံရန်သူကိုစုပေါင်းတွန်းလှန်ဖို့ ဆုံးဖြတ်ခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကိုးကား – BBC

ဆက်စပ်သတင်းများ

ဆောင်းပါး

စက်တင်ဘာ ၉ ရက်နေ့တုန်းက ဆိုးလ်မြို့တော်ရဲ့ အမေရိကန် သံရုံးနားမှာ ပြည်သူတချို့ စုဝေးပြီး အီရန်စစ်ပွဲမှာ ပါဝင်ပတ်သက်တာမျိုး မလုပ်ဖို့ အစိုးရကို တောင်းဆို ဆန္ဒပြခဲ့ပါတယ်။ အီရန်စစ်ပွဲ ဆိုတာက အမေရိကန်ရဲ့ တစ်ဖက်သတ် ဆုံးဖြတ်တဲ့ ကိစ္စဖြစ်ပြီး တောင်ကိုရီးယား အနေနဲ့ ဓားခုတ်ရာ လက်လျှိုသလို...

သတင်း

အာရက္ခတပ်တော်(AA)နဲ့ မဟာမိတ်တပ်တွေ ကပဲခူးတိုင်း ၊ပန်းတောင်းမြို့နယ်၊ အမှတ် (၁၆)ကာကွယ်​ရေးပစ္စည်းထုတ်စက်ရုံ (ကပစ-၁၆)ရဲ့ ကာကင်းစခန်း ၃ ခုကို ဇွန်လ ဒုတိယလပတ်အတွင်းထပ်မံသိမ်းယူနိုင်ခဲ့တယ်လို့ မြေပြင် စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)နဲ့ မဟာမိတ်တွေ စစ်ရေးအရှိန်မြင့်ထားတဲ့ ရခိုင်ပြည်နယ်အစပ်ဧရာဝတီတိုင်း၊မကွေးတိုင်းထဲစစ်မျက်နှာ​တွေက စစ်တပ်ရဲ့ရှေ့တန်းစခန်းတွေကို​တော်လှန်​ရေးတပ်​တွေက ထပ်မံသိမ်းယူနိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ အရေးကြီးတဲ့ ထောက်လှမ်းရေး အကြီးအကဲ ရာထူးနေရာတစ်ခုမှာ အတွေ့အကြုံ မရှိတဲ့ မဟာမိတ် တစ်ဦးကို ရွေးချယ် ခန့်အပ်လိုက်ပါတယ်။

Facebook