Connect with us

Hi, what are you looking for?

News

ပြည်နည်းပညာတက္ကသိုလ်​ကျောင်းသားများသမဂ္ဂဥက္ကဌ မတရားဖမ်းဆီးခံရ

ဖမ်းဆီးခံရသည့် ကိုဇော်မင်းသူသည် ဘာသာခြားဖြစ်သောကြောင့် စိုးရိမ်ကြောင်း နှင့် အမြန်ဆုံးလွှတ်ပေးရန် ပြည်နည်းပညာတက္ကသိုလ် ကျောင်း သားများသမဂ္ဂက တောင်းဆိုထားသည်။

ပြည်နည်းပညာတက္ကသိုလ် ကျောင်းသားများသမဂ္ဂဥက္ကဌကို အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များက ဇန်နဝါရီ ၅ ရက်ညတွင် မတရားဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။

“ပြည်နည်းပညာတက္ကသိုလ် ကျောင်းသားများသမဂ္ဂဥက္ကဌ ကိုဇော်မင်းသူကို 5.1.2022 ‌ည 10 နာရီ ဝန်းကျင်းတွင် ၎င်း၏နေအိမ်၌ အကြမ်းဖက် စစ်ကောင် စီတပ်များမှ လာရောက်ဖမ်းဆီးခြင်းခံခဲ့ရသည်။ ဖမ်းဆီးခံရသည့် အချိန်မှစပြီး သာယာဝတီထောင်သို့ တိုက်ရိုက်ခေါ်သွားကြကာ မည်သူနှင့်မှ အဆက်သွယ် ပေးမလုပ်ခဲ့ဟု သိရသည်”ဟု ပြည်နည်းပညာတက္ကသိုလ် ကျောင်းသားများသမဂ္ဂက ဖေ့စ်ဘွတ်ခ်မှတစ်ဆင့် အသိ​ပေးထားသည်။

ဖမ်းဆီးခံရသည့် ကိုဇော်မင်းသူသည် ဘာသာခြားဖြစ်သောကြောင့် စိုးရိမ်ကြောင်း နှင့် အမြန်ဆုံးလွှတ်ပေးရန် ပြည်နည်းပညာတက္ကသိုလ် ကျောင်း သားများသမဂ္ဂက တောင်းဆိုထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေမှာ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့အဖွဲ့တွေ သောင်းကျန်းနေပြီး လာဖမ်းရင် အဖမ်းမခံဘဲ ခုခံကြဖို့ ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာက စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ဝင်းဇော်က ပြောပါတယ်။

Facebook