Connect with us

Hi, what are you looking for?

LuduNwayOo

News

ပြည်နည်းပညာတက္ကသိုလ်​ကျောင်းသားများသမဂ္ဂဥက္ကဌ မတရားဖမ်းဆီးခံရ

ဖမ်းဆီးခံရသည့် ကိုဇော်မင်းသူသည် ဘာသာခြားဖြစ်သောကြောင့် စိုးရိမ်ကြောင်း နှင့် အမြန်ဆုံးလွှတ်ပေးရန် ပြည်နည်းပညာတက္ကသိုလ် ကျောင်း သားများသမဂ္ဂက တောင်းဆိုထားသည်။

ပြည်နည်းပညာတက္ကသိုလ် ကျောင်းသားများသမဂ္ဂဥက္ကဌကို အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များက ဇန်နဝါရီ ၅ ရက်ညတွင် မတရားဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။

“ပြည်နည်းပညာတက္ကသိုလ် ကျောင်းသားများသမဂ္ဂဥက္ကဌ ကိုဇော်မင်းသူကို 5.1.2022 ‌ည 10 နာရီ ဝန်းကျင်းတွင် ၎င်း၏နေအိမ်၌ အကြမ်းဖက် စစ်ကောင် စီတပ်များမှ လာရောက်ဖမ်းဆီးခြင်းခံခဲ့ရသည်။ ဖမ်းဆီးခံရသည့် အချိန်မှစပြီး သာယာဝတီထောင်သို့ တိုက်ရိုက်ခေါ်သွားကြကာ မည်သူနှင့်မှ အဆက်သွယ် ပေးမလုပ်ခဲ့ဟု သိရသည်”ဟု ပြည်နည်းပညာတက္ကသိုလ် ကျောင်းသားများသမဂ္ဂက ဖေ့စ်ဘွတ်ခ်မှတစ်ဆင့် အသိ​ပေးထားသည်။

ဖမ်းဆီးခံရသည့် ကိုဇော်မင်းသူသည် ဘာသာခြားဖြစ်သောကြောင့် စိုးရိမ်ကြောင်း နှင့် အမြန်ဆုံးလွှတ်ပေးရန် ပြည်နည်းပညာတက္ကသိုလ် ကျောင်း သားများသမဂ္ဂက တောင်းဆိုထားသည်။

ဆက်စပ်သတင်းများ

သတင်း

အဆိုပါစစ်ကြောင်းမှာ ဆိပ်ဖြူမြို့နယ်၊ အမှတ်(၉)လေကြောင်းရန်ကာကွယ်ရေးစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (လစခ ၉)နှင့် ကပစ(၂၁)၊ (၂၂)တပ်များမှ ထွက်လာသည့် စစ်ကြောင်းဖြစ်ကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများထံမှ သိရသည်။

သတင်း

တရုတ်ဖက်ကထုတ်ပြန်သည့်သတင်း၌ ဖမ်းဆီးသွားသူများကို ​ခေါင်းအားအဝတ်အုပ်၍ခေါ်ဆောင်သွားပြီး တရုတ်လေဆိပ်အ​ရောက် သတင်းမီဒီယာများရှေ့၌ ဖွင့်ပြခဲ့သည်။

သတင်း

မိတ္ထီလာမြို့တွင် လောက်ကိုင်မြို့မှ ပြန်လာသည့် စစ်ဘေးရှောင်ပြည်သူများ ရောက်ရှိနေပြီး အချို့မှာ ဆိုင်ကယ်ဖြင့်ပြန်လာချိန် စစ်ကောင်စီ၏ ယာဥ်စစ်ဆေးရေးအဖွဲ့​၏ ငွေတောင်းခံရမှုကြုံတွေ့နေရကြောင်း ဒေသခံအချို့က ပြောသည်။

သတင်း

လက်ရှိအခြေအနေတွင် လက်ပံတန်းမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ပျူစောထီးများက ပြည်သူများကို မတရားရိုက်နှက်ဖမ်းဆီးမှုများ ဆက်တိုက်ကျူးလွန်နေရာ ဒေသခံများစိုရိမ်ထိတ်လန့်လျှက်ရှိသည်။