Connect with us

Hi, what are you looking for?

ဗီဒီယို

ရန်ကုန်မှာ စစ်ဆင်ရေးအရှိန်မြှင့်မယ်လို့ ပြောထားပေမယ့် သွားလာမှုပုံမှန်ရှိနေ

ပြည်သူတွေအနေနဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေရှိတဲ့နေရာတွေရှောင်သွားဖို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပြည်သူအကြားရောက်နေရင်လည်း ရှောင်ကြဖို့ သတိပေးထားပါတယ်။

ရန်ကုန်မြို့မှာ စစ်ဆင်ရေးတွေ အရှိန်မြှင့်မယ်လို့ ကြေညာထားပေမယ့် ပြည်သူအများစုက ပုံမှန်အတိုင်းသွားလာနေဆဲဖြစ်ပါတယ်။

ဗမာ့နောက်ဆုံးတော်လှန်ရေးလက်နက်ကိုင် တပ်ဖွဲ့က ရန်ကုန်မှာ စစ်ဆင်ရေးတွေအရှိန်မြှင့်လုပ်ဆောင်တော့မှာဖြစ်လို့ ပြည်သူတွေမလိုရင် အပြင်မထွက်ဖို့နဲ့ အသွားအလာ အနေအထိုင် သတိထားဖို့ ဇန်နဝါရီ ၁၁ ရက်ကထုတ်ပြန်ထားပါတယ်။

ပြည်သူတွေအနေနဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေရှိတဲ့နေရာတွေရှောင်သွားဖို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပြည်သူအကြားရောက်နေရင်လည်း ရှောင်ကြဖို့ သတိပေးထားပါတယ်။

ပြီးတော့လည်း အပြင်မှာတွေ့တဲ့အထုပ်တွေကို မကိုင်ကြဖို့ သတိပေးထားပါသေးတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်တွေရှိတဲ့နေရာကို စစ်ဆင်ရေးလုပ်ဆောင်ချိန်မှာ ပြည်သူတွေရှိနေလို့ မလုပ်ဖြစ်တဲ့ စစ်ဆင်ရေးတွေလည်းရှိတယ်လို့ ဗမာ့နောက်ဆုံးလက်နက်ကိုင်တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးကပြောထားပါတယ်။

ဗမာ့နောက်ဆုံးလက်နက်ကိုင်တပ်ဖွဲ့ ရဲ့ အဲဒီလိုကြေညာချက်အောက်မှာ လုပ်စရာရှိတာကိုလုပ်သာလုပ်ကြဖို့ ရန်ကုန်မြို့ခံတွေက တိုက်တွန်းထားတာလည်းရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်ရဲ့ လုံခြုံရေးတင်းကျပ်နေတဲ့ ရန်ကုန်မြို့မှာလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့၈၁ နှစ်ပြည့်မွေးနေ့ မှာနှင်းဆီလှုပ်ရှားမှုပြုလုပ်ခဲ့တယ်လို့ Yangon 4 Brothers- ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့က အသိပေးထားပါတယ်။

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ ပြုလုပ်မယ့် နှင်းဆီလှုပ်ရှားမှုကို လှုံ့ဆော်ပေးတဲ့အနေနဲ့ စစ်တပ်ရဲ့ လုံခြုံရေးတင်းကျပ်နေတဲ့ ရန်ကုန်မြို့မှာ နှင်းဆီလှုပ်ရှားမှုကို ပြုလုပ်ခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့အနီးမှာ ဒီနေ့ (ဇွန်လ၁၄)ညနေ ၅နာရီ ၉ မိနစ်ခန့်ကရစ်ခ်တာစကေး ၄ ဒဿမ ၁ အဆင့် ငလျင်ထပ်လှုပ်သွားပါတယ်။

သတင်း

ရန်ကုန်မှာအမေရိကန်သံအရာရှိသေဆုံးမှုနဲ့ ပတ်သက်ပြီးထိုင်းအမျိုးသမီးတဦးကို လူသတ်မှုနဲ့ စွဲချက်တင်ခဲ့ကြောင်း AP သတင်းဌာနက​ဖော်ပြပါတယ်။