Connect with us

Hi, what are you looking for?

News

PDFများ လက်ခံထားပါက လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်မည်ဟု စစ်ကောင်စီတပ်က ထီးချိုင့်မြို့ကို ထပ်မံခြိမ်းခြောက်

ထို့အပြင် “နောက်တစ်ခါ PDF များကို လက်ခံ အားပေးပါက၊ သင်တန်းဖွင့်ပါက ရွာလုံးကျွတ် ရွှေ့ပြောင်းရမည်” ဟု ပုံ/ထီးချိုင့်မြို့နယ် အုပ်ချုပ်ရေးဟူ၍ စစ်ကောင်စီတပ်က ခြိမ်းခြောက်နေသည်ဟု ဆိုသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)ရဲဘော်များအား လက်ခံထားပါက လေယာဉ်များဖြင့် ဗုံးကြဲပြီး ရွာလုံးကျွတ် ပြောင်းရွှေ့စေရမည်ဟု အကြမ်းဖက်စစ်ကောင်စီက စစ်ကိုင်းတိုင်း ထီးချိုင့်မြို့တွင် ခြိမ်းခြောက်စာများ ထပ်မံ ဖြန့်ဝေနေသည်။

ယနေ့(ဇန်နဝါရီ ၁၈) နံနက်ပိုင်းက ထီးချိုင့်မြို့နယ်ရှိ ကျေးရွာအချို့တွင် “ဆေးရုံ၊ စာသင်ကျောင်းနှင့် ဘာသာရေး အဆောက်အဦးများ စခန်းချခြင်း၊စစ်သင်တန်းပေးဖွင့်လှစ်ပါက ပစ်မှတ်ပြီး လေယာဥ်နှင့်ဗုံးကြဲနိုင်သည်”ဟု ရေးသားထားသာ စာရွက်များကို ဖြန့်ဝေနေကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

ထို့အပြင် “နောက်တစ်ခါ PDF များကို လက်ခံ အားပေးပါက၊ သင်တန်းဖွင့်ပါက ရွာလုံးကျွတ် ရွှေ့ပြောင်းရမည်” ဟု ပုံ/ထီးချိုင့်မြို့နယ် အုပ်ချုပ်ရေးဟူ၍ စစ်ကောင်စီတပ်က ခြိမ်းခြောက်နေသည်ဟု ဆိုသည်။

“အခုမနက် ထီးချိုင့် မြို့နယ်က ထွေအုပ်တွေလာကပ်တာ။စစ်ခွေးတွေပါ ပါတယ်”ဟု ဒေသခံတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

ထီးချိုင့်အပါအဝင်၊ အင်းတော်၊ကသာ မြို့ရှိ ကျေးရွာများကို အကြမ်းဖက်စစ်ကောင်စီတပ်က လေယာဥ် အသုံးပြုတိုက်ခိုက်မှုမှာ ယခုလဆန်းပိုင်းကစ၍ မြင့်တက်လာနေသည်။

Public Service Announcement

“ကြိုပြီသတင်းဖြန့်တာလို့ ယူဆရတယ်။ပြီးတော့ လူထု ကြောက်အောင် ခြောက်တဲ့သဘော အဖြစ်ယူဆတယ်။ တကယ်လို့ စစ်ခွေးတွေက လေယာဥ် အသုံးပြုလို့ ပြည်သူတွေ ထိခိုက် သေဆုံးတယ်ဆိုလည်း သူတို့ အပြစ်လွတ်အောင် ကြိုရှောင်တဲ့ အနေအထားပဲ”ဟု ထီးချိုင့်မြို့နယ် ပြည်သူ့တပ်ဖွဲ့မှ သတင်းထောက်ပို့တစ်ဦးက ပြောသည်။

ဇန်နဝါရီ ၅ ရက်ကလည်း အကြမ်းဖက်စစ်ကောင်စီသည် ထီးချိုင့်မြို့နယ်အတွင်းရှိ ကျေးရွာများကို လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်မည်ဟု စာရွက်များကြဲချ၍ ခြိမ်းခြောက်မှုများပြုလုပ်ခဲ့သည်။

ဇန်နဝါရီ ၄ ရက်တွင် ထီးချိုင့်နယ်စပ်ရှိ ဂဟဲရွာအတွင်း ရဟတ်ယာဥ် အသုံးပြု၍ အကြမ်းဖက်စစ်ကောင်စီက တိုက်ခိုက်ခဲ့ပြီး ဒေသခံအမျိုးသမီးတစ်ဦးသေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့ကာ နေအိမ်အချို့လည်း မီးလောင်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီမြို့နယ် လမိုင်းကော့ကျေးရွာကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ အသက် ၆၀ အရွယ်အမျိုးသမီး ၁ဦးသေဆုံးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊မလှိုင်မြို့နယ်တောင်ဘက်ပိုင်းကို တိုက်ပွဲမရှိဘဲ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်နေပြီး မိတ္ထီလာ-‌ ကျောက်ပန်းတောင်းလမ်းပိုင်းကို အင်အားဖြည့်တာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

အာရက္ခပြည်၊ သံတွဲမြို့နယ်၊ ငပလီမြို့ကို စစ်တပ်က လေယာဉ်အုပ်စုနဲ့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း နေအိမ်အဆောက်အအုံ ၂၀ခန့်ပျက်စီးပြီး ဒေသခံပြည်သူ ၂ဦး ထိခိုက်ခဲ့တယ်လို့ အာရက္ခတပ်တော်(AA)က ထုတ်ပြန်ပါတယ်။