Connect with us

Hi, what are you looking for?

News

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု အမှန်တကယ်ဖြစ်လာသည်အထိ မဆုတ်မနစ်ကြိုးပမ်းမည်ဟု NUCC ကတိပြု

လွတ်လပ်ရေးရပြီးချိန်မှစ၍ အစိုးရအဆက်ဆက် ပင်လုံစာချုပ်၊ ပင်လုံကတိကဝတ်များကို ချိုးဖောက်ကာ သမိုင်းတလျှောက် ရက်ရက်စက်စက်ဖိနှိပ်အနိုင်ကျင့်ခဲ့မှုများ၊ ခွဲခြားဆက်ဆံမှုများအတွက် NUCCက တိုင်းရင်း သားပြည်သူတရပ်လုံးကို လေးနက်စွာတောင်းပန်သည်ဟု ထုတ် ပြန်သည်။

▪️ပင်လုံကတိကဝတ်များချိုးဖောက်ကာ သမိုင်းတလျှောက် ရက်ရက်စက်စက်ဖိနှိပ်အနိုင်ကျင့်ခဲ့မှုများ၊ ခွဲခြားဆက်ဆံမှုများအတွက် တိုင်းရင်းသားပြည်သူတရပ်လုံးကို ​တောင်းပန်

တိုင်းရင်းသားပြည်သူတရပ်လုံးလိုလားသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို အမှန်တကယ် တည်ဆောက်နိုင်သည်အထိ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCCက မဆုတ်မနစ်ကြိုးပမ်းလုပ်ဆောင်မည်ဟု ယနေ့ကျရောက်သော ပင်လုံစာချုပ်ချုပ်ဆိုခြင်း (၇၅)နှစ်ပြည့်တွင် လေးနက်စွာကတိပြုကြောင်း ထုတ် ပြန်သည်။

စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်ဟူသမျှ ချုပ်ငြိမ်းရေး၊ ပင်လုံစာချုပ်၊ ပင်လုံကတိကဝတ်နှင့် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်အခြေခံမူများအပေါ် အခြေပြုသည့် ညီညွတ်ရေး၊ ကတိ ကဝတ်များကို အကောင်အထည်ဖော်ရေး၊ လူမျိုးကြီးဝါဒချုပ်ငြိမ်းရေးတို့ကို ဖော်ဆောင်ကာဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်မည်ဟု NUCCက သန္နိဌာန်ပြုခြင်းဖြစ်သည်။

လွတ်လပ်ရေးရပြီးချိန်မှစ၍ အစိုးရအဆက်ဆက် ပင်လုံစာချုပ်၊ ပင်လုံကတိကဝတ်များကို ချိုးဖောက်ကာ သမိုင်းတလျှောက် ရက်ရက်စက်စက်ဖိနှိပ်အနိုင်ကျင့်ခဲ့မှုများ၊ ခွဲခြားဆက်ဆံမှုများအတွက် NUCCက တိုင်းရင်း သားပြည်သူတရပ်လုံးကို လေးနက်စွာတောင်းပန်သည်ဟု ထုတ် ပြန်သည်။

Public Service Announcement

Public Service Announcement

NUCCကို CRPH အပါအဝင် ရွေးကောက်ပွဲလွှတ်တော်ကိုယ်စား လှယ်များအစုအဖွဲ့၊ နိုင်ငံရေးပါတီများ၊ သမဂ္ဂများ၊ အမျိုးသမီးများ၊ လူငယ်နှင့် လူနည်းစုဆိုင်ရာ အဖွဲ့အစည်းများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ နိုင်ငံ့ဝန်ထမ်း CDM များ၊ CDM လှုပ်ရှားမှုဆိုင်ရာ အဖွဲ့အစည်းများ၊ လူထုသပိတ်လှုပ်ရှားမှုဆိုင်ရာအဖွဲ့အစည်းများ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၊ ကြားကာလ ပြည်နယ်ဖက်ဒရယ်ယူနစ်ကိုယ်စားပြုကော်မတီဝင်များဖြင့် ဖွဲ့စည်းထားသည်။

ခေတ်အဆက်ဆက် စစ်အာဏာရှင်များ၊ အစိုးရများမှ ပြည်သူလူထုအပေါ် ခွဲခြားဖိနှိပ်မှုများ၊ လူ သားမျိုးနွယ်ကို ဆန့်ကျင်သော ရာဇဝတ်မှုများနှင့် စစ်ရာဇဝတ်မှုများ၊ လူမျိုးသုဉ်းသတ်ဖြတ်မှုများ ကျူးလွန်ခဲ့မှုများနှင့်ပတ်သက်၍ နစ်နာသူများကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က ယနေ့ ပြည်သူ့အစိုးရဖြစ်သည်နှင့်အညီ တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်ဖြင့် တောင်းပန်ကာ လုပ်ဆောင်သင့်သည့်ကိစ္စရပ်များကို ပြတ်သားစွာလုပ်ဆောင်ရန် NUCC က တိုက်တွန်းသည်။

ယနေ့သည် ၁၉၄၇ ၊ ဖေဖော်ဝါရီ ၁၂ ရက်တွင် ပင်လုံစာချုပ်ချုပ်ဆိုသည့် (၇၅) နှစ်မြောက်နှစ်ပတ်လည်နေ့ဖြစ်သည်။

လွန်ခဲ့သော ၇၅ နှစ်က ဗြိတိန်သျှကိုလိုနီအစိုးရထံမှ လွတ်လပ်ရေးကို အတူတကွရယူကာ ကိုယ်ပိုင်ပြဌာန်းခွင့်များကို မထိခိုက်စေဘဲ တန်းတူညီမျှစွာ အတူယှဉ်တွဲ နေထိုင် နိုင်မည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတခုကို တည်ဆောက်ရန် ဗမာပြည်မဒေသ၊ ပြည်ထောင်စုရှမ်းပြည်၊ ကချင်တောင်းတန်ဒေသနှင့် ချင်းတောင်တန်းဒေသကို ကိုယ်စားပြုသည့် တိုင်းရင်းသားကိုယ်စားလှယ်များက ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးကတိကဝတ်ပြုခဲ့ကြသည်။

သို့သော် အစိုးရအဆက်ဆက်သည် တိုင်းရင်းသားလူမျိုးပေါင်းစုံက မျှော်မှန်းခဲ့ကြသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီးကို အမှန်တကယ်ဖော်ဆောင်ခဲ့သယောင်လိမ်လည်လှည့်ဖျားပြီး လက်တွေ့တွင်မူ ပင်လုံစာချုပ်၊ ပင်လုံကတိကဝတ်များကို ချိုးဖောက်ကာ တပြည်ထောင်စနစ်ကို သာ ကျင့်သုံးခဲ့ကြကြောင်း NUCC က ထောက်ပြသည်။

ထိုသို့ အစိုးရအဆက်ဆက်က ပင်လုံစာချုပ်၊ ပင်လုံကတိကဝတ်ကို ဖော်ဆောင်ရန် ပျက်ကွက်ခဲ့ကြခြင်းကြောင့် တိုင်းရင်းသားပြည်သူတို့၏ နစ်နာဆုံးရှုံးခဲ့ရမှုများကို ယနေ့ကာလ ဖက်ဒရယ်ဒီ မိုကရေစီတော်လှန်ရေး၏ ဦးဆောင်မှုအခန်းကဏ္ဍတွင် ပါဝင်နေသော NUG အပါအဝင် တော်လှန်ရေးအင်အားစုများက ရှင်းလင်းစွာသိမြင်ပြီးဖြစ်၍ အနာဂတ်တွင် ထိုသို့ ထပ်မံမဖြစ်ပွားရန် နှင့် ပင်လုံစာချုပ်၊ ပင်လုံကတိကဝတ်များကို တိကျစွာဖော်ဆောင်ရန် လွန်စွာအရေးကြီးကြောင်းလည်း NUCC က ဆက်လက်ထောက်ပြသည်။

ထို့အပြင် တိုင်းရင်းသားပြည်သူများလိုလားသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီးကိုလည်း ပင်လုံစာချုပ်၊ ပင်လုံကတိကဝတ်နှင့် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်အတိုင်း အကောင်အထည်ဖော်ရန်လိုအပ်ပြီး စစ်အာဏာရှင်နှင့် အာဏာရှင်စနစ်မှန်သမျှချုပ်ငြိမ်းမှသာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကိုတည်ဆောက်နိုင်မည်ဖြစ်ကြောင်း NUCC က ထုတ်ပြန်အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

ကိုးကန့်တပ်မတော်(MNDAA)ရဲ့ စီမံခန့်ခွဲမှုအောက်မှာ ဒေသခံပြည်သူတွေ အခက်အခဲ ပြဿနာတွေ ကြုံနေရကြောင်း ရှမ်း(သျှမ်း)လူငယ်ကွန်ဂရက်က ဒီကနေ့ မေလ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ပြီး MNDAAအနေနဲ့ ဒေသခံတွေကို ဒုက္ခမပေးဘဲ ဒီမိုကရေစီစံနှုန်း ဖက်ဒရယ်စံနှုန်းနဲ့ ကိုက်ညီတာတွေကိုသာ စီမံဖို့ တိုက်တွန်းလိုက်ပါတယ်။

သတင်း

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ စစ်ကောင်စီရဲ့စစ်သံရုံးရှေ့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF)ကိုကြိုဆိုထောက်ခံကြောင်းနဲ့ စစ်အုပ်စုရဲ့ရွေးကောက်ပွဲက သမ္မတအတုဆိုတာကို လက်မခံကြောင်းကန့်ကွက်ဆန္ဒပြပွဲကို ဒီကနေ့ (ဧပြီ ၁၉)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်အာဏာရှင်တွေကိုစစ်ရေးအရဖိအားပေးတိုက်ခိုက်မှု အပါအဝင် စစ်ရေးနဲ့နိုင်ငံရေး ယှဉ်တွဲပြီး နိုင်ငံ တည်ဆောက်မယ်လို့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) အတွင်း​ရေးမှူးအဖွဲ့ဝင်​တွေက ပြောကြားလိုက်ပြီး ဒီလိုဆောင်ရွက်ရာမှာ အဖွဲ့ဝင်တွေ တိုးလာရေး၊ မဟာမိတ်တွေနဲ့ ပူးပေါင်းဆောင်ရွက်ရေး လမ်းကြောင်းနှစ်ခုနဲ့ လုပ်ဆောင်မယ်လို့အသိပေးပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) အစည်းအဝေးကို ဧပြီ ၁၀ရက် ညနေပိုင်းမှာ ကျင်းပခဲ့ပြီး ရှေ့လုပ်ငန်းစဉ်တွေအတွက်သဘောတူညီမှုတွေချမှတ်နိုင်ခဲ့​ကြောင်း ကောင်စီဝင် အဖွဲ့အစည်းတွေက သတင်းထုတ်ပြန်ပါတယ်။