Connect with us

Hi, what are you looking for?

ဗီဒီယို

တိုက်ပွဲ​တွေဖြစ်လာရင် ပြည်သူ​တွေဘယ်လိုလုပ်သင့်လဲ

တိုက်ပွဲတွေဖြစ်လာလျင် ပြည်သူ‌​တွေ ပြင်ဆင်သင့်တာ ၊လုပ်​ဆောင်သင့်တာကို အမျိုးသားညီညွတ်​ရေးအစိုးရ(NUG) ပြည်ထဲ​ရေးဝန်ကြီး ဦးလွင်ကိုလတ် ရဲ့ ​ဖေ့စ်ဘွတ်ခ်မှာ ဒီ​နေ့ တင်ထားပါတယ်။

မိမိပတ်ဝန်းကျင်တွင် မမျှော်လင့်ဘဲ ရုတ်တရက် တိုက်ပွဲဖြစ်ပွားလာပါက (သို့မဟုတ်) တိုက်ပွဲအတွင်းသို့ ရောက်ရှိနေပါက မိမိအသက်အန္တရာယ်လုံခြုံစေရန် ၊ ထိခိုက်မှုမရှိစေရန်အတွက် တိုက်ပွဲနှင့် ဝေးရာသို့ စနစ်တကျတိမ်းရှောင်နိုင်တတ်စေရန် လုပ်ဆောင်ရမည့် အချက်​လေးချက်ကိုလမ်းညွန်ထားပါတယ် ။အဲဒီအချက်​တွေက​တော့

  • ဝပ် (သို့) မှောက်နေပါ။ (ရင်ဘတ်နှင့် မြေကြီးခွာထားပါ)
  • ပတ်ဝန်းကျင်အခြေအနေကို လေ့လာပါ။
  • ကျည်ကွယ်သို့ ရွှေ့ပြောင်းပါ။
  • လုံခြုံသောနေရာသို့ ရွှေ့ပြောင်းပါ။
    တိုက်ပွဲ​တွေဖြစ်လာရင် လုပ်​ဆောင်သင့်တာ​တွေကို​ဖော်ပြ​ပေး​နေတဲ့ Civil Guardians Page ရဲ့ တရာဝင်တယ်လီဂရမ်ချန်နယ်ဖြစ်တဲ့ https://t.me/civilguardians မှာဝင်ရောက် လေ့လာကြည့်ရှုနိုင်ပါတယ်လို့လည်း ဝန်ကြီးက ​ရေးသားထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။