မိမိပတ်ဝန်းကျင်တွင် မမျှော်လင့်ဘဲ ရုတ်တရက် တိုက်ပွဲဖြစ်ပွားလာပါက (သို့မဟုတ်) တိုက်ပွဲအတွင်းသို့ ရောက်ရှိနေပါက မိမိအသက်အန္တရာယ်လုံခြုံစေရန် ၊ ထိခိုက်မှုမရှိစေရန်အတွက် တိုက်ပွဲနှင့် ဝေးရာသို့ စနစ်တကျတိမ်းရှောင်နိုင်တတ်စေရန် လုပ်ဆောင်ရမည့် အချက်လေးချက်ကိုလမ်းညွန်ထားပါတယ် ။အဲဒီအချက်တွေကတော့
- ဝပ် (သို့) မှောက်နေပါ။ (ရင်ဘတ်နှင့် မြေကြီးခွာထားပါ)
- ပတ်ဝန်းကျင်အခြေအနေကို လေ့လာပါ။
- ကျည်ကွယ်သို့ ရွှေ့ပြောင်းပါ။
- လုံခြုံသောနေရာသို့ ရွှေ့ပြောင်းပါ။
တိုက်ပွဲတွေဖြစ်လာရင် လုပ်ဆောင်သင့်တာတွေကိုဖော်ပြပေးနေတဲ့ Civil Guardians Page ရဲ့ တရာဝင်တယ်လီဂရမ်ချန်နယ်ဖြစ်တဲ့ https://t.me/civilguardians မှာဝင်ရောက် လေ့လာကြည့်ရှုနိုင်ပါတယ်လို့လည်း ဝန်ကြီးက ရေးသားထားပါတယ်။
