Connect with us

Hi, what are you looking for?

News

ကျဆုံးခဲ့သည့် သူရဲ​ကောင်းမသူသူဇင်အတွက် ထကြွလာသည့် မြ​တောင်သပိတ်စစ်​ကြောင်း

မသူသူဇင်သည် စစ်အာဏာရှင်ပြုတ်ကျ​ရေးဆန္ဒပြပွဲများတွင် တက်ကြွစွာအမြဲ ပါဝင်ခဲ့သူဖြစ်​သည်။ သူမ၏ရုပ်အ​လောင်းကို စစ်တပ်ကသယ်သွားပြီး ယ​နေ့က ပြန်လည်​ပေးခြင်း မရှိ​သေး​ပေ။

ကျဆုံးခဲ့သည့် သူရဲ​ကောင်းမသူသူဇင်အတွက် ပြန်လည်ထကြွမှုအဖြစ် မြ​တောင်သပိတ်စစ်​​ကြောင်းသည် ယ​နေ့တွင် လမ်းမ​ပေါ်သို့ပြန်လည်ချီတက်လာခဲ့သည်။

မန္တလေးမြို့တွင် မြတောင်သပိတ်စစ်ကြောင်းအား ယ​မန်နေ့မွန်းလွှဲပိုင်းတွင် အရပ်ဝတ်ဖြင့်စစ်ကောင်စီတပ်ဖွဲ့ဝင်များက ​သေနတ်ဖြင့်ပစ်ခတ်အကြမ်းဖက်ဖြိုခွင်းခဲ့ပြီး ဒဏ်ရာအပြင်းအထန်ရရှိခဲ့သူသုံးဦးမှ အသက် ၂၅ နှစ်အရွယ် မသူသူဇင် ကျဆုံးသွား​ခဲ့သည်။

ယမန်နေ့ (ဇူလိုင် ၂၇ ရက်)က မန္တလေးဘုရားကြီးအရှေ့မုခ်အနီး ဆိုင်ကယ်ဖြင့်​ပျောက်ကြားသပိတ်ဆင်နွဲ​နေ​သောမြတောင်သပိတ်စစ်ကြောင်း ဆန္ဒထုတ်ဖော်နေစဥ် အရပ်ဝတ်ဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ က ​သေနတ်ဖြင့်ပစ်ခတ်အကြမ်းဖက်ဖြိုခွင်းခဲ့ခြင်းဖြစ်ပြီး ၊မသူသူဇင်အပါအဝင် အမျိုးသားနှစ်ဦး သေနတ်ကျည်မှန်ခဲ့သည်။

မသူသူဇင်သည် စစ်အာဏာရှင်ပြုတ်ကျ​ရေးဆန္ဒပြပွဲများတွင် တက်ကြွစွာအမြဲ ပါဝင်ခဲ့သူဖြစ်​သည်။ သူမ၏ရုပ်အ​လောင်းကို စစ်တပ်ကသယ်သွားပြီး ယ​နေ့က ပြန်လည်​ပေးခြင်း မရှိ​သေး​ပေ။

Public Service Announcement

Public Service Announcement

မြ​​တောင်သပိတ်စစ်​ကြောင်းသည် စစ်အာဏာရှင်ဆန့်ကျင်​ရေးအတွက် မန္တ​လေးမြို့တွင် ​နေ့စဥ်မပျက်ချီတက်ဆန္ဒပြ​နေသည့် သပိတ်စစ်​ကြောင်းတစ်ခုဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ မနေ့ မတ်လ ၉ရက် ညက မီးလောင်မှုကြောင့် နေအိမ် ၆လုံး မီးလောင်ဆုံးရှုံးခဲ့ပါတယ်။

သတင်း

ပြည်သူလူထုရဲ့အသက်အိုးအိမ်စည်းစိမ်များစွာပျက်စီးဆုံးရှုံးခဲ့တဲ့အပြင် ကိုယ်စိတ်နှလုံးကြေကွဲခံစားခဲ့ရတဲ့မန္တလေးငလျင်ကြီးအကြောင်း ရိုက်ကူးထားတဲ့ဇာတ်ကားကိုမန္တလေးမြို့ခံတွေကကန့်ကွက်ဝေဖန်နေကြပါတယ်။

သတင်း

စစ်ကိုင်းငလျင်ကြီးဒဏ်ခံစားခဲ့ရတဲ့ မန္တလေးမြို့မှာ မြို့သစ်ပိုင်းက လမ်းဘေးဆိုင်တွေကို စစ်​ကောင်စီခန့်ဝန်ကြီးချုပ်အမိန့်နဲ့ ရဲနဲ့စည်ပင်က လိုက်လံဖယ်ရှားနေလို့ ဆိုင်တွေပိတ်ထားရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့တွင်း နဲ့ မြို့ပြင် တွေမှာ ယာဉ်ထိန်းနဲ့ ရဲတွေက အိမ်စီးကား လှည့်လည်ပြီး လိုင်စင်မဲ့ ကား၊ ဆိုင်ကယ်တွေကို အခုရက်ပိုင်းအတွင်း လိုက်လံဖမ်းဆီးနေတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။