Connect with us

Hi, what are you looking for?

News

မင်းကင်းဒေသမှ PDF ၅၇ဦး ဖမ်းဆီးခံရပြီး ​လေးဦးပစ်သတ်ခံရ

ဖမ်းဆီးခံထားရသူများကို ပျူစောထီးအဖွဲ့က စစ်ကောင်စီတပ်ထံ အပ်နှံခဲ့ရာ နယ်မြေအလိုက် PDF ခေါင်းဆောင် ၄ဦး အသတ်ခံရသည်ဟု ကြားရကြောင်း အဆိုပါ မင်းကင်းဒေသခံက ပြောသည်။

မင်းကင်းမြို့နယ် ဒေသခံများဖြင့်ဖွဲ့စည်းထားသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၅၇ဦး ဖမ်းဆီးခံရပြီး ယင်းအနက်မှ အနည်းဆုံး ၄ဦး သတ်ဖြတ်ခံရကြောင်း အဆိုပါမြို့ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်က လက်နက်တပ်ဆင် ဖွဲ့စည်းပေးထားသည့် ပျူစောထီးအဖွဲ့ဝင်အများစုရှိသည့် တောင်ဖြူရွာတွင် ဇူလိုင် ၂၈ရက်က ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

ဖြစ်စဉ်မှာ စစ်ကောင်စီတပ်များ တပ်စွဲနေထိုင်သည့် ပျူစောထီးကျေးရွာတစ်ရွာဖြစ်သော ပန်းဆက်ရွာမှပျူ​စောထီးများကို ဒေသခံ PDFများက ဝင်​ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ ပန်းဆက်ရွာသို့ သွားရောက်ကူညီမည့် မောက်ကတော်ဒေသမှ PDFများက ပျူစောထီးရွာတစ်ရွာဖြစ်သော ပန်းဆက်ကျေးရွာအုပ်စုမှ တောင်ဖြူရွာသို့ရောက်ရှိစဉ် အဆိုပါ တောင်ဖြူရွာ ပျူစောထီးအဖွဲ့၏ လှည့်စားမှုကို ခံခဲ့ရခြင်းဖြစ်ကြောင်း မင်းကင်းဒေသခံ ကပြောသည်။

“ စစ်ခွေးတွေရဲ့ မတရားလုပ်တာတွေများလွန်းတော့ မခံမရပ်နိုင်ဖြစ်ပြီးတော့ ပန်းဆက်ရွာကို သွားတိုက်တဲ့ PDFကို ကူမည်ဆိုပြီး သွားကြတာ။ သွားကြတဲ့အခါ အဲဒီ တောင်ဖြူရွာမှာ ရှိနေတဲ့ ပျူစောထီးတွေက PDF အသွင်ယူပြီး ဖိတ်ခေါ်တာ၊ အေးဆေးညှိနှိုင်းပြီး အလုပ်လုပ်ကြရအောင်ပါ ဆိုတာကို ခေါ်တဲ့ဟာကို ယုံကြည်ပြီး တက်သွားတာ” ဟု မင်းကင်းဒေသခံက ပြောသည်။ ထိုသို့ ဝင်ရောက်သွားစဉ် ပျူစောထီးအဖွဲ့၏ အ၀ိုင်းခံရပြီး ၅၇ဦး ဖမ်းဆီးခံရကြောင်း၊ ၁၂ဦး လွတ်မြောက်ခဲ့ကြောင်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

ထိုသို့ ဖမ်းဆီးခံထားရသူများကို ပျူစောထီးအဖွဲ့က စစ်ကောင်စီတပ်ထံ အပ်နှံခဲ့ရာ နယ်မြေအလိုက် PDF ခေါင်းဆောင် ၄ဦး အသတ်ခံရသည်ဟု ကြားရကြောင်း အဆိုပါ မင်းကင်းဒေသခံက ပြောသည်။

တောင်ဖြူရွာတွင် အပြန်အလှန် ပစ်ခတ်မှုမဖြစ်သော်လည်း ပန်းဆက်ရွာတိုက်ပွဲတွင် စစ်ကောင်စီဘက်က သေဆုံးဒဏ်ရာရမှုများရှိကြောင်း၊ ပန်းဆက်ရွာမှ ပျူစောထီးများကို စစ်ကောင်စီက လက်နက်ထောက်ပံ့ခြင်း၊ ကျေးရွာတစ်၀ိုက်တွင် ပစ်ကျင်းများ တူးထား၍ တုံပြန်ခြင်းများကြောင့် PDF တပ်ဖွဲ့ဝင်များ ပြန်လည်ဆုတ်ခွာခဲ့ ရကြောင်း မင်းကင်းဒေသခံက ပြောသည်။

ပန်းဆက်ရွာမှ ပျူစောထီးများ လက်နက်ရရှိရေးအတွက် မင်းကင်းအမတ်ဟောင်း ဦးမောင်မြင့်က အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူးထံ ဆက်သွက်တောင်းခံခဲ့၍ စစ်ကောင်စီတပ်မှ ရဟတ်ယာဉ်ဖြင့် လာရောက်၍ လက်နက်များထောက်ပံ့ပေးခဲ့သည်ဟု သိရကြောင်း မင်းကင်းဒေသခံက ပြောသည်။

မင်းကင်းဒေသရှိ PDFအဖွဲ့ဝင်များမှာ စစ်အာဏာရှင်၏ မတရားဖိနှိပ်မှုကို မခံချင်၍ ရရာလက်နက် ဆွဲကိုင်ခုခံတော်လှန်နေခြင်းဖြစ်ပြီး အများစုမှာ စနစ်တကျ စစ်သင်တန်းတက်ရောက်ထားသူများမဟုတ်ဟု ဒေသခံ ကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

Facebook