Connect with us

Hi, what are you looking for?

News

အာရှသို့ပို့ကုန်တင်ပို့​သောလုပ်ငန်းရှင်များပို့ကုန်ရ​ငွေကို တစ်လခွဲအတွင်းယူလာရမည်ဟု စစ်​ကောင်စီဆိုပြန်

​လုပ်ငန်းရှင်များကပို့ကုန်ရ​ငွေကို စစ်​ကောင်စီသတ်မှတ်ထား​သောဘဏ်များသို့ပြန်​ရောင်းပါက ပြင်ပတွင် ၁ ​ဒေါ်လာ ၂၀၀၀ ကျပ်ဝန်းကျင်​ပေါက်​သော်လည်း ၁၈၅၀ ကျပ်ဖြင့်မဖြစ်မ​နေ ပြန်​ရောင်းရသည်။ထိုသို့မ​ရောင်းပါက အ​ရေးယူမည်ဟုခြိမ်း​ခြောက်ထားသည်။

●​ဒေါ်လာလို​နေ​သောစစ်​ကောင်စီကလုပ်ငန်းရှင်များထံအတင်းအကြပ်လု​နေခြင်းဟုလုပ်ငန်းရှင်များသုံးသပ်

အာရှနိုင်ငံများကို ပို့ကုန်တင်ပို့သည့် လုပ်ငန်းရှင်များအ​နေဖြင့် ပို့ကုန်ရငွေများကို သ​ဘော်တင်သည့်​နေမှတစ်လခွဲအတွင်း ပြည်တွင်းပြန်လည်ယူဆောင်လာရမည်ဟု စစ်ကောင်စီဗဟိုဘဏ်ယနေ့ ထုတ်ပြန်သည်။

ယခင်က ပို့ကုန်ရငွေများကို ပြည်တွင်းသို့ ၃လအတွင်းပြန်လည်ယူဆောင်လာ၍ ရမည်ဟု အာဏာသိမ်းစစ်ကောင်စီက ၂၀၂၁ နိုဝင်ဘာ ၁၁ ရက်တွင် သတ်မှတ်ခဲ့ရာမှ ယခုအခါအာရှနိုင်ငံများကို တစ်လခွဲအဖြစ် ထပ်မံကန့်သတ်လိုက်ခြင်းဖြစ်သည်။ အာရှနိုင်ငံများကို တစ်လခွဲဟု ပြောင်းလဲသတ်မှတ်ပြီးအခြားနိုင်ငံများကို ၃ လအဖြစ်သာ ဆက်လက်ထားရှိမည်ဟု စစ်ကောင်စီ ဗဟိုဘဏ်ကဆိုသည်။

လိုက်နာဆောင်ရန် ပျက်ကွက်ပါ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲဥပဒေအရ အရေးယူမည်စစ်ကောင်စီကထပ်မံခြိမ်းခြောက်ထားသည်။

Public Service Announcement

Public Service Announcement

ထိုအပြင်စစ်ကောင်စီထိန်းချုပ်ထားသည့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကလည်း ၂၀၂၁ ခုနှစ်အတွင်း ပြည်တွင်းကို ပို့ကုန်ရငွေများ သတ်မှတ်ချိန်တွင်း ပြန်လည် မယူဆောင်လာသည့် ကုမ္ပဏီ ၃၄၆ခုကို လိုင်စင်ပိတ်သိမ်းခဲ့သည်ဟု မေ၆ ရက်က ထုတ်ပြန်သည်။ ကျန်ကုမ္ပဏီများကိုလည်း ထိုသို့အရေးယူမည်ဟု ခြိမ်းခြောက်ထားသည်။

“စစ်တပ်က နိုင်ငံခြားငွေအရမ်းလိုနေလို့ အခုလို အတင်းအကြပ်တွေလုပ်နေတာ။ ပြန်ယူလာရင်လည်း ပေါက်ဈေးထက် ၁၀ ရာခိုင်နှုန်းလျှော့ပြီး ကျပ်ငွေပြောင်းခံရတယ်။ ပြီးတော့ ကျပ်ငွေလည်း အလွယ်တကူပြန်ထုတ်လို့မရဘူး”ဟု ပို့ကုန်လုပ်ငန်းရှင်တစ်ဦးကပြောသည်။

​လုပ်ငန်းရှင်များကပို့ကုန်ရ​ငွေကို စစ်​ကောင်စီသတ်မှတ်ထား​သောဘဏ်များသို့ပြန်​ရောင်းပါက ပြင်ပတွင် ၁ ​ဒေါ်လာ ၂၀၀၀ ကျပ်ဝန်းကျင်​ပေါက်​သော်လည်း ၁၈၅၀ ကျပ်ဖြင့်မဖြစ်မ​နေ ပြန်​ရောင်းရသည်။ထိုသို့မ​ရောင်းပါက အ​ရေးယူမည်ဟုခြိမ်း​ခြောက်ထားသည်။

စစ်ကောင်စီက တင်းကြပ်မှုများသည် ပို့ကုန်လုပ်ငန်းများ ရပ်တည်ရန်ခက်ခဲလာသည်ဟု ၎င်းကဆက်​ပြောသည်။

အကြမ်းဖက်စစ်ကောင်စီသည် နိုင်ငံခြားငွေလိုအပ်ချက်အတွက် ပို့ကုန်လုပ်ငန်းရှင်များထံ အဓမ္မလုနေခြင်း သက်သက်သာဖြစ်သည်ဟုလည်း အခြားစီးပွားရေးလုပ်ငန်းရှင်တစ်ဦးကမှတ်ချက်ပြုသည်။

စစ်​ကောင်စီသည် ​ဒေါ်လာရလိုသဖြင့် အာဏာသိမ်းထား​သော ၁၅ လ​​ကျော်ကာလအတွင်း ​ဒေါ်လာနှင့်ပတ်သပ်​သောမူဝါကို အကြိမ်​ပေါင်းများစွာ အမျိုးမျိုးထုတ်ပြန် ကန့်သတ်၍ ​ဒေါ်လာရရန် နည်းမျိုးစုံဖြင့် လုပ်ကိုင်​နေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့မှာ စည်ကားကြောင်းပြသဖို့ စစ်ကောင်စီက စျေးပွဲတော်တွေ အဆက်မပြတ်စီစဉ်နေပြီး လူငယ်တွေကို စောင့်ကြည့်ဖို့ ညွှန်ကြားချက်ထုတ်ထားကြောင်း လူထုနွေဦးက စုံစမ်းသိရပါတယ်။

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

Trending

Facebook