Connect with us

Hi, what are you looking for?

News

ထားဝယ်တွင် ဒူးရင်းသီး​သည်အမျိုးသမီးကို PDF ၏မိခင်ဟုစွပ်စွဲပြီး စွန်ရဲအဖွဲ့က ​သေနတ်ဖြင့်ပစ်သတ်

ပစ်ခံရပြီး ဒေါ်ညွန့်လှိုင်သည် ထိုနေရာတွင် သေဆုံးသွားကာ ပစ်ခံရပြီး နာရီဝက်ကြာမှသာ ရဲနှင့် စစ်သားများရောက်လာပြီး ရုပ်အလောင်းကို ဆေးရုံကို သယ်သွားသည်ဟု ဒေသခံများကပြောသည်။

(စွန်ရဲအဖွဲ့ လုပ်ကြံသတ်ဖြတ်မှု ခံခဲ့ရ​သော ဒေါ်ညွှန်လှိုင် ၏ရုပ်အ​လောင်းကိုသဂြိုဟ်ရန်ပြင်ဆင်ထားစဥ်။ ဓါတ်ပုံ-CJ)

တနင်္သာရီတိုင်း၊ ထားဝယ်မြို့၊ ကမ်းနားဈေးတွင် အသက် ၆၀ အရွယ် ဒူးရင်းသီးသည်အမျိုးသမီးတစ်ဦးကိုစွန်ရဲအဖွဲ့(သွေးသောက်ကဲ့သို့​သောအဖွဲ့) က ​မေလ ၂၄ ရက်တွင်သေနတ်ဖြင့်ပစ်သတ်ခဲ့ကြောင်း ဒေသခံများကပြောသည်။

အသတ်ခံရသည့် ဒေါ်ညွန့်လှိုင်သည် ကမ်းနားဈေး အနောက်ဘက်ခြမ်းတွင် ဒူးရင်းသီးပေါ်ချိန်တွင် ဒူးရင်းသီးရောင်းချပြီး ကျန်ချိန်များတွင် ငါးရောင်းနေသည့်ဈေးသည် တစ်ဦးဖြစ်သည်ဟု ဒေသခံများကပြောသည်။

“သူ့သားကို PDF ကလို စွပ်စွဲပြီး လည်ပင်းကို အနောက်က သေပစ်သတ်သွားတာ”ဟု မျက်မြင်သက်သေတစ်ဦးကပြောသည်။

ဒေါ်ညွန့်လှိုင်ကို မေ ၂၄ ရက် မနက် ၉နာရီခန့်က သေနတ်သမားနှစ်ဦးက ဆိုင်ကယ်ဖြင့်ရောက်လာပြီး သေနတ်ဖြင့် ၃ ချက်ပစ်ခတ်သွားခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

ပစ်ခံရပြီး ဒေါ်ညွန့်လှိုင်သည် ထိုနေရာတွင် သေဆုံးသွားကာ ပစ်ခံရပြီး နာရီဝက်ကြာမှသာ ရဲနှင့် စစ်သားများရောက်လာပြီး ရုပ်အလောင်းကို ဆေးရုံကို သယ်သွားသည်ဟု ဒေသခံများကပြောသည်။

ထို​နောက် ရဲနှင့် စစ်သားများက မြို့ပေါ်နှင့် ကမ်းနားဈေး တဝှိုက်ကို ဟန်ပြစစ်ဆေးပြီး ပြန်လည်ထွက်ခွာသွားသည်ဟု မျက်မြက်သက်သေများကပြောသည်။

အာဏာသိမ်းစစ်​ကောင်စီ၏ ​နောက်ခံဖြင့်​သွေး​သောက်၊စွန်းရဲ အဖွဲ့များသည် NLD ပါတီဝင်များ ၊ ပါတီ​ထောက်ခံသူများ နှင့်စစ်​ကောင်စီ ဆန်ကျင်သူများကို ပစ်မှတ်ထားလုပ်ကြံသတ်ဖြတ်လာ​သောအဖွဲ့ဖြစ်သည်။ ထိုအဖွဲ့က လုပ်ကြံသတ်ဖြတ်မှု ဆယ်နှင့်ချီ၍ ရှိ​နေ​သော်လည်း စစ်​ကောင်စီက ထိုအဖွဲ့များကို အ​ရေးယူခြင်းတစ်ခုမျှမရှိ​ပေ။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

ရန်ကုန်မြို့လယ် ၊ကမာရွတ်မြို့နယ်မှာ တစ်ယောက်တည်းလမ်းလျှောက်တဲ့ အမျိုးသမီးတွေကိုအမျိုးသားတဦးကလိုက်နှောက်ယှက်တဲ့ဖြစ်ရပ်ကိုလုံခြုံ​ရေးကင်မရာ( စီစီတီဗီ)က အမိအရ မှတ်တမ်းတင်နိုင်ခဲ့ပါတယ် ။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။