Connect with us

Hi, what are you looking for?

LuduNwayOo

News

ထားဝယ်တွင် ဒူးရင်းသီး​သည်အမျိုးသမီးကို PDF ၏မိခင်ဟုစွပ်စွဲပြီး စွန်ရဲအဖွဲ့က ​သေနတ်ဖြင့်ပစ်သတ်

ပစ်ခံရပြီး ဒေါ်ညွန့်လှိုင်သည် ထိုနေရာတွင် သေဆုံးသွားကာ ပစ်ခံရပြီး နာရီဝက်ကြာမှသာ ရဲနှင့် စစ်သားများရောက်လာပြီး ရုပ်အလောင်းကို ဆေးရုံကို သယ်သွားသည်ဟု ဒေသခံများကပြောသည်။

(စွန်ရဲအဖွဲ့ လုပ်ကြံသတ်ဖြတ်မှု ခံခဲ့ရ​သော ဒေါ်ညွှန်လှိုင် ၏ရုပ်အ​လောင်းကိုသဂြိုဟ်ရန်ပြင်ဆင်ထားစဥ်။ ဓါတ်ပုံ-CJ)

တနင်္သာရီတိုင်း၊ ထားဝယ်မြို့၊ ကမ်းနားဈေးတွင် အသက် ၆၀ အရွယ် ဒူးရင်းသီးသည်အမျိုးသမီးတစ်ဦးကိုစွန်ရဲအဖွဲ့(သွေးသောက်ကဲ့သို့​သောအဖွဲ့) က ​မေလ ၂၄ ရက်တွင်သေနတ်ဖြင့်ပစ်သတ်ခဲ့ကြောင်း ဒေသခံများကပြောသည်။

အသတ်ခံရသည့် ဒေါ်ညွန့်လှိုင်သည် ကမ်းနားဈေး အနောက်ဘက်ခြမ်းတွင် ဒူးရင်းသီးပေါ်ချိန်တွင် ဒူးရင်းသီးရောင်းချပြီး ကျန်ချိန်များတွင် ငါးရောင်းနေသည့်ဈေးသည် တစ်ဦးဖြစ်သည်ဟု ဒေသခံများကပြောသည်။

“သူ့သားကို PDF ကလို စွပ်စွဲပြီး လည်ပင်းကို အနောက်က သေပစ်သတ်သွားတာ”ဟု မျက်မြင်သက်သေတစ်ဦးကပြောသည်။

ဒေါ်ညွန့်လှိုင်ကို မေ ၂၄ ရက် မနက် ၉နာရီခန့်က သေနတ်သမားနှစ်ဦးက ဆိုင်ကယ်ဖြင့်ရောက်လာပြီး သေနတ်ဖြင့် ၃ ချက်ပစ်ခတ်သွားခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

ပစ်ခံရပြီး ဒေါ်ညွန့်လှိုင်သည် ထိုနေရာတွင် သေဆုံးသွားကာ ပစ်ခံရပြီး နာရီဝက်ကြာမှသာ ရဲနှင့် စစ်သားများရောက်လာပြီး ရုပ်အလောင်းကို ဆေးရုံကို သယ်သွားသည်ဟု ဒေသခံများကပြောသည်။

ထို​နောက် ရဲနှင့် စစ်သားများက မြို့ပေါ်နှင့် ကမ်းနားဈေး တဝှိုက်ကို ဟန်ပြစစ်ဆေးပြီး ပြန်လည်ထွက်ခွာသွားသည်ဟု မျက်မြက်သက်သေများကပြောသည်။

အာဏာသိမ်းစစ်​ကောင်စီ၏ ​နောက်ခံဖြင့်​သွေး​သောက်၊စွန်းရဲ အဖွဲ့များသည် NLD ပါတီဝင်များ ၊ ပါတီ​ထောက်ခံသူများ နှင့်စစ်​ကောင်စီ ဆန်ကျင်သူများကို ပစ်မှတ်ထားလုပ်ကြံသတ်ဖြတ်လာ​သောအဖွဲ့ဖြစ်သည်။ ထိုအဖွဲ့က လုပ်ကြံသတ်ဖြတ်မှု ဆယ်နှင့်ချီ၍ ရှိ​နေ​သော်လည်း စစ်​ကောင်စီက ထိုအဖွဲ့များကို အ​ရေးယူခြင်းတစ်ခုမျှမရှိ​ပေ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။

သတင်း

တိုက်ခိုက်ခံရပြီးနောက် လျှော်ဖြူကျေးရွာသို့ ရွာကြီးရွာမှ စစ်ကောင်စီတပ်သားများ လာရောက်အင်အားဖြည့်ထားကြောင်း ဒေသခံများက ပြောသည်။

သတင်း

သရက်ကုန်းတိုက်ပွဲအတွင်း လက်နက်ငယ် (၄၀)ကျော် ၊ ၆၀မမ (၂)လတ် ၊ Drone Jammar (၁)ခု ၊ ခဲယမ်းအမြောက်အများအပါအဝင် ရန်သူ့အလောင်း ၂၁လောင်းသိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်သည်။