Connect with us

Hi, what are you looking for?

သတင်း

မီတာခ အပါအဝင်အခွန်အခများလိုက်ကောက်ခံမည့်စစ်​ကောင်စီဝန်ထမ်းများကိုတန့်ဆည် PDF သတိ​ပေး

တန့်ဆည်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီ၏ ထွေအုပ်၊စစ်တပ်နှင့် ရဲများကသက်ဆိုင်ရာဝန်ထမ်းများနှင့် ပူးပေါင်းကာ မီတာခများ၊အခွန်များ လိုက်လံကောက်ခံရန်ပြင်ဆင်နေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (တန့်ဆည်မြို့နယ်)ကပြောသည်။

တန့်ဆည် PDF

စစ်ကိုင်းတိုင်း၊တန့်ဆည်မြို့နယ်တွင်မီတာခအပါအဝင်အခွန်အခများ လိုက်လံကောက်ခံမည့် အကြမ်းဖက်စစ်ကောင်စီ၏ ဝန်ထမ်းများအား၎င်းတို့လုံခြုံရေးတာဝန်ယူမည်မဟုတ်ကြောင်းပြည်သူ့ကာကွယ်ရေးတပ်မတော်(တန့်ဆည်မြို့နယ်)က သတိပေးကြေညာသည်။

တန့်ဆည်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီ၏ ထွေအုပ်၊စစ်တပ်နှင့် ရဲများကသက်ဆိုင်ရာဝန်ထမ်းများနှင့် ပူးပေါင်းကာ မီတာခများ၊အခွန်များ လိုက်လံကောက်ခံရန်ပြင်ဆင်နေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (တန့်ဆည်မြို့နယ်)ကပြောသည်။

ပြည်သူတစ်ရပ်လုံးရွေးချယ်တင်မြောက်ထားသော ပြည်သူ့အစိုးရမတရားဖမ်းဆီးခံထားရချိန်၊အများပြည်သူများ စီးပွားရေးကျပ်တည်းနေချိန်၌ ယခုကဲ့သို့သော မီတာခနှင့်အခွန်ခများအား အကြမ်းဖက်စစ်ကောင်စီနှင့် ပူးပေါင်းကာ လိုက်လံကောက်ခံပေးခြင်း၊လမ်းညွန်ခြင်းများ ပြုလုပ်မည်ဆိုပါက သက်ဆိုင်ရာဝန်ထမ်းများ၏လုံခြုံံရေးအားလုံးဝ(လုံးဝ) တာဝန်ယူမည်မဟုတ်ကြောင်းပြည်သူ့ကာကွယ်ရေးတပ်မတော် (တန့်ဆည်မြို့နယ်)ကယနေ့(ဇွန်လ ၈ ရက်နေ့)တွင်အသိ
ပေးကြေညာသည်။

“စောစောစီးစီး ထွေအုပ်ရုံးထဲမီတာခတွေ သွားဆောင်နေကြတယ်။ခင်ဗျားတို့ပေးလိုက်တဲ့ပိုက်ဆံတွေက ဘယ်ရောက်မယ်ဆိုတာတော့ သိကြမှာပါနော်။…မလုပ်ကြပါနဲ့ဗျာ။ ဒီနေ့ဒီအချိန်ထိပေးဆပ်လာခဲ့ကြပြီးပြီပဲ။ထောင်ထားတဲ့လက်သီးလက်မောင်းတွေအားမာန်တင်းတင်းနဲ့ ဆက်ထောင်ထားပေးကြပါ။မီတာခမဆောင်လို့ မီးလာဖြတ်ပါစေ။ခဏတာအမှောင်ကို တစ်ဘဝစာမှောင်မယ့်လမ်းကြောင်းနဲ့တော့ မလဲကြပါနဲ့”ဟု Taze Support Organization -TSO အဖွဲ့က ပြောသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်တပ်သည် အာဏာသိမ်းကာလအတွင်း တန့်ဆည်မြို့နယ်ရှိ သံဃာတစ်ပါးအပါအဝင်ပြည်သူ၆၅ဦးထက်မနည်း သတ်ဖြတ်ထားသည်။

တန့်ဆည်မြို့နယ်အတွင်းရှိရွာပေါင်း ၄၁ရွာကအိမ်ခြေ ၁၁၁၅အိမ်အထိအကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့သည်။ ရွာ ၄ ရွာမှာ ရွာလုံးကျွတ်နီးပါး မီးရှို့ခံခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook