Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မီတာခ အပါအဝင်အခွန်အခများလိုက်ကောက်ခံမည့်စစ်​ကောင်စီဝန်ထမ်းများကိုတန့်ဆည် PDF သတိ​ပေး

တန့်ဆည်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီ၏ ထွေအုပ်၊စစ်တပ်နှင့် ရဲများကသက်ဆိုင်ရာဝန်ထမ်းများနှင့် ပူးပေါင်းကာ မီတာခများ၊အခွန်များ လိုက်လံကောက်ခံရန်ပြင်ဆင်နေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (တန့်ဆည်မြို့နယ်)ကပြောသည်။

တန့်ဆည် PDF

စစ်ကိုင်းတိုင်း၊တန့်ဆည်မြို့နယ်တွင်မီတာခအပါအဝင်အခွန်အခများ လိုက်လံကောက်ခံမည့် အကြမ်းဖက်စစ်ကောင်စီ၏ ဝန်ထမ်းများအား၎င်းတို့လုံခြုံရေးတာဝန်ယူမည်မဟုတ်ကြောင်းပြည်သူ့ကာကွယ်ရေးတပ်မတော်(တန့်ဆည်မြို့နယ်)က သတိပေးကြေညာသည်။

တန့်ဆည်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီ၏ ထွေအုပ်၊စစ်တပ်နှင့် ရဲများကသက်ဆိုင်ရာဝန်ထမ်းများနှင့် ပူးပေါင်းကာ မီတာခများ၊အခွန်များ လိုက်လံကောက်ခံရန်ပြင်ဆင်နေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (တန့်ဆည်မြို့နယ်)ကပြောသည်။

ပြည်သူတစ်ရပ်လုံးရွေးချယ်တင်မြောက်ထားသော ပြည်သူ့အစိုးရမတရားဖမ်းဆီးခံထားရချိန်၊အများပြည်သူများ စီးပွားရေးကျပ်တည်းနေချိန်၌ ယခုကဲ့သို့သော မီတာခနှင့်အခွန်ခများအား အကြမ်းဖက်စစ်ကောင်စီနှင့် ပူးပေါင်းကာ လိုက်လံကောက်ခံပေးခြင်း၊လမ်းညွန်ခြင်းများ ပြုလုပ်မည်ဆိုပါက သက်ဆိုင်ရာဝန်ထမ်းများ၏လုံခြုံံရေးအားလုံးဝ(လုံးဝ) တာဝန်ယူမည်မဟုတ်ကြောင်းပြည်သူ့ကာကွယ်ရေးတပ်မတော် (တန့်ဆည်မြို့နယ်)ကယနေ့(ဇွန်လ ၈ ရက်နေ့)တွင်အသိ
ပေးကြေညာသည်။

“စောစောစီးစီး ထွေအုပ်ရုံးထဲမီတာခတွေ သွားဆောင်နေကြတယ်။ခင်ဗျားတို့ပေးလိုက်တဲ့ပိုက်ဆံတွေက ဘယ်ရောက်မယ်ဆိုတာတော့ သိကြမှာပါနော်။…မလုပ်ကြပါနဲ့ဗျာ။ ဒီနေ့ဒီအချိန်ထိပေးဆပ်လာခဲ့ကြပြီးပြီပဲ။ထောင်ထားတဲ့လက်သီးလက်မောင်းတွေအားမာန်တင်းတင်းနဲ့ ဆက်ထောင်ထားပေးကြပါ။မီတာခမဆောင်လို့ မီးလာဖြတ်ပါစေ။ခဏတာအမှောင်ကို တစ်ဘဝစာမှောင်မယ့်လမ်းကြောင်းနဲ့တော့ မလဲကြပါနဲ့”ဟု Taze Support Organization -TSO အဖွဲ့က ပြောသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်တပ်သည် အာဏာသိမ်းကာလအတွင်း တန့်ဆည်မြို့နယ်ရှိ သံဃာတစ်ပါးအပါအဝင်ပြည်သူ၆၅ဦးထက်မနည်း သတ်ဖြတ်ထားသည်။

တန့်ဆည်မြို့နယ်အတွင်းရှိရွာပေါင်း ၄၁ရွာကအိမ်ခြေ ၁၁၁၅အိမ်အထိအကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့သည်။ ရွာ ၄ ရွာမှာ ရွာလုံးကျွတ်နီးပါး မီးရှို့ခံခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

Urban Freedom စစ်ဆင်ရေးအနေဖြင့် ပထမဆုံးလုပ်ဆောင်မှုကို ဧပြီ ၁၀ ရက်တွင် မင်္ဂလာဒုံမြို့မရဲစခန်းကို တိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့ပြီး ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။

သတင်း

တိုက်ခိုက်မှုအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်မှု ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ရန်သူ့တပ်ဘက်မှ အနည်းဆုံး(မျက်မြင်)လေးဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ မြေပြင်အခြေအနေတွင် ယခုထက်ပိုနိုင်ကြောင်း မြိတ်ခရိုင် တပ်ရင်း(၁)က အသိပေးသည်။

သတင်း

နှစ်ဘက်တိုက်ပွဲများကြောင့် ဆွာမြို့အနီးတစ်ဝိုက်ရှိ ကျေးရွာ(၅)ရွာမှ ပြည်သူအများအပြား နေအိမ်စွန့်ခွာ၍ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်း ရှောင်နေကြရကြောင်း စုံစမ်းသိရသည်။

သတင်း

ကော့ကရိတ်မြို့မြောက်ပိုင်း၌ နေရာယူထားသော ကျားဖြူစစ်ကြောင်းရှိရာသို့ စစ်ကောင်စီတပ်က တိုးဝင်လာ၍ တိုက်ပွဲစတင်ဖြစ်ခဲ့ပြီး လက်ရှိတွင် စစ်ကောင်စီက လေကြောင်းမှ အဆိပ်ငွေ့ဗုံးအသုံးပြုတိုက်ခိုက်နေသည်ဟု ၎င်းက ပြောသည်။