Connect with us

Hi, what are you looking for?

သတင်း

ရဟတ်ယာဉ်အမှုမှာ NLD လူကယ်ပြန် ဒုဝန်ကြီး ကို သက်သေအဖြစ် စစ်ဆေးမယ်

ဒီအမှုမှာ စစ်ကောင်စီက နိုင်ငံဘဏ္ဍာနစ်နာတယ်ဆိုပြီး သမ္မတ ဦးဝင်းမြင့် ၊ဒေါ်အောင်ဆန်းစုကြည်နဲ့ လူကယ်ပြန်ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတို့ကို ထောင်ဒဏ် ၁၅ နှစ်ထိ ချလို့ရတဲ့ အဂတိပုဒ်မနဲ့ တရားစွဲဆိုထားတာပါ။

ရဟတ်ယာဉ်အမှုမှာ NLD လူကယ်ပြန် ဒုဝန်ကြီး ကို သက်သေအဖြစ် စစ်ဆေးမယ်
ရဟတ်ယာဉ်အမှုမှာ NLD လူကယ်ပြန် ဒုဝန်ကြီး ကို သက်သေအဖြစ် စစ်ဆေးမယ်

ရဟတ်ယာဉ် ဌားရမ်းဝယ်ယူမှုနဲ့ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို စစ်ကောင်စီက တရားစွဲထားတဲ့အမှုမှာ လူကယ်ပြန်ဒုဝန်ကြီး ဦးစိုးအောင်ကို သက်သေအဖြစ် မနက်ဖြန် ရုံးချိန်းမှာစစ်ဆေးမယ်လို့သိရပါတယ်။

ဒုဝန်ကြီး ဦးစိုးအောင်ဟာ NLD အစိုးရလက်ထက် မှာ အမြဲတမ်းအတွင်းဝန်ကနေ ဒုဝန်ကြီးအဖြစ် ခန့်အပ်ခံရသူဖြစ်ပါတယ်။ဒါပေမယ့် စစ်ကောင်စီအာဏာသိမ်းပြီးနောက် တာဝန်ကနေရပ်စဲခံရသူလည်းဖြစ်ပါတယ်။

ဒီအမှုမှာ စစ်ကောင်စီက နိုင်ငံဘဏ္ဍာနစ်နာတယ်ဆိုပြီး သမ္မတ ဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ လူကယ်ပြန်ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတို့ကို ထောင်ဒဏ် ၁၅ နှစ်ထိ ချလို့ရတဲ့ အဂတိပုဒ်မနဲ့ တရားစွဲဆိုထားတာပါ။

တရားလိုကတော့ စစ်ကောင်စီ ပြန်ဖွဲ့စည်းထားတဲ့ အဂတိကော်မရှင်က အရာရှိ ဦးအောင်ခန့်ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဒီနေ့ ရုံးချိန်းမှာ ရဟတ်ယာဉ် ဌားရမ်းဝယ်ယူတဲ့ မြန်မာပြန် စာချုပ်ကို သက်သေအဖြစ် တရားလိုက တရားရုံးကိုတင်ပြခဲ့ပါတယ်။ စွပ်စွဲခံရသူ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ရှေ့နေက စာချုပ်ကို အသေးစိတ်လေ့လာဖို့အတွက် တရားရုံးကို တင်ပြရာမှာ တရားရုံးဘက်က လက်ခံခဲ့တယ်လို့သိရပါတယ်။

ရုံးချိန်းမစတင်မီ ရှေ့နေအဖွဲ့နဲ့ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်တို့ တွေ့ဆုံခဲ့ကြရပြီး ၂ ဦးလုံးကျန်းမာရေးကောင်းမွန်ကြတယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC) ကိုယ်စားလှယ်တို့ တွေ့ဆုံခဲ့ကြောင်း သတင်းတွေအပေါ် အလေးထား စောင့်ကြည့်သုံးသပ်နေပြီး ICRC ရဲ့ လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ ကြိုးပမ်းမှုကို အသိအမှတ်ပြုတယ်လို့ NLD ဗဟိုအလုပ်ကော်မတီက ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ဂရိနိုင်ငံမှာ တောမီးတွေကို ငြှိမ်းသတ်ဖို့ ကြိုးစားနေတဲ့ လုပ်ငန်းစဉ်မှာ ပါဝင်နေတဲ့ မီးသတ် ရဟတ်ယာဉ် ၂ စီး လေထဲမှာ တိုက်မိရာက ၂ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

သတင်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့မှာသံဃာတွေကိုဆွမ်းလောင်းပြီး မွေးနေ့ဆုတောင်းပေးခဲ့တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီရဲ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းဒေါက်တာစောနိုင်ကိုအာဏာသိမ်းစစ်တပ်ကဖမ်းဆီးပြီးနောက် ထောင်ဒဏ်သုံးနှစ်ချလိုက်တယ်လို့ ပါတီနဲ့နီးစပ်သူအချို့ဆီကသိရပါတယ်။

ဆောင်းပါး

နေပြည်တော် အာဏာသိမ်းစစ်အုပ်စုက ငြိမ်းချမ်းရေးလို့ ခေါင်းစဥ်တပ်ကာ တွေ့ဆုံဆွေးနွေးပွဲတွေ ပြုလုပ်နေချိန်မှာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲအနိုင်ရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီက ‘တွေ့ဆုံညှိနှိုင်းအဖြေရှာရေး’မူကို ကိုင်စွဲကြောင်း ထုတ်ပြန်လာပါတယ်။