ရန်ကုန်မှာရှိတဲ့ ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး( YMBA ) ရုံးချုပ်ကို လက်လုပ်ဗုံးနဲ့ လာရောက်ပစ်ခတ်သွားတယ်လို့ အဲဒီအသင်းရဲ့ ဖေ့ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာမှာ သတင်းထုတ်ပြန်ထားပါတယ်။
ဒီနေ့ မွန်းလွဲပိုင်း ၁ နာရီ ၄၅ မိနစ်လောက်က ပုဇွန်တောင်မြို့နယ် ၊ရေကျော်လမ်းမှာရှိတဲ့ YMBA အဆောက်အဦးဟာ လက်လုပ်ဗုံးနဲ့ ပစ်ခတ်ခံရတာလို့ဆိုထားပါတယ်။
စီစီတီဗီ မှတ်တမ်းတွေအရ လမ်းတစ်ဖက်ခြမ်း ကနေ စနစ်တံမီးရှို့ကာပစ်ပေါက်ထွက်ပြေးသွားတာဖြစ်ပြီး လူနဲ့ ပစ္စည်းထိခိုက်မှုမရှိဘူးလို့ YMBA ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။