Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန် – မန္တလေးလမ်းဟောင်းတွင် စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ

ယနေ့ (သြဂုတ်၂၆ရက်)နံနက် ၉ နာရီခန့်က ရန်ကုန်-မန္တလေးလမ်းဟောင်း၊ ဝမ်းတွင်းမြို့တောင်ဘက်အထွက် လျှော်ပင်ကျေးရွာအနီးတွင် စစ်ကောင်စီယာဉ်တန်း ပဒေသာမိုင်းဆွဲကာ တိုက် ခိုက်ခံရခြင်းဖြစ်ကြောင်း Voice Of Wundwin က ဖော်ပြသည်။

သြဂုတ် ၁၃ ရက်က ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်တွင် တိုက်ခိုက်ခံခဲ့ရသည့် သံချ​ပ်ကာသင်တန်းဆင်းများလိုက်ပါလာသော အကြမ်းဖက်စစ်တပ်ယာဥ်အား တွေ့ရစဥ်။ဓာတ်ပုံ-WTRF
သြဂုတ် ၁၃ ရက်က ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်တွင် တိုက်ခိုက်ခံခဲ့ရသည့် သံချ​ပ်ကာသင်တန်းဆင်းများလိုက်ပါလာသော အကြမ်းဖက်စစ်တပ်ယာဥ်အား တွေ့ရစဥ်။ဓာတ်ပုံ-WTRF

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်ရှိ ရန်ကုန်-မန္တလေးလမ်းဟောင်းတွင် အကြမ်းဖက် စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုများနိုင်ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယနေ့ (သြဂုတ်၂၆ရက်)နံနက် ၉ နာရီခန့်က ရန်ကုန်-မန္တလေးလမ်းဟောင်း၊ ဝမ်းတွင်းမြို့တောင်ဘက်အထွက် လျှော်ပင်ကျေးရွာအနီးတွင် စစ်ကောင်စီယာဉ်တန်း ပဒေသာမိုင်းဆွဲကာ တိုက် ခိုက်ခံရခြင်းဖြစ်ကြောင်း Voice Of Wundwin က ဖော်ပြသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ WRTF တာဝန်ရှိသူက “မိတ္ထီလာဘက်ကိုသွားတဲ့ ွေးကား။ ဒုံးကျည်လားကျနေတာပဲမြန်တာ။ ကားတွေကအရင်လိုသိပ်မဖြတ်တော့ဘူး။”ဟုPeople’s Spring သို့ပြောသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ Wundwin Township Revolution Force အဖွဲ့က မှန်ကန်ကြောင်း အတည်ပြုပြောကြားပြီး အသေးစိတ်ထပ်မံထုတ်ပြန်ပေးမ​ည်ဟု ဖြေကြားသည်။

Public Service Announcement

Public Service Announcement

မိတ္ထီလာခရိုင်အခြေစိုက် Wundwin Township Revolution Force အဖွဲ့သည် ပြီးခဲ့သည့် သြဂုတ် ၁၃ ရက်ကလည်း ဝမ်းတွင်းမြို့နယ် ဘုရားစုကျေးရွာနှင့်ဒိုင်ကောင်း‌ကုန်းကျေးရွာကြား ရန်-မန်းလမ်းမဟောင်းပေါ်တွင် သံချပ်ကာသင်တန်းဆင်းလာသော အကြမ်းဖက်စစ်သား ၈၀ကျော်ပါ ကားကြီးနှစ်စီးအားပဒေသာမိုင်းခွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ​လေးဦးထက်မနည်း သေဆုံးခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြိုနယ်နှစ်ခုမှာ ဒီရက်ပိုင်းအတွင်း ယာဉ်တိုက်မှုကြောင့် အမျိုးသမီး ၂ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

ရန်ကုန်နဲ့ ဧရာဝတီတိုင်းမှာ အခုရက်ပိုင်းကြုံတွေ့နေရတဲ့ လေပြင်းဘေးကြောင့် စပါးခင်းအများအပြားပျက်စီးခဲ့တယ်လို့ ဒေသခံတောင်သူလယ်သမားတွေက ပြောပါတယ်။

Facebook