Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မြို့သစ်ချည်မျှင်စက်ရုံတာဝန်ခံ ဗိုလ်မှူးနေအိမ်ဝင်ရောက်စီးနင်းသည့်ဖြစ်စဥ်တွင် ပြည်သူ့စစ်ခေါင်းဆောင်များ၏ အချက်အလက်များတွေ့ရှိ၍ အရေးယူမှုများလုပ်ဆောင်သွားမည်ဟု သတိပေး

“ကျွန်တော်တို့က အစကအရှင်ဖမ်းဖို့ပါ။ ဒါပေမယ့် သူက အထဲကနေခံပစ်တော့ တခါတည်းရှင်းလိုက်ရတာ။” ဟု Young Force ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ဓာတ်ပုံ - Young Force UG
ဓာတ်ပုံ - Young Force UG

မကွေးတိုင်း ပခုက္ကူမြို့ မြို့သစ်ချည်မျှင်နှင့်အထည်စက်ရုံတာဝန်ခံ ဗိုလ်မှူး၏ နေအိမ်ဝင်ရောက်စီးနင်းခဲ့သည့်ဖြစ်စဥ်တွင် ပြည်သူ့စစ်ခေါင်းဆောင်များ၏ အချက်အလက်များတွေ့ရှိခဲ့ပြီး အရေးယူမှုများလုပ်ဆောင်သွားမည်ဟု ပြည်သူ့ကာကွယ်ရေးမဟာမိတ်အဖွဲ့က သတိပေးထုတ်ပြန်သည်။

မြို့သစ်မြို့ အမှတ်(၅) ​ချည်မျှင်နှင့်အထည်စက်ရုံရှိ ဝန်ထမ်းအိမ်ရာတွင်နေထိုင်သော စစ်ကောင်စီ ဗိုလ်မှူး အောင်ဇော်ဦး၏ နေအိမ်ကို ယနေ့(သြဂုတ် ၂၆ရက်) နံနက် ၆နာရီခန့်တွင် Defense Team Pakokku (DTP)နှင့် ပခုက္ကူမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Young Force UG က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ ယင်းတိုက်ခိုက်မှုတွင် ဗိုလ်မှူးအောင်ဇော်ဦး ဒဏ်ရာအပြင်းအထန်ရသွားပြီး ဆေးရုံ၌ သေဆုံးသွားကြောင်းနှင့် ဇနီးဖြစ်သူမှာ ပွဲချင်းပြီးသေဆုံးသွားခဲ့သည်ဟု သတင်းရရှိထားကြောင်း Young Force UG က ထုတ်ပြန်သည်။

ဗိုလ်မှူး အောင်ဇော်ဦး နေအိမ်မှ Laptop(၁)လုံး၊ လူကြီးခရီးစဥ်မှတ်စု စာအုပ် (၁)အုပ် ၊ကား (၁)စီးအား ပြည်သူ့ကာကွယ်ရေးအဖွဲ့ သိမ်းဆည်းနိင်ခဲ့သည်။ ထို့အပြင် ပြည်သူ့စစ်ခေါင်းဆောင်များ၏ အချက်အလက်များပါရရှိထားပြီး အရေးယူမှုများ လုပ်ဆောင်သွားမည်ဟု Young Force UG က ထုတ်ပြန်သည်။

ဗိုလ်မှူးအောင်ဇော်ဦးအား ဝင်ရောက်ဖမ်းဆီးရာတွင် အညံ့မခံဘဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအား သေနတ်ဖြင့်ပြန်လည် ပစ်ခတ်ခဲ့ကြောင်း၊လက်နက်ချ အဖမ်းခံရန်အော်ပြောသော်လည်း ဆက်လက်ပစ်ခတ်နေ၍ ပြည်သူ့ကာကွယ်ရေးမဟာမိတ်ရဲဘော်များက ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဟု ရှင်းပြထားသည်။

Public Service Announcement

Public Service Announcement

ဗိုလ်မှူး အောင်ဇော်ဦးသည် မြို့သစ်ချည်မျှင်နှင့်အထည်စက်ရုံ၊အမှတ် (၁၁)စက်ရုံ၏ တာဝန်ခံဖြစ်သည်။ ၎င်းဦးဆောင်သည့် စက်ရုံတာဝန်ခံများက ယင်းစက်ရုံမှ CDM ဝန်ထမ်းများကို နှင်ထုတ်ခဲ့ဖူးသည်ဟုလည်း Young Force က ဆိုသည်။

“ကျွန်တော်တို့က အစကအရှင်ဖမ်းဖို့ပါ။ ဒါပေမယ့် သူက အထဲကနေခံပစ်တော့ တခါတည်းရှင်းလိုက်ရတာ။” ဟု Young Force ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

ဧပြီ ၂၀ရက်တွင် ဆီဆိုင်မြို့နယ် နားခိုက်ကျေးရွာရှိ PNLO ဒုဥက္ကဋ္ဌ(၂)ဖြစ်သူဗိုလ်မှူးချုပ်ခွန်ကျော်ထင်၏ မိသားစုပိုင်နေအိမ်၊ PNLAရဲဘော်အချို့ မိဘပိုင်နေအိမ်နှင့် ပြည်သူအချို့၏ နေအိမ်များကို PNO ပြည်သူ့ စစ်က ဖြိုချဖျက်ဆီးကာ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြသည်။

သတင်း

TNLA သိမ်းပိုက်ထားသည့် နမ့်ခမ်းမြို့နယ်အတွင်း ယခင်က ပန်ဆေးပြည်သူ့စစ် ထိန်းချုပ်ခဲ့သည့် ဒေသမှ ဘိန်းခင်းများကို မတ်လ ၄ ရက်နေ့မှ ၁၂ရက် အတွင်း ၉ရက်ကြာ ဖျက်ဆီးခဲ့သည်ဟု အသိပေးသည်။

သတင်း

အထက်ပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ထံမှ MA လက်နက်ငယ် ၁၅ လက်၊ ဒရုန်းပစ်လက်နက် ၁ လက်၊ ပစ္စတို ၁ လက် နှင့် လက်နက်ခဲယမ်းကျည်ဆံများကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း PNLA က ထုတ်ပြန်သည်။