Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တိုင်ဖွန်း မုန်တိုင်းကြောင့် တောင်ကိုရီးယား ကားပါကင်တစ်ခု ရေလွှမ်းပြီး လူ ၇ ဦး သေဆုံး

ပိုဟန်းအပြင် နိုင်ငံ တောင်ပိုင်းက ဘူဆန်နဲ့ အူလ်ဆန်တို့လို မြို့တွေလည်း မုန်တိုင်းကြောင့် ထိခိုက်မှုတွေ ခံစားခဲ့ရပါတယ်။ သစ်ပင်နဲ့ ဓာတ်တိုင်တွေ ပြိုလဲတာ၊ ပြတင်းမှန်တွေ ကွဲကျေကုန်တာမျိုးတွေ ကြုံခဲ့ကြရပါတယ်။

တိုင်ဖွန်း မုန်တိုင်းကြောင့် တောင်ကိုရီးယား ကားပါကင်တစ်ခု ရေလွှမ်းပြီး လူ ၇ ဦး သေဆုံး
တိုင်ဖွန်း မုန်တိုင်းကြောင့် တောင်ကိုရီးယား ကားပါကင်တစ်ခု ရေလွှမ်းပြီး လူ ၇ ဦး သေဆုံး

တိုင်ဖွန်းမုန်တိုင်းကြောင့် တောင်ကိုရီးယားက မြေအောက် ကားပါကင် တစ်ခုမှာ လူ ၇ ဦး အစုအပြုံလိုက် ရေနစ် သေဆုံးခဲ့ကြောင်း သိရပါတယ်။

စူပါတိုင်ဖွန်း မုန်တိုင်းကြီး ဟင်နမ်နော်ဟာ အခု သီတင်းပတ် အစောပိုင်းမှာ တောင်ကိုရီးယား နိုင်ငံ တောင်ပိုင်းကို ဝင်ရောက် တိုက်ခတ်ခဲ့ပါတယ်။ ဟင်နမ်နော်ဟာ ၂၀၂၂ ခုနှစ်ထဲမှာ ကြုံတွေ့ရတဲ့ အားအပြင်းဆုံး မုန်တိုင်းလည်း ဖြစ်ပါတယ်။

ပိုဟန်းမြို့က မြေအောက် ကားပါကင် တစ်ခုမှာ ရေတွေ စဝင်လာတဲ့နောက် ကားပိုင်ရှင်တွေက သူတို့ကားတွေကို နေရာဆင်းရွှေ့ခဲ့ကြပါတယ်။ ဒါပေမဲ့လည်း ရုတ်တရက် ဆောင့်ဝင်လာတဲ့ ရေလှိုင်းကြီးတွေအောက်မှာ နစ်မြုပ်ပြီး သေဆုံးကုန်ကြတာပါ။ ကယ်ဆယ်ရေး အဖွဲ့တွေဟာ မြေအောက် ကားပါကင်ရဲ့ မျက်နှာကျက်က ပိုက်လိုင်းတွေမှာ ၁၂ နာရီကျော်ကြာအောင် ဖက်တွယ်ထားနိုင်လို့ အသက်ရှင် လွတ်မြောက်လာသူ ၂ ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း ပြောပါတယ်။ လောလောဆယ်တော့ ၂ ယောက်စလုံး ဆေးရုံရောက်နေပြီး ကျန်းမာရေး အခြေအနေ တည်ငြိမ်နေပါတယ်။

ကယ်ဆယ်ရေးတွေရဲ့ အဆိုအရ ညိုပုပ် နောက်ကျိနေတဲ့ ရေတွေဟာ မြေအောက် ကားပါကင် တစ်ခုလုံးကို ဖုံးလွှမ်းနေခဲ့ကြောင်း သိရပါတယ်။ တိုက်ခန်းတွဲ တစ်ခုမှာ နေထိုင်သူ ၉ ဦးဟာ ကားပါကင် ရေမြုပ်တော့မယ့် အကြောင်းကို တိုက်ခန်း စီမံအုပ်ချုပ်ရေး အဖွဲ့က လှမ်းအကြောင်းကြားချိန်မှာ ကားဆင်းရွှေ့ခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီထဲကမှ အသက် ၃၀ ကျော်အရွယ် အမျိုးသား တစ်ဦးနဲ့ အသက် ၅၀ ကျော်အရွယ် အမျိုးသမီး တစ်ဦးတို့သာ အသက်ရှင် ကျန်ခဲ့ကြတာပါ။

Public Service Announcement

Public Service Announcement

တောင်ကိုရီးယား သမ္မတ ယွန်းဆွတ်ခ်ယိုလ်က ရေနစ်သေဆုံးသူတွေရဲ့ မိသားစုတွေနဲ့ထပ်တူ ဝမ်းနည်း ကြေကွဲကြောင်း ပြောကြားခဲ့ပါတယ်။ သတင်းတွေ ကြားကြားချင်း တစ်ညလုံး အိပ်လို့တောင် မပျော်ခဲ့ဘူးလို့ သမ္မတက ဆိုတယ်။ အခုတော့ ပိုဟန်းမြို့ကို သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ အရေးပေါ် နယ်မြေတစ်ခုအဖြစ် သတ်မှတ် ကြေညာစေခဲ့ပြီး သမ္မတကိုယ်တိုင် သွားရောက်မယ်လို့ ဆိုပါတယ်။

ပိုဟန်းမှာ ကမ်းခြေ ဟိုတယ်တစ်လုံးလည်း တစ်ခြမ်းစောင်း ပြိုကျသွားတာ တွေ့ရပါတယ်။ ဒါပေမဲ့ ဧည့်သည်တွေ ထိခိုက် ဒဏ်ရာရမှုတော့ မရှိခဲ့ပါဘူး။ ပိုဟန်းက မုန်တိုင်းဒဏ်ကို အဆိုးဆုံး ခံခဲ့ရတဲ့ ဒေသတစ်ခု ဖြစ်ခဲ့ပါတယ်။

အခုဆိုရင် ဟင်နမ်နော် တိုင်ဖွန်းနဲ့ ဆက်စပ် သေဆုံးသူ ၁၀ ဦးထက်မနည်း ရှိခဲ့ပါပြီ။ ဒီမုန်တိုင်းကြီးရဲ့ ဒဏ်ကို တောင်ကိုရီးယားရဲ့ တောင်ပိုင်းနဲ့ အရှေ့ပိုင်း ကမ်းရိုးတန်း ဒေသတွေ အဓိက သက်ရောက် ခံစားခဲ့ရပါတယ်။ ဒါပေမဲ့ မုန်တိုင်းကြောင့် ဖြစ်ပေါ်လာတဲ့ ထိခိုက် ပျက်စီးမှုတွေဟာ မူလ ခန့်မှန်းထားတာထက်တော့ နည်းပါးတယ်လို့ ဆိုပါတယ်။

ပိုဟန်းအပြင် နိုင်ငံ တောင်ပိုင်းက ဘူဆန်နဲ့ အူလ်ဆန်တို့လို မြို့တွေလည်း မုန်တိုင်းကြောင့် ထိခိုက်မှုတွေ ခံစားခဲ့ရပါတယ်။ သစ်ပင်နဲ့ ဓာတ်တိုင်တွေ ပြိုလဲတာ၊ ပြတင်းမှန်တွေ ကွဲကျေကုန်တာမျိုးတွေ ကြုံခဲ့ကြရပါတယ်။

တောင်ကိုရီးယားဟာ တခြား အရှေ့အာရှ နိုင်ငံတွေနည်းတူ ပြီးခဲ့တဲ့ လပိုင်းအတွင်း စံချိန်တင် အပူချိန် မြင့်တက်တာ၊ မိုးသည်းသည်းထန်ထန် ရွာသွန်းတာမျိုး ရာသီဥတု ပြောင်းလဲ ဖောက်ပြန်မှုတွေဒဏ်ကို သက်ရောက် ခံစားခဲ့ရပါတယ်။ ဩဂုတ်လတုန်းကလည်း မြို့တော် ဆိုးလ်အပါအဝင် မြို့တော်တော်များများမှာ မိုးဆက်တိုက် ရွာပြီး ရေလွှမ်းမိုးမှုတွေ ဖြစ်ပေါ်ခဲ့ရာက လူ ၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြောက်ကိုရီးယား နိုင်ငံနဲ့ တင်းမာမှုတွေကို လျှော့ချဖို့အတွက် ဦးဆောင် ညှိနှိုင်းပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တောင်ကိုရီးယား သမ္မတက တောင်းဆိုခဲ့ပါတယ်။

သတင်း

ဇွန်လ ၁၉ရက်မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် နယ်သာလန်၊ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့မှာ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ စုပေါင်းပြီး မွေးနေ့ဆုတောင်းပွဲကို ဒီကနေ့ (ဇွန် ၁၄)မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယားနဲ့ တင်းမာမှုတွေ မြင့်တက်စေမယ့် ဒရုန်းစေလွှတ်မှုတွေအတွက် တောင်ကိုရီးယား သမ္မတဟောင်း ယွန်ဆွတ်ယောဟာ ထောင်ဒဏ် နှစ် ၃၀ ချမှတ် ခံခဲ့ရပါတယ်။

သတင်း

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ အိန္ဒိသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေနဲ့ တော်လှန်ပြည်သူတွေ ပူးပေါင်းပြီး အိန္ဒိယအစိုးရအနေနဲ့ မြန်မာစစ်တပ်အပေါ် အသိအမှတ်ပြုဆက်ဆံနေခြင်းနဲ့ စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့ပေးနေခြင်းတို့ကို ကန့်ကွက်ရှုတ်ချတဲ့ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ဒီကနေ့ (ဇွန် ၁၀) မှာ ပြုလုပ်ခဲ့ပါတယ်။