Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

စူပါတိုင်ဖွန်း မုန်တိုင်းကြီးအတွက် ကြိုတင်ပြင်ဆင်နေရတဲ့ တောင်ကိုရီးယား

ဟင်နမ်နော် ကုန်းတွင်း မဝင်ရောက်ခင် တစ်ရက် အလိုကတည်းက တောင်ကိုရီးယားမှာ ကျောင်းတွေ၊ စီးပွားရေး လုပ်ငန်းတွေကို ပိတ်ထားပြီး နေအိမ်၊ အဆောက်အအုံတွေ ကြံ့ခိုင်ရေးအတွက် ကြိုတင် အားဖြည့် ပံ့ပိုးထားဖို့လည်း စီစဉ်နေကြပါတယ်။

စူပါတိုင်ဖွန်း မုန်တိုင်းကြီးအတွက် ကြိုတင်ပြင်ဆင်နေရတဲ့ တောင်ကိုရီးယား
စူပါတိုင်ဖွန်း မုန်တိုင်းကြီးအတွက် ကြိုတင်ပြင်ဆင်နေရတဲ့ တောင်ကိုရီးယား

တောင်ကိုရီးယား နိုင်ငံဟာ အင်အား ပြင်းထန်လွန်းတဲ့ တိုင်ဖွန်းမုန်တိုင်းကြီး ဝင်ရောက် တိုက်ခတ်မယ့် အခြေအနေအတွက် ကြိုတင် ပြင်ဆင်နေပြီး ရာသီဥတု အန္တရာယ် သတိပေးချက်ကို အမြင့်ဆုံးအဆင့် ထုတ်ပြန်ထားလိုက်ပါတယ်။

ဟင်နမ်နော် တိုင်ဖွန်းမုန်တိုင်းကြီးဟာ တောင်ကိုရီးယား ကမ်းရိုးတန်းစီ ခပ်မြန်မြန် ဦးတည် ချဉ်းကပ်လာနေပြီး စက်တင်ဘာ ၅ ရက် ညသန်းခေါင်ကျော်လောက်မှာ နိုင်ငံ အနောက်တောင်ပိုင်း ဆိပ်ကမ်းမြို့ ဘူဆန်တဝိုက်ကို ကုန်းတွင်းဝင်ရောက် တိုက်ခတ်မယ်လို့ ယူဆရပါတယ်။

သမ္မတ ယွန်းဆွတ်ခ်ယိုလ်က အရေးပေါ် အခြေအနေ တုံ့ပြန်ရေး အဖွဲ့အစည်းတွေ အားလုံး တပ်လှန့်ထားဖို့ အမိန့်ပေးထားပြီး မုန်တိုင်းကြောင့် ထိခိုက် ပျက်စီးနိုင်ခြေတွေကို နည်းနိုင်သမျှ အနည်းဆုံး လျှော့ချနိုင်အောင် ဘက်ပေါင်းစုံ ကြိုတင် ပြင်ဆင်ထားဖို့လည်း သက်ဆိုင်ရာ အာဏာပိုင်တွေကို ညွှန်ကြားထားပါတယ်။

ဟင်နမ်နော် ကုန်းတွင်း မဝင်ရောက်ခင် တစ်ရက် အလိုကတည်းက တောင်ကိုရီးယားမှာ ကျောင်းတွေ၊ စီးပွားရေး လုပ်ငန်းတွေကို ပိတ်ထားပြီး နေအိမ်၊ အဆောက်အအုံတွေ ကြံ့ခိုင်ရေးအတွက် ကြိုတင် အားဖြည့် ပံ့ပိုးထားဖို့လည်း စီစဉ်နေကြပါတယ်။

Public Service Announcement

Public Service Announcement

တောင်ကိုရီးယားဟာ တိုင်ဖွန်းမုန်တိုင်းတွေရဲ့ ပြင်းအားကို ပုံမှန်၊ အားပြင်း၊ အလွန်အားပြင်း၊ စူပါတိုင်ဖွန်းဆိုပြီး အဆင့် ၄ မျိုး ခွဲခြား သတ်မှတ်ထားပါတယ်။ ဟင်နမ်နော်ဟာ စူပါတိုင်ဖွန်းအဆင့် မုန်တိုင်းကြီးပါ။

နိုင်ငံ တောင်ပိုင်းက ဂျယ်ဂျူကျွန်းနဲ့ ဘူဆန်၊ ဒေဂူ၊ အူလ်ဆန်၊ ဂွမ်ဂျူတို့လို မြို့တွေမှာတော့ ၅ နှစ်အတွင်း ပထမဆုံး အကြိမ်အဖြစ် မုန်တိုင်း အန္တရာယ် သတိပေးချက်ကို အမြင့်ဆုံးအဆင့် ထုတ်ပြန်ခဲ့ပါတယ်။ တိုင်ဖွန်း မုန်တိုင်းကြီး ဖြတ်သန်းတိုက်ခတ်ချိန် အတွင်း ဘူဆန်နဲ့ ပတ်ဝန်းကျင် ဧရိယာတွေမှာ မိုးသည်းသည်းထန်ထန် ရွာသွန်းပြီး ရေကြီးမှုတွေ ကြုံတွေ့နိုင်တယ်လို့ တောင်ကိုရီးယား မိုးလေဝသ ဌာနက ခန့်မှန်းထားပါတယ်။

Hyundaiနဲ့ Daewooတို့လို အကြီးစား စက်မှုလုပ်ငန်း ကုမ္ပဏီကြီးတွေက နိုင်ငံ တောင်ပိုင်းမှာရှိတဲ့ သူတို့ရဲ့ သင်္ဘောကျင်းတွေကို မုန်တိုင်းကျော်လွန်သွားပြီးချိန်အထိ လုပ်ငန်း ယာယီ ရပ်ဆိုင်းထားကြောင်း အတည်ပြုခဲ့ပါတယ်။ LG ကုမ္ပဏီကလည်း ဂူမီမြို့မှာရှိတဲ့ OLED TV Screenတွေ ထုတ်လုပ်ရာ စက်ရုံကို လုပ်ငန်း ဆိုင်းငံ့ထားကြောင်း ပြောပါတယ်။

ကိုရီးယား လေကြောင်းလိုင်း၊ အေရှာနာ လေကြောင်းလိုင်းတို့ကလည်း နိုင်ငံတောင်ပိုင်း ဂျယ်ဂျူကျွန်းဆီ ဦးတည်ပျံသန်းတဲ့ ခရီးစဉ် အားလုံးကို စက်တင်ဘာ ၅ ရက် မနက်ပိုင်းကစလို့ ရွှေ့ဆိုင်းထားလိုက်ကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လီယောင်ဆိုဟာ ကိုရီးယား နှစ်နိုင်ငံ ပေါင်းစည်းရေးအတွက် တက်ကြွ လှုံ့ဆော်သူ တဦးဖြစ်ပြီး သူက မြောက်ကိုရီးယားကို တခမ်းတနား ဂုဏ်ပြု ရေးဖွဲ့ထားတဲ့ ကဗျာကို ၂၀၁၆ ခုနှစ်မှာ မြောက်ကိုရီးယား အစိုးရ မီဒီယာက ဝါဒဖြန့် ဖော်ပြခဲ့ဖူးပါတယ်။

နိုင်ငံတကာ

ရုရှားဟာ မြောက်ကိုရီးယားထက် ဂြိုဟ်တု နည်းပညာပိုင်းမှာ ဆယ်စုနှစ်တွေနဲ့ချီ ရှေ့ရောက်နေတဲ့ နိုင်ငံတစ်ခု ဖြစ်တာကြောင့်ပါ။

နိုင်ငံတကာ

အမျိုးသားဟာ မျက်နှာနဲ့ ရင်ဘတ်မှာ ဆိုးဆိုးရွားရွား ပိမိတဲ့ ဒဏ်ရာတွေ ရရှိခဲ့ပြီး ဆေးရုံကို တင်ပို့ခဲ့ပေမယ့် ကွယ်လွန်သွားခဲ့ကြောင်း ယွန်ဟပ် သတင်းဌာနက ဖော်ပြပါတယ်။

နိုင်ငံတကာ

မုန်တိုင်း တိုက်ခတ်ပြီးတာ တစ်ပတ်ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပေမယ့် လမ်းပန်း ဆက်သွယ်ရေး ပြတ်တောက်နေရာ အစွန်အဖျား ဒေသတချို့ကို ကယ်ဆယ်ရေး အဖွဲ့တွေ သွားရောက်ဖို့ ခက်ခက်ခဲခဲ ရုန်းကန်ရတဲ့ အခြေအနေတွေ ရှိနေဆဲလို့လည်း သိရပါတယ်။