Connect with us

Hi, what are you looking for?

သတင်း

လင်းဇင်းတိုက်နယ်ရဲစခန်းမှူး အိပ်ဆောင်တွင်းသို့ ဝင်ရောက် ဗုံးထောင်တိုက်ခိုက်

ယနေ့(အောက်တိုဘာ ၃၀ရက်)နံနက် ၂နာရီခန့်က မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ပုသိမ်-မုံရွာကားလမ်းအနီးရှိ လင်းဇင်းတိုက်နယ် နယ်မြေခံရဲစခန်းဝင်းအတွင်း စခန်းမှူးအိပ်ဆောင် တွင်းသို့ ဝင်ရောက်ဗုံးထောင် ဖောက်ခွဲတိုက်ခိုက် ခဲ့ခြင်းဖြစ်သည်။

လင်းဇင်းတိုက်နယ်ရဲစခန်းမှူး အိပ်ဆောင်တွင်းသို့ ဝင်ရောက် ဗုံးထောင်တိုက်ခိုက်
လင်းဇင်းတိုက်နယ်ရဲစခန်းမှူး အိပ်ဆောင်တွင်းသို့ ဝင်ရောက် ဗုံးထောင်တိုက်ခိုက်

မကွေးတိုင်း၊ စလင်းမြို့နယ်ရှိ လင်းဇင်းတိုက်နယ် ရဲစခန်းဝင်းအတွင်းရှိ စခန်းမှူးအိပ်ဆောင်တွင်းသို့ ဝင်ရောက်ကာ ဗုံးထောင် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် – အနောက်ပိုင်းတိုင်း(LDF)တပ်ဖွဲ့က အသိပေးထုတ်ပြန်သည်။

ယနေ့(အောက်တိုဘာ ၃၀ရက်)နံနက် ၂နာရီခန့်က မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ပုသိမ်-မုံရွာကားလမ်းအနီးရှိ လင်းဇင်းတိုက်နယ် နယ်မြေခံရဲစခန်းဝင်းအတွင်း စခန်းမှူးအိပ်ဆောင် တွင်းသို့ ဝင်ရောက်ဗုံးထောင် ဖောက်ခွဲတိုက်ခိုက် ခဲ့ခြင်းဖြစ်သည်။

ပြည့်သူ့ကာကွယ်ရေးတပ်မတော် အနောက်ပိုင်းတိုင်း ၊ စလင်းတပ်ခွဲ ရဲဘော်များက အဝေးထိန်းရီမုမိုင်းနှစ်လုံးအား ရဲစခန်းဝင်းအတွင်း အိပ်ဆောင်ပေါ်အထိသွားရောက်တပ်ဆင်ကာ အဝေးမှ ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် – အနောက်ပိုင်းတိုင်း (LDF)တပ်ဖွဲ့က အသိပေးသည်။

Public Service Announcement
Public Service Announcement

သို့သော် ထိခိုက်သေဆုံးမှု နောက်ဆက်တွဲအခြေအနေများအား စုံစမ်းဆဲဖြစ်ပြီး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သ​ည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ပြည်သူ့ကာကွယ်ရေးတပ်မတော် – အနောက်ပိုင်းတိုင်း (LDF)တပ်ဖွဲ့သည် သက်ဆိုင်ရာတပ်ခွဲများအလိုက် လက်နက်ကိုင် တော်လှန်ရေးကို အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ပြည်သူများအနေဖြင့်လည်း နိုင်ရာတာဝန်များကို ပါဝင်ကူညီထမ်းဆောင်ရင်း တော်လှန်ရေးအရှိန် ဝိုင်းဝန်းမြှင့်တင်ကြရန် ၎င်းအဖွဲ့က နှိုးဆော်ထားသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ ပြည်သူ့ကာကွယ်ရေးတပ်မတော် – အနောက်ပိုင်းတိုင်း (LDF ) တပ်ဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊နတ်မောက်နဲ့ မြို့သစ်လမ်းပိုင်းမှာ နတ်မောက်မြို့ရဲစခန်းမှူးလိုက်ပါလာတဲ့ ကား ပစ်ခတ်ခံရပြီး စခန်းမှူး သေဆုံးသွားတယ်လို့ နေပြည်တော်တိုင်းစစ်ဌာန အမှတ်(၉၀၂)တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

နိုင်ငံတကာ

နိုင်ငံအနှံ့မှာ ခွဲထွက်ရေး အင်အားစုတွေနဲ့ ဂျီဟတ်ဝါဒီ စစ်သွေးကြွတွေရဲ့ အချိတ်အဆက်မိမိ တိုက်ခိုက်မှုတွေအတွင်း ကာကွယ်ရေးဝန်ကြီး သေဆုံးခဲ့ကြောင်း မာလီ အစိုးရက အတည်ပြုခဲ့ပါတယ်။

သတင်း

​မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် အကျနေ့မှာ စစ်တပ်က စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ကို ပါရာမိုတာနဲ့ လေကြောင်းတိုက်ခိုက်လို့ ဒေသခံ ထန်းသမားတစ်ဦး သေဆုံးခဲ့ပါတယ်။