Connect with us

Hi, what are you looking for?

ဗီဒီယို

စစ်ကောင်စီကျင်းပသည့် တန်ဆောင်တိုင်ပွဲ မစည်သော်လည်းလည်ပတ်သူများရှိ

အကြမ်းဖက်စစ်ကောင်စီက နိုဝင်ဘာ ၄ ရက်မှ ၇ ရက်အထိ ယင်းပွဲတော်ကို ပြုလုပ်နေခြင်းဖြစ်ပြီး ဖျော်ဖြေရေးအစီအစဉ်များလည်း ထည့်သွင်းထားသည်။

အကြမ်းဖက်စစ်ကောင်စီပြုလုပ်သည့်ပျော်ပွဲရွှင်ပွဲများကို မသွားရန် မြို့ပြပြောက်ကျားအဖွဲ့များအပါအဝင် တော်လှန်ရေးအင်အားစုများက မေတ္တာရပ်ခံထားသော်လည်း ပြည်သူ့ရင်ပြင်၌ ပြုလုပ်သည့် တန်ဆောင်တိုင်မီးထွန်း‌ပွဲတော်နှင့် ဈေးရောင်းပွဲကို သွားလာသူအချို့ရှိခဲ့သည်။

အကြမ်းဖက်စစ်ကောင်စီက နိုဝင်ဘာ ၄ ရက်မှ ၇ ရက်အထိ ယင်းပွဲတော်ကို ပြုလုပ်နေခြင်းဖြစ်ပြီး ဖျော်ဖြေရေးအစီအစဉ်များလည်း ထည့်သွင်းထားသည်။

ဈေးဆိုင်ခန်း တစ်ရာခန့် နှင့် အမှတ်တရ ဓာတ်ပုံရိုက်ကူးရန် ပြင်ဆင်ပေးထားသော်လည်း လာရောက်လည်ပတ်သူ ခပ်ကျဲကျဲသာရှိခဲ့သည်။

စစ်ကောင်စီက သီတင်းကျွတ်ကာလကလည်း ယင်းနေရာ၌ ပျော်ပွဲရွှင်ပွဲများပြုလုပ်ခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ပြည်သူအချို့က စစ်ကောင်စီရဲ့ လုပ်နည်းလုပ်ဟန်အပေါ် မေးခွန်းထုတ်

သတင်း

တနိုင်ငံလုံးအပစ်ရပ်စာချုပ်(NCA)အပေး လူထုရဲ့ ယုံကြည်ကိုးစားမှု လျော့နည်းကျဆင်းခဲ့ကြောင်း နေပြည်တော်မှာ ကျင်းပတဲ့ NCA စာချုပ်ချုပ်ဆိုမှု ၁၁နှစ်မြောက်နှစ်ပတ်လည် အခမ်းအနားမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)ကိုယ်စားလှယ် ဗိုလ်မှူးကြီးစိုင်းငင်းက ပြောပါတယ်။

သတင်း

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတွေအနေနဲ့ မိသားစုထံ ၃လစာငွေလွှဲပို့ထားသူတွေကို မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (CI) ထုတ်ပေးရေးစခန်း ၅ခုပြန်ဖွင့်ပြီး လုပ်ပေးသွားမယ်လို့ စစ်အုပ်စုကထုတ်ပြန်ပါတယ် ။

သတင်း

ရန်ကုန်မြို့မှာ စည်ကားကြောင်းပြသဖို့ စစ်ကောင်စီက စျေးပွဲတော်တွေ အဆက်မပြတ်စီစဉ်နေပြီး လူငယ်တွေကို စောင့်ကြည့်ဖို့ ညွှန်ကြားချက်ထုတ်ထားကြောင်း လူထုနွေဦးက စုံစမ်းသိရပါတယ်။

Facebook