Connect with us

Hi, what are you looking for?

ဗီဒီယို

ဖခင်နောက်ဆုံးချိန်မှာ အိုးဘိုထောင်ထဲ မကျန်းမမာဘဲရှိနေတဲ့ ဒေါက်တာဇော်မြင့်မောင်

ဖခင်ကွယ်လွန်ချိန်မှာ အိုးဘိုထောင်ထဲရောက်နေတဲ့ ဒေါက်တာဇော်မြင့်မောင်ကတော့ ကင်ဆာရောဂါနဲ့ ကိုဗစ်နောက်ဆက်တွဲရောဂါတွေကို ထောင်တွင်းမှာပဲ ဆက်လက်ကုသမှုခံယူနေရတယ်လို့ သူ့ရှေ့နေတွေက ပြောပါတယ်။

မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ရဲ့ဖခင်ကို မနေ့က သဂြိုဟ်လိုက်ပြီဖြစ်ပေမယ့် သားဖြစ်သူကတော့ အကျဥ်းထောင်ထဲမှာ ဆေးကုသမှုခံယူနေပြီး လိုက်ပါပို့ဆောင်ခွင့်မရခဲ့ပါဘူး။

ဒေါက်တာဇော်မြင့်မောင်ရဲ့ ဖခင်ဖြစ်သူဒေါက်တာချစ်မောင်ဟာ အသက် ၉၃ နှစ်အရွယ်ရှိပြီဖြစ်ပြီး ကိုဗစ်နောက်ဆက်တွဲရောဂါတွေနဲ့ ကွယ်လွန်သွားခဲ့တာပါ။

ဖခင်ကွယ်လွန်ချိန်မှာ အိုးဘိုထောင်ထဲရောက်နေတဲ့ ဒေါက်တာဇော်မြင့်မောင်ကတော့ ကင်ဆာရောဂါနဲ့ ကိုဗစ်နောက်ဆက်တွဲရောဂါတွေကို ထောင်တွင်းမှာပဲ ဆက်လက်ကုသမှုခံယူနေရတယ်လို့ သူ့ရှေ့နေတွေက ပြောပါတယ်။

“ကိုဗစ်ပျောက်ပေမဲ့ အရင်ကင်ဆာရော ကိုဗစ်နောက်ဆက်တွဲရော ကြည့်ရှုကုသပေးနေတယ်လို့သာသိရတာ။ ထောင်တွင်းဆေးရုံတော့မတက်ရဘူး” လို့ သူ့ ရှေ့နေတစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီကတော့ ဝန်ကြီးချုပ်ရဲ့ကျန်းမာရေးအခြေအနေကတော့ အကောင်းကြီးမဟုတ်ဘူးလို့ ပြီးခဲ့တဲ့ရက်က လုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ ပြောထားပါတယ်။

ဒေါက်တာဇော်မြင့်မောင်ဟာ ကင်ဆာရောဂါကို ထောင်တွင်းမှာပဲ ကုသမှုခံယူနေစဥ် ကိုဗစ်ကူးစက်ခံရလို့ မန္တလေးပြည်သူ့ဆေးရုံကြီးမှာ တက်ရောက်ဆေးကုသမှုခံယူခဲ့ရပါသေးတယ်။

မန္တလေးပြည်သူ့ဆေးရုံကြီးမှာ သြဂုတ်လ ၆ ရက်ကနေ ၂၇ ရက်အထိ ဆေးကုသမှုခံယူခဲ့ပြီးနောက် အိုးဘိုအကျဥ်းထောင်ကိုပြန်ရွှေ့ခဲ့တယ်လို့ သိရပါတယ်။

ဒေါက်တာဇော်မြင့်မောင်ကို ပုဒ်မ ၅၀၅( ခ)၊ သဘာဝဘေးဥပဒေ ပုဒ်မ (၂၅)၊ (၃၀)တို့နဲ့ဖမ်းဆီးခဲ့တာပါ။

အဲဒီအမှုတွေကို စွဲချက်တင်ပြီးနောက် ပြန်ခေါ်သက်သေစစ်ဆေးမယ့်အဆင့်ကိုရောက်နေပြီဖြစ်တယ်လို့သိရပါတယ်။

ကိုဗစ်တတိယလှိုင်း စတင်ဖြစ်ပွားလာလို့ ရုံးချိန်းစစ်ဆေးမှုကိုရပ်ထားဆဲဖြစ်လို့ ရှေ့နေတွေနဲ့လည်းအဆက်အသွယ်တွေပြတ်နေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

မန္တလေးမြို့က အိုးဘိုအကျဉ်းထောင် အမျိုးသမီးဆောင်မှာ ထမင်းသိုးတွေကြွေးတာကြောင့် ဩဂုတ်၂၀ ရက်က ယာယီဆောင်မှာ နိုင်ငံရေးအကျဉ်းသူတွေ အစာငတ်ခံဆန္ဒပြမှုဖြစ်ခဲ့တယ်လို့ နိုင်ကျဉ်းမိသားစုဝင် တွေကပြောပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Facebook