Connect with us

Hi, what are you looking for?

LuduNwayOo

ဗီဒီယို

ဖခင်နောက်ဆုံးချိန်မှာ အိုးဘိုထောင်ထဲ မကျန်းမမာဘဲရှိနေတဲ့ ဒေါက်တာဇော်မြင့်မောင်

ဖခင်ကွယ်လွန်ချိန်မှာ အိုးဘိုထောင်ထဲရောက်နေတဲ့ ဒေါက်တာဇော်မြင့်မောင်ကတော့ ကင်ဆာရောဂါနဲ့ ကိုဗစ်နောက်ဆက်တွဲရောဂါတွေကို ထောင်တွင်းမှာပဲ ဆက်လက်ကုသမှုခံယူနေရတယ်လို့ သူ့ရှေ့နေတွေက ပြောပါတယ်။

မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ရဲ့ဖခင်ကို မနေ့က သဂြိုဟ်လိုက်ပြီဖြစ်ပေမယ့် သားဖြစ်သူကတော့ အကျဥ်းထောင်ထဲမှာ ဆေးကုသမှုခံယူနေပြီး လိုက်ပါပို့ဆောင်ခွင့်မရခဲ့ပါဘူး။

ဒေါက်တာဇော်မြင့်မောင်ရဲ့ ဖခင်ဖြစ်သူဒေါက်တာချစ်မောင်ဟာ အသက် ၉၃ နှစ်အရွယ်ရှိပြီဖြစ်ပြီး ကိုဗစ်နောက်ဆက်တွဲရောဂါတွေနဲ့ ကွယ်လွန်သွားခဲ့တာပါ။

ဖခင်ကွယ်လွန်ချိန်မှာ အိုးဘိုထောင်ထဲရောက်နေတဲ့ ဒေါက်တာဇော်မြင့်မောင်ကတော့ ကင်ဆာရောဂါနဲ့ ကိုဗစ်နောက်ဆက်တွဲရောဂါတွေကို ထောင်တွင်းမှာပဲ ဆက်လက်ကုသမှုခံယူနေရတယ်လို့ သူ့ရှေ့နေတွေက ပြောပါတယ်။

“ကိုဗစ်ပျောက်ပေမဲ့ အရင်ကင်ဆာရော ကိုဗစ်နောက်ဆက်တွဲရော ကြည့်ရှုကုသပေးနေတယ်လို့သာသိရတာ။ ထောင်တွင်းဆေးရုံတော့မတက်ရဘူး” လို့ သူ့ ရှေ့နေတစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီကတော့ ဝန်ကြီးချုပ်ရဲ့ကျန်းမာရေးအခြေအနေကတော့ အကောင်းကြီးမဟုတ်ဘူးလို့ ပြီးခဲ့တဲ့ရက်က လုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ ပြောထားပါတယ်။

ဒေါက်တာဇော်မြင့်မောင်ဟာ ကင်ဆာရောဂါကို ထောင်တွင်းမှာပဲ ကုသမှုခံယူနေစဥ် ကိုဗစ်ကူးစက်ခံရလို့ မန္တလေးပြည်သူ့ဆေးရုံကြီးမှာ တက်ရောက်ဆေးကုသမှုခံယူခဲ့ရပါသေးတယ်။

မန္တလေးပြည်သူ့ဆေးရုံကြီးမှာ သြဂုတ်လ ၆ ရက်ကနေ ၂၇ ရက်အထိ ဆေးကုသမှုခံယူခဲ့ပြီးနောက် အိုးဘိုအကျဥ်းထောင်ကိုပြန်ရွှေ့ခဲ့တယ်လို့ သိရပါတယ်။

ဒေါက်တာဇော်မြင့်မောင်ကို ပုဒ်မ ၅၀၅( ခ)၊ သဘာဝဘေးဥပဒေ ပုဒ်မ (၂၅)၊ (၃၀)တို့နဲ့ဖမ်းဆီးခဲ့တာပါ။

အဲဒီအမှုတွေကို စွဲချက်တင်ပြီးနောက် ပြန်ခေါ်သက်သေစစ်ဆေးမယ့်အဆင့်ကိုရောက်နေပြီဖြစ်တယ်လို့သိရပါတယ်။

ကိုဗစ်တတိယလှိုင်း စတင်ဖြစ်ပွားလာလို့ ရုံးချိန်းစစ်ဆေးမှုကိုရပ်ထားဆဲဖြစ်လို့ ရှေ့နေတွေနဲ့လည်းအဆက်အသွယ်တွေပြတ်နေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။