Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူကရိန်းက နျူကလီးယား ဓာတ်အားပေးစက်ရုံ လက်နက်ကြီးနဲ့ ပစ်ခတ်ခံရတဲ့ကိစ္စ IAEA သတိပေး

အခုနှစ်ဆန်းပိုင်းမှာ ရုရှားက ကျူးကျော်စစ်ပွဲ မစတင်လာခင်ထိ ဇာပေါ်ရစ်ဇီရာက နျူကလီးယား ဓာတ်အားပေး စက်ရုံဟာ ယူကရိန်း တစ်နိုင်ငံလုံးရဲ့ ၅ ပုံ ၁ ပုံလောက် အတိုင်းအတာကို လျှပ်စစ်မီး ဖြန့်ဝေပေးနေခဲ့ပါတယ်။

ယူကရိန်းက နျူကလီးယား ဓာတ်အားပေးစက်ရုံ လက်နက်ကြီးနဲ့ ပစ်ခတ်ခံရတဲ့ကိစ္စ IAEA သတိပေး
ယူကရိန်းက နျူကလီးယား ဓာတ်အားပေးစက်ရုံ လက်နက်ကြီးနဲ့ ပစ်ခတ်ခံရတဲ့ကိစ္စ IAEA သတိပေး

ယူကရိန်းက နျူကလီးယား ဓာတ်အားပေး စက်ရုံတစ်ခုကို လက်နက်ကြီးတွေနဲ့ ပစ်ခတ် ခံရတဲ့အပေါ် ကုလသမဂ္ဂရဲ့ နျူကလီးယား စောင့်ကြည့်ရေး အဖွဲ့က အလေးအနက် သတိပေး ပြောကြားလိုက်ပါတယ်။

ယူကရိန်းရဲ့ ဇာပေါ်ရစ်ဇီရာ ပြည်နယ်ထဲမှာ တည်ရှိပြီး ရုရှား ထိန်းချုပ်မှုအောက် ကျရောက်နေတဲ့ နျူကလီးယား ဓာတ်အားပေး စက်ရုံမှာ နိုဝင်ဘာ ၁၉ ရက် ညနေပိုင်းနဲ့ နိုဝင်ဘာ ၂၀ မနက်ပိုင်းတွေမှာ လက်နက်ကြီး ထိမှန်ပြီး ပေါက်ကွဲမှုတွေ အကြိမ်ပေါင်း တစ်ဒါဇင်လောက် ဖြစ်ပွားခဲ့ပါတယ်။

ဥရောပတိုက်ရဲ့ အကြီးမားဆုံး နျူကလီးယား ဓာတ်အားပေး စက်ရုံကြီးကို လက်နက်ကြီးတွေ ထိမှန်ခဲ့တာနဲ့ ပတ်သက်လို့ ကုလသမဂ္ဂရဲ့ အက်တမ်စွမ်းအင် အေဂျင်စီ (IAEA)က ဒီလုပ်ရပ်မျိုးကြောင့် နျူကလီးယား ကပ်ဘေးကြီးတစ်ခု အကြီးအကျယ် ကြုံတွေ့သွားနိုင်ကြောင်း အလေးအနက် သတိပေးလိုက်ပါတယ်။

ဇာပေါ်ရစ်ဇီရာက နျူကလီးယား ဓာတ်အားပေး စက်ရုံဟာ အရင်ကလည်း လက်နက်ကြီးနဲ့ ဒုံးကျည်တွေရဲ့ ခြိမ်းခြောက်မှုတွေ ကြုံတွေ့ဖူးပြီး ဒီကိစ္စတွေနဲ့ ပတ်သက်လို့ ရုရှားနဲ့ ယူကရိန်းက အပြန်အလှန် လက်ညှိုးထိုး အပြစ်ဖို့ခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

အခုတစ်ခါ ဓာတ်အားပေး စက်ရုံတဝိုက်မှာ လက်နက်ကြီးတွေ ပစ်ခတ်ကြပြန်တယ် ဆိုတဲ့ သတင်းတွေ ကြားရတာ အကြီးအကျယ် စိတ်ပျက်မိကြောင်း IAEAရဲ့ အကြီးအကဲ ရာဖာရဲလ် ဂရော့ဆီက ဝေဖန်ပါတယ်။ အကြီးစား နျူကလီးယား ဓာတ်အားပေး စက်ရုံကြီး တစ်ခုမှာ လက်နက်ကြီးတွေကြောင့် ပေါက်ကွဲမှုတွေ ဖြစ်နေတယ် ဆိုတာမျိုးက ဘယ်လိုမှ လက်ခံလို့ မရကြောင်း၊ ဒီလုပ်ရပ်ရဲ့ နောက်ကွယ်မှာ ဘယ်သူပဲရှိနေနေ ရပ်တန်းက ရပ်ဖို့လိုကြောင်း၊ ဒါဟာ မီးနဲ့ ကစားနေတာ ဖြစ်တယ်လို့ အရင်ကလည်း အကြိမ်ကြိမ် သတိပေးခဲ့ဖူးကြောင်း သူက ပြောပါတယ်။

အခုနှစ်ဆန်းပိုင်းမှာ ရုရှားက ကျူးကျော်စစ်ပွဲ မစတင်လာခင်ထိ ဇာပေါ်ရစ်ဇီရာက နျူကလီးယား ဓာတ်အားပေး စက်ရုံဟာ ယူကရိန်း တစ်နိုင်ငံလုံးရဲ့ ၅ ပုံ ၁ ပုံလောက် အတိုင်းအတာကို လျှပ်စစ်မီး ဖြန့်ဝေပေးနေခဲ့ပါတယ်။

လောလောဆယ်မှာ ဓာတ်အားပေး စက်ရုံက နျူကလီးယား ဓာတ်ပေါင်းဖိုတွေ လုပ်ငန်း လည်ပတ်မှုကို ရပ်နားထားပေမယ့် တကယ်လို့သာ လက်နက်ကြီး ကျည်ထိမှန်ပြီး အအေးပေး စနစ်တွေ ပြတ်တောက်ကုန်မယ်ဆိုရင် အပူလွန်ကဲပြီး ရေဒီယို သတ္တိကြွ ယိုစိမ့်မှုတွေ ဖြစ်လာမှာကို စိုးရိမ်ရပါတယ်။ လတ်တလောမှာတော့ လက်နက်ကြီး ကျရောက်အပြီး ဓာတ်အား ပြတ်တောက်မှုတွေ ကြုံတွေ့နေကြောင်းလည်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြို့တော် ကိယက်ဗ်ကို ရုရှားက ဒုံးကျည်တွေ အများအပြားနဲ့ ပစ်ခတ်ပြီး လူ ၁၇ ဦးထက်မနည်း သေဆုံးခဲ့တဲ့ ဖြစ်ရပ်ဟာ လေကြောင်းကာကွယ်ရေး ဒုံးခွင်းဒုံးတွေ လိုအပ်မှု ပြဿနာ ဘယ်လောက် ကြီးမားသလဲ ဆိုတာကို မီးမောင်းထိုးပြနေကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ရသေ့တောင် မြို့နယ်အစပ်က နံ့သာကျွန်းအနီးမှာ ငါးဖမ်းနေတဲ့ငါးဖမ်းသမားတွေကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့လိုက်လံပစ်ခတ်တာကြောင့် ရသေ့တောင်မှာ စစ်ရှောင်နေသူ ငါးဖမ်းသမား ၁ဦး သေဆုံးပြီး ၂ဦး ဒဏ်ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုင်ငံတကာ

ယူကရိန်းက ဟင်းသီးဟင်းရွက်ရောင်းတဲ့ အရပ်သား စျေးသည်တစ်ယောက်ကို ရုရှား ထောက်လှမ်းရေး ဒရုန်းက အပျော်တမ်း အမဲလိုက်သလို ပုံစံမျိုးနဲ့ တိုက်ခိုက်ခဲ့တဲ့အပေါ် ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အပြင်းအထန် ရှုတ်ချခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်က ငါးဘတ်ကြီးရွာကို စစ်တပ်က လေကြောင်းနဲ့ လက်နက်ကြီးအသုံးပြုပစ်ခတ်တာ​ကြောင့် ကလေးငယ်တဦးအပါအဝင် အရပ်သားနှစ်ဦးလက်နက်ကြီးကျည်ထိမှန်သေဆုံးသွားတယ်လို့ဒေသခံတွေကပြောပါတယ်။