Connect with us

Hi, what are you looking for?

ဗီဒီယို

ကျနော်တို့ကတော့ တော်လှန်တိုက်ခိုက်ရမှာပဲ။ လူထုပါရင် ကျွန်တော်တို့အောင်မြင်မှာပါ

ဒီကနေ့ စက်တင်ဘာ ၉ ရက်မှာကျရောက်တဲ့ နှစ် (၃၀) ပြည့် ကရင်အမျိုးသားရဲတပ်ဖွဲ့နေ့နဲ့ပတ်သက်ပြီး ပဒိုစောအာတိုးက အခုလိုမှတ်ချက်ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။

KNU ကရင်အမျိုးသားအစည်းအရုံး ပြည်ထဲရေးနဲ့ သာသနာရေးဌာန တာဝန်ခံ

စစ်အာဏာရှင်စနစ်ကို ဆက်လက်တော်လှန်တိုက်ခိုက်သွားရမှာဖြစ်ပြီး ပြည်သူတွေအနေနဲ့ ကရင်အ မျိုးသားရဲတပ်ဖွဲ့ကို ဝိုင်းဝန်းကူညီထောက်ပံ့ပေးကြဖို့ KNU ကရင်အမျိုးသားအစည်းအရုံး ပြည်ထဲရေးနဲ့ သာသနာရေးဌာန တာဝန်ခံ ပဒိုစောအာတိုးက ပြောပါတယ်။

ဒီကနေ့ စက်တင်ဘာ ၉ ရက်မှာကျရောက်တဲ့ နှစ် (၃၀) ပြည့် ကရင်အမျိုးသားရဲတပ်ဖွဲ့နေ့နဲ့ပတ်သက်ပြီး ပဒိုစောအာတိုးက အခုလိုမှတ်ချက်ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။

“ကျနော်တို့ ကေအဲန်ယူအနေနဲ့ နှစ်ပေါင်း ၇၀ ကျော်လာပြီ။ အဲ့ဒီဟာကို တိုက်ပွဲဝင်တာ။ စစ်အာဏာရှင်ကို ကျနော်တို့တိုက်ပွဲဝင်တာ။ ပြည်သူလူထုကို တိုင်းရင်းသားလူမျိုးစုတွေကို မတရားဖိနှိပ် ချယ်လှယ်အုပ်စိုးနေတဲ့ စစ်ဝါဒီ အစိုးရကျနော်တို့ လက်မခံနိုင်ပါဘူး။ အခုဖြစ်နေတဲ့ ကိစ္စကတော့ မတရားဘူး မမှန်ဘူးလေ။ ကျနော်တို့ကတော့ တော်လှန်တိုက်ခိုက်ရမှာပဲ” လို့ ပဒိုစောအာတိုးက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ကရင်အမျိုးသားရဲတပ်ဖွဲ့(KNPF) အနေနဲ့ အခုလို စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်ရေးလုပ်ဆောင်နေတဲ့ ကာလမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နဲ့အတူ စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေရှိနေပြီး မျှော်မှန်းချက်ပန်းတိုင် ရောက်တဲ့အထိ တိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့ ပဒိုစောအာတိုးက ပြောပါတယ်။

“ကျနာ်တို့ ကရင်အမျိုးသားရဲတပ်ဖွဲ့က ရှိပြီးသား တာဝန်ထမ်းဆောင်ရမှာက တရားဥပဒေစိုးမိုးရေး။ ဒါပေမဲ့လို့ ကျနော်တို့ တော်လှန်ရေး ဆင်နွဲနေတဲ့အချိန် ကျနော်တို့ လိုချင်တဲ့ပန်းတိုင် မရောက်သေးတဲ့အချိန်ကတော့တိုက်ပွဲဝင်ရမှာပဲ။ ကျနော်တို့ ကရင်အမျိုးသားရဲတပ်ဖွဲ့နဲ့ တိုက်ပွဲတွေဖြစ်နေတယ်ဆိုတာကလည်း သိမှာပဲ။ ကျနော်တို့ လက်တွေ့အကောင်အထည်ဖော်နေတာပဲ လုပ်ရမှာပဲ” လို့ ပဒိုစောအာတိုးက ဆိုပါတယ်။

ဒါ့အပြင် ကေအဲန်ယူ ထိန်းချုပ်နယ်မြေထဲကို ဝင်ရောက်ကျူးကျော်ပြီး စစ်ရေးလှုပ်ရှားမှုတွေပြုလုပ်နေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေကို ခုခံတွန်းလှန်သွားရမှာ ဖြစ်ပြီး ပြည်သူနဲ့အတူ ပူးပေါင်းဆောင်ရွက်မှုရှိပါက တော်လှန်ရေးဟာ အောင်မြင်မှာလို့ ပဒိုစောအာတိုးက ဆိုပါသေးတယ်။

“ကျနော်တို့ နယ်မြေကို ကျူးကျော်လာတဲ့ ရန်သူမှန်သမျှကို ပြန်ပြီးတော့ ခုခံတွန်းလှန်ရမှာပဲနော်။ ပြည်သူလူထုရဲ့ အားပေးကူညီမှု ယုံကြည်မှု ထောက်ခံမှုကို ရယူဖို့အရေးကြီးပါတယ်။ လူထုပါရင် ကျနော်တို့အောင်မြင်မှာပါ။ လူထုမပါရင်တော့မအောင်ပါဘူး” လို့ ပဒိုစောအာတိုးက ပြောပါတယ်။

ကေဲအန်ယူ ပြည်ထဲရေးနဲ့ သာသနာရေးဌာနလက်အောက်ခံ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ကရင်အမျိုးသားရဲတပ်ဖွဲ့ကို ၁၉၉၁ ခုနှစ်က (၁၀)ကြိမ်မြောက် ကေအဲန်ယူ ကရင်အမျိုးသားအစည်းအရုံး ကွန်ကရက်မှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ရေးအင်အားသုံးပြီးအတင်းအကျပ်ဖန်တီးထားတဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာစစ်မှန်တဲ့ငြိမ်းချမ်းရေးဖြစ်လာမှာမဟုတ်ဘူးလို့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့မှာကရင်အမျိုးသားအစည်းအရုံး( KNU) တရားရေးဌာနရဲ့ ဌာနကြီးမှုး ပဒိုနော်လွဲထူးစေးက ပြောလိုက်ပါတယ်။

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

Facebook