မကွေးတိုင်း သရက်ခရိုင် ကံမမြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ ရေနံ့သာရဲစခန်းအား ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ကြောင်း သရက်ခရိုင် PDF တပ်ရင်း (၄)Eagle Force က ပြောသည်။
ယနေ့(ဇန်နဝါရီ ၂၂)ညနေ ၃ နာရီ ၄၅မိနစ်ခန့်က ကံမမြို့ နယ်၊ ရေနံ့သာတိုက်နယ်ရဲစခန်းအား ဒရုန်းဖြင့် ဗုံးသီးတစ်လုံးချ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
“ခြင်းခတ်နေတဲ့ ရဲတွေကို ချတာပါ။ ရဲတွေက ဒရုန်းကို မြင်တော့ ပြေးတယ်။ ပြေးတဲ့နေရာကို လိုက်ပြီး မှန်းချခဲ့တာပါ”ဟု သရက်ခရိုင် PDF တပ်ရင်း (၄)Eagle Force မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ ဗုံးသီးချတိုက်ခိုက်မှုကြောင့် စစ်ကောင်စီရဲတစ်ဦးထိခိုက်သွားပြီး အခြားရဲနှစ်ဦးက တွဲခေါ်ကာ စခန်းနှင့်ကပ်လျှက်မှ တိုက်နယ်ဆေးရုံထဲသို့ ပို့ဆောင်လိုက်ရကြောင်း အထက်ပါတာဝန်ရှိသူက ဆက်ပြောသည်။

Public Service Announcement
ယခုတိုက်ခိုက်မှုသည် သရက်ခရိုင် PDF တပ်ရင်း (၄)Eagle Force၏ ပထမဆုံး ဒရုန်းစစ်ဆင်ရေးဖြစ်ပြီး တပ်ဖွဲ့ရံပုံငွေနည်းပါးမှုကြောင့် အသုံးပြုပြီးဒရုန်းတစ်စင်းသာ ဝယ်ယူအသုံးပြုနိုင်သေးကြောင်း ယင်းတပ်ဖွဲ့က အသိပေးထားသည်။


















































