Connect with us

Hi, what are you looking for?

ဗီဒီယို

ကေအဲန်ယူ- ညောင်လေးပင်ခရိုင်ထဲ စစ်ကောင်စီက ဝင်ဖမ်းတာတွေရှိနေ

ဖမ်းဆီးခံခဲ့ရတဲ့ ဒေသခံပြည်သူလေးဦးဟာ မုန်းမြို့ပေါ်မှာ နေထိုင်သူတွေဖြစ်ကြပြီး ၂၀၂၀ ရွေးကောက်ပွဲကာလက မုန်းမြို့မှာ ဒီချုပ်ပါတီအတွက် စည်းရုံးရေးလုပ်ဆောင်ခဲ့သူတွေဖြစ်တယ်လို့ ညောင်လေးပင်ခရိုင် ဒေသခံကရင်လူမှုရေးရာအဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ကေအဲန်ယူ- ညောင်လေးပင်ခရိုင် မုန်းမြို့နယ်မှာ စက်တင်ဘာ ၁၁ ရက်ညက ဒေသခံပြည်သူလေးဦးကို အကြမ်းဖက်စစ်အုပ်တပ်ဖွဲ့တွေက ဖမ်းဆီးသွားခဲ့တယ်လို့ ဒေသခံကရင်လူမှုရေးရာအဖွဲ့ထံကနေ သိရပါတယ်။

ဖမ်းဆီးခံခဲ့ရတဲ့ ဒေသခံပြည်သူလေးဦးဟာ မုန်းမြို့ပေါ်မှာ နေထိုင်သူတွေဖြစ်ကြပြီး ၂၀၂၀ ရွေးကောက်ပွဲကာလက မုန်းမြို့မှာ ဒီချုပ်ပါတီအတွက် စည်းရုံးရေးလုပ်ဆောင်ခဲ့သူတွေဖြစ်တယ်လို့ ညောင်လေးပင်ခရိုင် ဒေသခံကရင်လူမှုရေးရာအဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ဖမ်းတဲ့အကြောင်းကတော့ သူတို့က ရွေးကောက်ပွဲကာလ NLD ပါတီ ပံ့ပိုးတဲ့ စည်းရုံးရေးပိုင်းဆိုင်ရာပေါ့။ အခုလောလောဆယ် ညတုန်းကကြားရတဲ့သတင်းကတော့ ၅၉၉ တပ်ရင်းထဲမှာ။ ၅၉၉ တပ်ရင်းက မုန်းအခြေစိုက်တဲ့ တပ်ရင်းတွေပဲ” လို့ ကရင်လူမှုရေးရာအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ကေအဲန်ယူ-ညောင်လေးပင်ခရိုင်တစ်ခုလုံးအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်တွေက လမ်းကင်းချပြီး သွားလာနေတဲ့ ခရီးသွားပြည်သူလူထုတွေအပေါ် ရှာဖွေစစ်ဆေးမေးမြန်းတာ၊ ဖမ်းဆီးတာ၊ တပ်အင်အားတိုးချဲ့လှုပ်ရှားလာတာတွေ ပိုမိုပြုလုပ်လာတာကြောင့် ဒီလိုလုပ်ရပ်တွေအတွက် လုံး၀လက်မခံဘူးလို့ ကရင်လူမှုရေးရာအဖွဲ့က ဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

” ပြည်သူတွေက ပြောမယ်ဆိုရင် ကျနော်တို့ဒေသမှာ အကြမ်းဖက်ပြီးတော့ လှုပ်ရှားနေတဲ့ အနေအထားမှာ မရှိခဲ့ဖူးဘူး။ အကြမ်းမဖက်တဲ့နည်းနဲ့ပဲ လှုပ်ရှားခဲ့တဲ့ အနေအထားပဲရှိခဲ့တယ်။ ဒီဒေသဒီနေရာမှာ အခြားဒေသ အခြားမြို့လိုမျိုး ဆူပူမှုတွေ စစ်တပ်ကို သတင်းပေးတဲ့လူတွေကို လုပ်တာဘာတွေ ဒီဒေသမှာ တခုမှမရှိသေးဘူး။ ဒါပေမဲ့ အခု သူတို့လုပ်လာပြီပေါ့။ ကျနော်တို့ ပြည်သူဘက်ကို ဦးတည်လာပြီးတော့ ဖမ်းတာဆီးတာတွေရှိတော့အပေါ်မှာတော့ ကျနော်တို့က လက်မခံဘူးပေါ့” လို့ ကရင်လူမှုရေးရာအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် စက်တင်ဘာ ၁၁ ရက် မနက် ၉ နာရီအချိန်ကလည်း ကျောက်ကြီးမြို့နယ် ဘောကထာတံတားအပေါ်မှာ အကြမ်းဖက်စစ်အုပ်စုတပ်ဖွဲ့တွေက လမ်းကင်းချထားပြီး သွားလာနေတဲ့ ပြည်သူတွေကို စစ်ဆေးမေးမြန်းတာတွေ လုပ်ဆောင်ခဲ့တယ်လို့ ကေအဲန်ယူက ထုတ်ပြန်ထားပါတယ်။

ကျောက်ကြီးမြို့နယ် နတ်သံကွင်းကနေ ကျောက်စရစ်ကျေးရွာအထိ အကြမ်းဖက်စစ်အုပ်စုတွေက လမ်းကင်းချပြီး ရှာဖွေစစ်ဆေးမှုတွေ ပိုမိုတင်းကြပ်လာတဲ့အတွက် ဒေသခံပြည်သူတွေအတွက် စိတ်အနှောင့်အယှက်ဖြစ်ပြီး စိုးရိမ်ထိတ်လန့်ခဲ့ရတယ်လို့ ညောင်လေးပင်ခရိုင် ကရင်လူမှုရေးရာအဖွဲ့ရဲ့ ပြောကြားချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။