Connect with us

Hi, what are you looking for?

ဗီဒီယို

စစ်ပွဲကာလအတွင်း ဗြိတိန်ကို ပထမဆုံးအကြိမ် ယူကရိန်း သမ္မတရောက်ရှိ

ဇီလန်စကီးရဲ့ ခရီးစဉ် အတောအတွင်း ဗြိတိန် အစိုးရဟာ ရုရှားအပေါ် အရေးယူ ပိတ်ဆို့မှုတွေ ထပ်မံ ထုတ်ပြန်သွားမယ်လို့လည်း ယုံကြည်ရပါတယ်။

စစ်ပွဲ ကာလအတွင်း ပထမဆုံး အကြိမ်အဖြစ် ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးဟာ ဗြိတိန်နိုင်ငံကို သွားရောက်ရှိလာပါတယ်။

ဇီလန်စကီးဟာ ဖေဖော်ဝါရီ ၈ ရက်မှာ လန်ဒန်မြို့ကို ရောက်ရှိလာပြီး ဝန်ကြီးချုပ် အိမ်တော်မှာ ဗြိတိန် ဝန်ကြီးချုပ် ရီရှီဆူနက်ခ်နဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။ အဲဒီနောက် သူဟာ ဗြိတိန် လွှတ်တော်မှာ မိန့်ခွန်းပြောဖို့လည်း စီစဉ်ထားပါတယ်။

ဇီလန်စကီးရဲ့ ခရီးစဉ် အတောအတွင်း ဗြိတိန် အစိုးရဟာ ရုရှားအပေါ် အရေးယူ ပိတ်ဆို့မှုတွေ ထပ်မံ ထုတ်ပြန်သွားမယ်လို့လည်း ယုံကြည်ရပါတယ်။

ဇီလန်စကီးဟာ ပြီးခဲ့တဲ့နှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်မှာ ရုရှားတပ်တွေက ယူကရိန်းကို ကျူးကျော် စစ်ပြုခဲ့တဲ့ အချိန်ကစပြီး ပြည်တွင်းမှာပဲ တောက်လျှောက်နီးပါး ရှိနေခဲ့ပါတယ်။ သူဟာ အဲဒီ စစ်ပွဲ ကာလအတွင်း ဗြိတိန် မတိုင်ခင်မှာ အမေရိကန် တစ်နိုင်ငံတည်းကိုပဲ နေ့တစ်ဝက်လောက် သွားရောက်ခဲ့ဖူးပါတယ်။

Public Service Announcement

Public Service Announcement

သူဟာ စစ်ပွဲစပြီး တစ်လလောက်အကြာ မတ်လမှာတုန်းက ဗြိတိန် လွှတ်တော် အမတ်တွေကို အွန်လိုင်းကနေတဆင့် မိန့်ခွန်း ပြောခဲ့ဖူးပေမယ့် အခုတစ်ကြိမ်မှာတော့ လွှတ်တော်ထဲထိ ရောက်လာတော့မှာ ဖြစ်ပါတယ်။

ဗြိတိန်ဟာ တခြား အနောက်မဟာမိတ် နိုင်ငံတွေနည်းတူ စစ်ပွဲတလျှောက် ယူကရိန်းကို စစ်လက်နက်နဲ့ ငွေကြေးတွေ ထောက်ပံ့နေခဲ့ပါတယ်။ နောက်ပြီး အနာဂတ်မှာလည်း NATO မဟာမိတ် အဖွဲ့ရဲ့ တိုက်လေယာဉ်တွေကို ယူကရိန်း လေယာဉ်မှူးတွေ မောင်းနှင်နိုင်အောင် ဗြိတိန်မှာ သင်တန်းပေးမယ့် အစီအစဉ် အသစ်တွေ ကြေညာထားပါသေးတယ်။

ဗြိတိန် အစိုးရရဲ့ အဆိုအရ ယူကရိန်း စစ်သားတွေကို ကဏ္ဍပေါင်းစုံအတွက် လေ့ကျင့်ပေးမှုတွေကို အခုနှစ်မှာ အရှိန်မြှင့်တင်ပြီး စုစုပေါင်း ယူကရိန်း စစ်သည် ၂၀၀၀၀ လောက်ထိကို လက်ခံပေးသွားမယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဆော်ဒီအာရေးဘီးယားရဲ့ ကာကွယ်ရေး ကဏ္ဍအတွက် ဝေဟင်ဆီဖြည့် အထောက်အပံ့မျိုး ကူညီပေးသွားမယ်လို့ ဗြိတိန် အစိုးရက ပြောပါတယ်။

နိုင်ငံတကာ

တစ်ညတည်းမှာတင် ဒရုန်းပေါင်း ၁၀၀၀ ကျော်ကို ယူကရိန်းက ရုရှားရဲ့ မြို့ကြီးတွေဆီ ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို အပြန်အလှန် ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ဆက်မလုပ်ဖို့ ရုရှားရော၊ ယူကရိန်းကပါ သဘောတူခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားရဲ့ လောင်စာဆီ ထုတ်လုပ်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာတွေ ရပ်တန့်ထားဖို့ ယူကရိန်း အစိုးရကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က တိုက်တွန်းလိုက်ပါတယ်။

Facebook