Connect with us

Hi, what are you looking for?

သတင်း

ထောင်ချထားသူတွေကို မိသားစုနဲ့ပေးတွေ့ဖို့ စစ်ကောင်စီကို ICRC တောင်းဆို

အဲဒီတွေ့ဆုံမှုမှာ နေရပ်စွန့်ခွာသူတွေ ကို အကူအညီပေးဖို့ နဲ့ အကျဉ်းကျနေသူတွေ မိသားစုနဲ့ ထောင်ဝင်စာတွေ့ခွင့်ရဖို့ ဆွေးနွေးတယ်လို့စစ်ကောင်စီက ဆိုထားပါတယ်။

အင်းစိန်ထောင်ရှေ့ မြင်ကွင်း(ပုံဟောင်း)
အင်းစိန်ထောင်ရှေ့ မြင်ကွင်း(ပုံဟောင်း)

ဖမ်းဆီးထောင်ချထားတဲ့သူတွေ ကို မိသားစုနဲ့ပေးတွေ့ ဖို့ အာဏာသိမ်းစစ်ကောင်စီ ဒုခေါင်းဆောင်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ (ICRC) ကနေပြည်တော်မှာသွားတွေ့ပြီး တောင်းဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က နေပြည်တော်မှာ စစ်ကောင်စီ ဒုခေါင်းဆောင်နဲ့ ICRC ရဲ့ ညွှန်ကြားရေးမှူး တို့ တွေ့ဆုံတာလို့သိရပါတယ်။

အဲဒီတွေ့ဆုံမှုမှာ နေရပ်စွန့်ခွာသူတွေ ကို အကူအညီပေးဖို့ နဲ့ အကျဉ်းကျနေသူတွေ မိသားစုနဲ့ ထောင်ဝင်စာတွေ့ခွင့်ရဖို့ ဆွေးနွေးတယ်လို့စစ်ကောင်စီက ဆိုထားပါတယ်။

ဒါပေမယ့် အဲဒီကိစ္စရပ်တွေကို ခွင့်ပြု ဖို့ ရှိ မရှိ စစ်ကောင်စီက သတင်းထုတ်ပြန်ချက်မှာ တိတိကျကျ ဖော်ပြတာမတွေ့ရပါဘူး။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ရန်ကုန်မြို့က ICRC ရုံးကလည်း စစ်ကောင်စီနဲ့တွေ့ဆုံမှုနဲ့ပတ်သက်ပြီး ထုတ်ပြန်တာမရှိသေးပါဘူး။

မြန်မာနိုင်ငံမှာကိုဗစ် စတင်ဖြစ်ချိန်ကစတင်ပြီး အကျဉ်းထောင်တွေထဲမှာ မိသားစုနဲ့ တွေ့ဆုံခွင့်ရတဲ့ ထောင်ဝင်စာကို ပိတ်ထားခဲ့တာပါ။ စစ်တပ်အာဏာသိမ်းပြီး ၂ နှစ်ကျော်လာချိန်အထိလည်း ဆက်ပိတ်ထားတာပါ။

ဒါကြောင့် မိသားစုဝင်တွေဟာ ၁၅ ရက်တစ်ကြိမ် အစားအသောက် ၊ဆေးဝါးပို့ရတဲ့ ထောင်ဝင်စာ ပါဆယ်ပဲ ပို့နေကြရတာဖြစ်ပါတယ်။

ဒါအပြင် အင်းစိန်ထောင် ထောင်ဝင်စာ ပါဆယ်ပို့ရာနေရာမှာ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက ပေါက်ကွဲမှုဖြစ်ပြီးနောက်ပိုင်း ထောင်ဝင်စာ ပါဆယ်ပို့တာကိုပါ စစ်ကောင်စီက တင်းကြပ်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Facebook